သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ ရထားတွဲတွေကို COVID-19 ကုသဆောင်တွေအဖြစ် ပြောင်းလဲ


(Zawgyi/Unicode)

ပါကစ္စတန် နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြောင့် ရထား ပြေးဆွဲမှုတွေ ရပ်ပစ်ခဲ့တဲ့နောက် အအေးခန်းပါ အိပ်စင်တွေနဲ့ အထူးတန်း ရထားတွဲတွေကို COVID-19 ရောဂါ အကူးစက်ခံရသူ တွေကို ကုသပေးမယ့် ဆေးကုဌာန တွေအဖြစ် ပြောင်းလဲဖို့ စတင်လုပ်ဆောင် နေပါပြီ။

ဒီရထားတွဲတွေမှာ တတွဲကို လူနာ ၃၆ ယောက် လောက် ထားနိုင် သလို သီးခြားခွဲ ထားနိုင်တဲ့ သီးသန့်ခန်းတွေပါ လုပ်နိုင်တယ်လို့ ပါကစ္စတန် ရထားပို့ဆောင်ရေးဌာန ဆရာဝန် ဒေါက်တာ Abdula Samad က အေပီ သတင်းဌာန ကိုပြောပါတယ်။ ဒါကြောင့် တွဲပေါင်း ၂၂၀ ကို လူနာ ၂၀၀၀ လောက် အထိ ထားနိုင်တဲ့ ဆေးကုသရေး ဆောင် တွေ အဖြစ် ပြောင်းပေးခဲ့တယ်လို့ ရထား ကုမ္ပဏီက ပြောပါတယ်။

ဒီ ယာယီဆေးရုံ အဖြစ်ပြောင်းထားတဲ ရထားတွဲတွေကို နိုင်ငံတွင်းက ကျန်းမာရေး ကုသမှု အတွက် နေရာ အခက်အခဲ ဖြစ်နေတဲ့ ရထားလမ်း ပေါက်တဲ့ ဘယ်ဒေသ ကိုမဆို ပို့ပေးမှာ ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီး Shaikh Rashid Amad က သတင်းထောက် တွေကို ပြောပါတယ်။

ပါကစ္စတန်မှာ အင်္ဂါနေ့ အထိ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၁၈၀၀ ကျော် ရှိနေပြီး သေဆုံးသူက ၂၅ ယောက် ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)





XS
SM
MD
LG