သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ Social Distancing ဧၿပီလကုန္ အထိ ျပဳလုပ္ဖုိ႔ သမၼတ Trump ေျပာ


သမၼတ Donald Trump

(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စုမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မႈေၾကာင့္ ေသဆံုးသူ အေရအတြက္က လာမယ့္ ရက္ေတြ သီတင္းပတ္ေတြ အတြင္း သိသိသာ တိုးလာႏုိင္ၿပီး ဒီဗိုင္းရပ္စ္ဟာဆိုရင္ ဆိုးရြားလွတဲ႔ ကပ္ေဘးႀကီး အျဖစ္ သမၼတ Donald Trump က တနလာၤေန႔မွာ ေျပာဆိုလုိက္ပါတယ္။

လာမယ့္ ဧၿပီလ ၃၀ ရက္ေန႔ အထိ အေမရိကန္ေတြ အေနနဲ႔ Social Distancing - အကြာအေ၀း တခုျခားၿပီး ခပ္ခြာခြာ ေနၾကဖို႔ တိုက္တြန္းလိုက္ၿပီးေနာက္ နာရီပိုင္းအၾကာ Fox &Friends ရုပ္သံအစီအစဥ္မွာ သမၼတ Trump က ေသဆံုးမႈက တိုးလာဦးမွာ ျဖစ္ၿပီး အဲဒီေနာက္ ျပန္လည္ ေလ်ာ့က်လာၿပီး အေျခအေန ေကာင္းလာမွာပါလို႔ ေျပာဆိုခဲ႔ပါတယ္။

ဇြန္လ ၁ ရက္ေန႔ အေရာက္မွာေတာ့ ေသဆံုးမႈႏႈန္း က်လာမယ္လို႔ ယူဆေၾကာင္း ေျပာဆိုခဲ႔ပါတယ္။ ႏုိင္ငံ႔ အေရးကို သူ႔ထက္ စိတ္ပူမယ့္သူ မရွိဘူးလို႔လည္း သမၼတ Trump က ေျပာပါတယ္။ အေမရိကန္မွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လက္ရွိမွာ လူေပါင္း ၂,၄၀၀ ေလာက္ ေသဆံုးခဲ႔ရၿပီး၊ အခု ေသဆံုးမႈႏႈန္းနဲ႔ အဆ ၅၀ ေလာက္ ရွိတဲ႔ လူေပါင္း ၁၀၀,၀၀၀ နဲ႔ အထက္ ေသဆံုးႏုိင္တယ္လို႔လည္း က်န္းမာေရးဆိုင္ရာ ကြ်မ္းက်င္သူေတြက ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

COVID-19 ကြောင့် Social Distancing ဧပြီလကုန် အထိ ပြုလုပ်ဖို့ သမ္မတ Trump ပြော

(Unicode)

အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် သေဆုံးသူ အရေအတွက်က လာမယ့် ရက်တွေ သီတင်းပတ်တွေ အတွင်း သိသိသာ တိုးလာနိုင်ပြီး ဒီဗိုင်းရပ်စ်ဟာဆိုရင် ဆိုးရွားလှတဲ့ ကပ်ဘေးကြီး အဖြစ် သမ္မတ Donald Trump က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။

လာမယ့် ဧပြီလ ၃၀ ရက်နေ့ အထိ အမေရိကန်တွေ အနေနဲ့ Social Distancing - အကွာအဝေး တခုခြားပြီး ခပ်ခွာခွာ နေကြဖို့ တိုက်တွန်းလိုက်ပြီးနောက် နာရီပိုင်းအကြာ Fox &Friends ရုပ်သံအစီအစဉ်မှာ သမ္မတ Trump က သေဆုံးမှုက တိုးလာဦးမှာ ဖြစ်ပြီး အဲဒီနောက် ပြန်လည် လျော့ကျလာပြီး အခြေအနေ ကောင်းလာမှာပါလို့ ပြောဆိုခဲ့ပါတယ်။

ဇွန်လ ၁ ရက်နေ့ အရောက်မှာတော့ သေဆုံးမှုနှုန်း ကျလာမယ်လို့ ယူဆကြောင်း ပြောဆိုခဲ့ပါတယ်။ နိုင်ငံ့ အရေးကို သူ့ထက် စိတ်ပူမယ့်သူ မရှိဘူးလို့လည်း သမ္မတ Trump က ပြောပါတယ်။ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိမှာ လူပေါင်း ၂,၄၀၀ လောက် သေဆုံးခဲ့ရပြီး၊ အခု သေဆုံးမှုနှုန်းနဲ့ အဆ ၅၀ လောက် ရှိတဲ့ လူပေါင်း ၁၀၀,၀၀၀ နဲ့ အထက် သေဆုံးနိုင်တယ်လို့လည်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG