သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်းခန်းရှေ့မှန်ကွဲလို့ ခန္ဓာအပေါ်ပိုင်း လေစုပ်ခံရတဲ့ တရုတ်လေယာဉ်မှူးကံ


Sichuan လေကြောင်းလိုင်း
Sichuan လေကြောင်းလိုင်း

တရုတ်နိုင်ငံ Chongqing မြို့ကနေ တိဘက်နိုင်ငံ Lhasa မြို့ကိုသွားတဲ့ Sichuan လေကြောင်းလိုင်း လေယာဉ်တစင်းရဲ့ လေယာဉ်မှူးအခန်းက ရှေ့ပြူတင်းမှန်တခုလုံး ကွဲထွက်သွားတဲ့အတွက် အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်တက်ပြီး တနာရီခွဲလောက်အကြာမှာ ရှေ့ပြူတင်းမှန် ကွဲသွားပြီး လေယာဉ်ဦးခန်းထဲမှာ ရုတ်တရက် လေဖိအားကျသွားတဲ့အတွက် ဒုတိယလေယာဉ်မှူးရဲ့ ကိုယ်တပိုင်းလောက် အပြင်ကိုစုပ်ယူခံရသလို ထွက်သွားခဲ့ပေမဲ့ အထဲကိုပြန်ရောက်အောင်လုပ်နိုင်ခဲ့ပါတယ်။ ဒုလေယာဉ်မှူးကိုယ်မှာ ခြစ်ရာတချို့နဲ့ လက်ကောက်ဝတ်တဖက် အဆစ်လွဲသွားတာကလွဲလို့ တခြားကြီးကြီးမားမားဒဏ်ရာ မရခဲ့ပါဘူး။

အဲဒီလိုဖြစ်ခဲ့တဲ့အတွက် လေယာဉ်မှူးက ပေ ၃ သောင်း ၂ ထောင်လောက်ကနေ လေယာဉ်ကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်စက်တွေအလုပ်မလုပ်တော့ပေမဲ့ Airbus A319 လေယာဉ်ကို လက်နဲ့ထိန်းပြီးဆက်းခဲ့ရတာပါ။ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၁၁၉ ယောက်လုံး ထိခိုက်ဒဏ်ရာရမှု မရှိဘဲ Chengdu မြို့မှာ ဆင်းသက်နိုင်ခဲ့တာကြောင့် လေယာဉ်မှူးကို လူမှုကွန်ယက်ပေါ်မှာ ချီးကျူးနေကြပါတယ်။ April လတုန်းကလည်း အမေရိကန်က Southwest လေကြောင်းလိုင်းလေယာဉ်တစင်းရဲ့ အင်ဂျင် လေထဲမှာပေါက်ကွဲခဲ့ပြီး လေယာဉ်မှန်တချပ်ကွဲသွားခဲ့လို့ ခရီးသည်အမျိုးသမီးတယောက် ကိုယ်တပိုင်းလောက် လေထဲကို စုပ်ယူခံရသလို ဖြစ်ခဲ့ပါသေးတယ်။ သူ့ကို တခြားခရီးသည်တွေက ပြန်ဆွဲထားနိုင်ခဲ့ပေမဲ့ အဲဒီအမျိုးသမီး အသက်ဆုံးရှုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG