သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစၥလာမ္မစ္ေတြရဲ႕ ၿခိမ္းေျခာက္မႈကို ပါကစၥတန္သတင္းသမားေတြ ဆန္႔က်င္


(Zawgyi/Unicode)

ပါကစၥတန္ႏုိင္ငံ၊ အစၥလာမ္မာဘတ္ၿမိဳ႕ေတာ္အေျခစိုက္ ထိပ္တန္းသတင္းစာတေစာင္နဲ႔ တျခားေနရာေတြက သတင္းစာေတြကို ေထာက္ခံေၾကာင္း သတင္းေထာက္ေတြနဲ႔ လူ႔အခြင့္အေရးလႈပ္ရွားသူေတြက ၾကာသပေတးေန႔မွာ စုေဝး ဆႏၵျပၾကပါတယ္။

အဂၤလိပ္ဘာသာနဲ႔ ထုတ္ေဝတဲ့ Dawn သတင္းစာတိုက္ရဲ႕ အစၥလာမ္မာဘတ္ၿမိဳ႕ေတာ္က႐ံုးကုိ အစၥလာမ္ဝါဒီေတြ ေရာက္လာၿပီး ဝန္ထမ္းေတြကို ၿခိမ္းေျခာက္ၿပီးေတာ့ အယ္ဒီတာကို ႀကိဳးေပးကြပ္မ်က္ဖို႔ ေတာင္းဆိုခဲ့အၿပီး ရက္ပိုင္းေတြအတြင္းမွာပဲ အခုလို ေထာက္ခံဆႏၵျပၾကတာပါ။

အစၥလာမ္ဝါဒီေတြရဲ႕ အဲဒီလုပ္ရပ္ကို ၾကာသပေတးေန႔ ဆႏၵျပပြဲအတြင္း တက္ႂကြလႈပ္ရွားသူေတြနဲ႔ သတင္းေထာက္ေတြက ျပစ္တင္႐ႈတ္ခ်ၾကပါတယ္။

လန္ဒန္တံတားမွာ ဓားနဲ႔တိုက္ခိုက္သူဟာ ပါကစၥတန္ႏြယ္ဖြားျဖစ္တယ္လုိ႔ သတင္းစာကေဖာ္ျပခဲ့တဲ့အေပၚ မေက်နပ္တဲ့ အစၥလာမ္ ဝါဒီေတြက အယ္ဒီတာ Zaffar Abbas နဲ႔ ထုတ္ေဝသူ Hameed Harron တို႔ကို ႀကိဳးေပးကြပ္မ်က္ဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။

Dawn သတင္းစာ႐ံုးအျပင္မွာ အဂၤါေန႔က စုေဝးၿခိမ္းေျခာက္တဲ့ အစၥလာမ္ဝါဒီေတြကို သတင္းမီဒီယာလြတ္လပ္ခြင့္ ေစာင့္ၾကည့္ ေလ့လာတဲ့ ႏုိင္္ငံတကာအဖြဲ႔အစည္းေတြနဲ႔ ပါကစၥတန္သတင္းေထာက္ေတြက ျပစ္တင္႐ႈတ္ခ်ၾကပါတယ္။

သတင္းစာတုိက္နဲ႔ Dawn TV ႐ုပ္သံလႊင့္ဌာနေတြရွိတဲ့ အေဆာက္အဦးဝင္ေပါက္ကို အစၥလာမ္ဝါဒီေတြက ပိတ္ဆို႔ခဲ့ၾကတယ္လုိ႔ ျပစ္တင္ေဝဖန္သူေတြကေျပာပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အခုခ်ိန္ထိ ဖမ္းဆီးတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


...................

အစ္စလာမ်မစ်တွေရဲ့ ခြိမ်းခြောက်မှုကို ပါကစ္စတန်သတင်းသမားတွေ ဆန့်ကျင်

(Unicode)

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့တော်အခြေစိုက် ထိပ်တန်းသတင်းစာတစောင်နဲ့ တခြားနေရာတွေက သတင်းစာတွေကို ထောက်ခံကြောင်း သတင်းထောက်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကြာသပတေးနေ့မှာ စုဝေး ဆန္ဒပြကြပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ Dawn သတင်းစာတိုက်ရဲ့ အစ္စလာမ်မာဘတ်မြို့တော်ကရုံးကို အစ္စလာမ်ဝါဒီတွေ ရောက်လာပြီး ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီးတော့ အယ်ဒီတာကို ကြိုးပေးကွပ်မျက်ဖို့ တောင်းဆိုခဲ့အပြီး ရက်ပိုင်းတွေအတွင်းမှာပဲ အခုလို ထောက်ခံဆန္ဒပြကြတာပါ။

အစ္စလာမ်ဝါဒီတွေရဲ့ အဲဒီလုပ်ရပ်ကို ကြာသပတေးနေ့ ဆန္ဒပြပွဲအတွင်း တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေက ပြစ်တင်ရှုတ်ချကြပါတယ်။

လန်ဒန်တံတားမှာ ဓားနဲ့တိုက်ခိုက်သူဟာ ပါကစ္စတန်နွယ်ဖွားဖြစ်တယ်လို့ သတင်းစာကဖော်ပြခဲ့တဲ့အပေါ် မကျေနပ်တဲ့ အစ္စလာမ် ဝါဒီတွေက အယ်ဒီတာ Zaffar Abbas နဲ့ ထုတ်ဝေသူ Hameed Harron တို့ကို ကြိုးပေးကွပ်မျက်ဖို့ တောင်းဆိုခဲ့ကြတာပါ။

Dawn သတင်းစာရုံးအပြင်မှာ အင်္ဂါနေ့က စုဝေးခြိမ်းခြောက်တဲ့ အစ္စလာမ်ဝါဒီတွေကို သတင်းမီဒီယာလွတ်လပ်ခွင့် စောင့်ကြည့် လေ့လာတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပါကစ္စတန်သတင်းထောက်တွေက ပြစ်တင်ရှုတ်ချကြပါတယ်။

သတင်းစာတိုက်နဲ့ Dawn TV ရုပ်သံလွှင့်ဌာနတွေရှိတဲ့ အဆောက်အဦးဝင်ပေါက်ကို အစ္စလာမ်ဝါဒီတွေက ပိတ်ဆို့ခဲ့ကြတယ်လို့ ပြစ်တင်ဝေဖန်သူတွေကပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အခုချိန်ထိ ဖမ်းဆီးတာ မရှိသေးပါဘူး။

XS
SM
MD
LG