သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရင့်ဖိလစ်ပိုင် သတင်းထောက် အသရေဖျက်မှုနဲ့ ဖမ်းဆီးခံရ


ဖိလစ်ပိုင် သတင်းသမား Maria Ressa
ဖိလစ်ပိုင် သတင်းသမား Maria Ressa

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကိုဝေဖန်မှုနဲ့ ထပ်တလဲလဲ ထိပ်တိုက်တွေ့ရတဲ့ Rappler, Inc အွန်လိုင်း သတင်းဌာနတည်ထောင်သူ ဖိလစ်ပိုင် သတင်းသမား Maria Ressa ကို အသရေဖျက်မှုနဲ့ အစိုးရအေးဂျင့်တွေက ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ပါတယ်။

လူသတ်မှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတွေနဲ့ပတ်သက်နေတဲ့ စီးပွါးရေးလုပ်ငန်းရှင် တဦးက တိုင်ကြားခဲ့တဲ့နောက် အွန်လိုင်းသတင်းဌာနရဲ့ အမှုဆောင် အယ်ဒီတာလည်းဖြစ်တဲ့ Maria Ressa အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ကတော့ သူဟာ အမှားတစုံတရာ မကျူးလွန်ခဲ့ဘူးလို့ ပြောပါတယ်။ သူ့ရဲ့ တိုင်ကြားမှုနဲ့ ဖိလစ်ပိုင် တရားရေးဌာနက သူ့ကိုယ်စား အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ Duterte အစိုးရအဖွဲ့ကတော့ ဒါဟာ တိုင်ကြားမှုအတွက် လုပ်ရိုးလုပ်စဉ် လုပ်ဆောင်တာသာ ဖြစ်ကြောင်း ပြောပါတယ်။

Ressa ဟာ ၂၀၁၂ ခုတုန်းက ဒီစီးပွါးရေးလုပ်ငန်းရှင်နဲ့ပတ်သက်ပြီး သတင်းရေးသားခဲ့တာ ဖြစ်ပြီး ဒီလုပ်ငန်းရှင်ဟာ ဖိလစ်ပိုင်ရဲ့ အမြင့်ဆုံး တရားရုံး တရားသူကြီး နဲ့ ဆက်နွယ်မှုရှိတယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် သတင်းသမားများ အသင်း ကတော့ အခုလို ဖမ်းဆီးမှုဟာ အနိုင်ကျင့်လေ့ရှိတဲ့ အစိုးရရဲ့ ရှက်ဖွယ်လုပ်ရပ် အဖြစ်ရှုှုံ့ချ ခဲ့ပါတယ်။

သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး CPJ ရဲ့ ဘန်ကောက်အခြေစိုက် အဖွဲ့ကတော့ Ressa အပေါ်စွဲချက်တင်ထားတာကို ပယ်ဖျက်ပေးပြီး သူ့ကို အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

လန်ဒန်အခြေစိုက် Amnesty International လူ့အခွင့်ရေး အဖွဲ့ကလည်း အခုလို ဖမ်းဆီးထားတာဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ဖြစ်ကြောင်း ပြောဆိုပြီး ရှုံ့ချခဲ့ပါတယ်။

ဖိလစ်ပိုင် သတင်းသမား Maria Ressa
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG