[Zawgyi/Unicode]
Pakistan International Airline လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ် တစ်စင်း Karachi မြို့တော်မှာ ပျက်ကျခဲ့တာမှာ အနည်းဆုံး ခရီးသည် တစ်ယောက် အသက်ရှင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Lahore မြို့က ထွက်ခွာလာတဲ့ ခရီးသည်တင်လေယာဉ်တစင်းဟာ Karachi မြို့တော်ထဲက လူနေထူထပ်တဲ့ ရပ်ကွက်တခုအပေါ် ပျက်ကျခဲ့တာပါ။ ခရီးသည် ၉၁ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ရှစ် ယောက်ပါတဲ့ Airbus A320 အမျိုးအစား လေယာဉ်ပျက်ကျခဲ့တာလို့ Pakistan လေကြောင်းပို့ဆောင်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ပျက်ကျမှုအတွင်း Zafar Mahmood ဆိုတဲ့ ဘဏ်လုပ်ငန်းရှင်တယောက် အသက်ရှင်တယ်လို့ ပြည်နယ်အစိုးရပြောခွင့်ရထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
[Unicode Version]