သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေရာဂါ ေသဆံုးမႈအမ်ားဆံုး အီတလီေရာက္ ျမန္မာေတြရဲ႕ အေတြ႕အႀကံဳ


အီတလီ မွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးသူေတြရဲ႕အေလာင္းေတြ မီးမရွဳိခင္ ဆုေတာင္းေပးဖို႔ ခရစ္ယာန္ဘုရားရွစ္ခိုးေက်ာင္း ကုိသယ္လာတဲ့ အီတလီစစ္သားမ်ား
တိုက္႐ိုက္ လင့္ခ္

COVID-19 ေၾကာင့္ေသဆံုးသူအေရအတြက္ ၁၀,၀၀၀ ထိရွိလာေနတဲ့ အီတလီႏိုင္ငံမွာ အေလာင္းေတြကို မီးရွဳိ႕သၿဂိဳလ္ႏိုင္ေရး ႀကီးမားတဲ့အခက္အခဲေတြကို ရင္ဆိုင္ေနရပါတယ္။ အထူးသျဖင့္ ကူးစက္မႈ ဗဟိုအခ်က္အခ်ာျဖစ္ခဲ့တဲ့ ေျမာက္ပိုင္း Lombardia ေဒသမွာ အေလာင္းေတြ အလြန္မ်ားေနတဲ့အတြက္ စစ္တပ္ အကူအညီနဲ႔ နီးစပ္ရာၿမိဳ႕ေတြကိုပို႔ေနရေၾကာင္း အဲဒီမွာ ေနထိုင္တဲ့ ျမန္မာႏြယ္ဖြားတဦးက ဗီြအိုေအကို ေျပာပါတယ္။
ဒီအေတာအတြင္း ကမၻာ့ကပ္ေရာဂါႀကီးကို ဆိုးဆိုးရြားရြားရင္ဆိုင္ေနရတဲ့ အီတလီျပည္သူေတြကို အေရးေပၚ အကူအညီေတြေပးၾကဖို႔လည္း ပုပ္ရဟန္းမင္းႀကီး Francis ကိုယ္တိုင္ မတၱာရပ္ခံထားတယ္လို႔ ဗာတီကန္ နန္းေတာ္မွာ သာသနာျပဳေနတဲ့ ျမန္မာ သီလရွင္တဦးက ေျပာပါတယ္။
မအင္ၾကင္းႏိုင္က စုစည္းတင္ျပမွာပါ။

ကူးစက္မႈအဆိုးဆံုးျဖစ္ခဲ့တဲ့ အီတလီေျမာက္ပိုင္းမွာ ေရာဂါေၾကာင့္ေသဆံုးတဲ့ အေလာင္းေတြ အစုလိုက္အၿပံဳလိုက္ျဖစ္လာေနတဲ့အတြက္ ၿမိဳ႕ေတြမွာ မီးရွဳိ႕သၿဂိဳလ္ေရးမွာ အခက္အခဲေတြ႕ေနရပံုကို Bergamo ၿမိဳ႕မွာ ေနထိုင္ေနတဲ့ ကိုထြန္းျမတ္စိန္က ဗီြအိုေအကို အခုလိုေျပာပါတယ္။
"ဒီလိုဗ်၊ က်ေနာ္တို႔ Bergamo ၿမိဳ႕မွာ ရွိတဲ့ မီးသၿဂိဳလ္တဲ့ေနရာ အေရအတြက္ ဘယ္ႏွစ္ခုရွိလဲ ဆိုတာ က်ေနာ္မသိပါဘူး။ က်ေနာ္သူငယ္ခ်င္း ေျပာျပခ်က္အရဆိုရင္ တၿမိဳ႕လံုးမွာရွိတဲ့ သၿဂိဳလ္တဲ့ စက္အားလံုးေပါင္းက တေန႕လံုး တေလာင္းၿပီး တေလာင္းသၿဂိဳလ္မယ္ဆိုရင္ တေန႕ကို အေလာင္းေပါင္း ၁၂၀ ပဲသၿဂိဳလ္ႏိုင္တယ္လို႔ ေျပာပါတယ္။ အဲဒီထက္ ေက်ာ္လာတဲ့အခါက်ေတာ့ သၿဂိဳလ္ဖို႔ အခ်ိန္မမွီေတာ့ပါဘူး။ အဲေတာ့ သၿဂိဳလ္မယ့္ အေလာင္းေတြက ေစာင့္ေနရတာေပါ့ေနာ္။ အဲဒီအခါက်ေတာ့ သူတို႔ စစ္တပ္ကို အကူအညီေတာင္းတယ္။ စစ္တပ္ကေနၿပီးေတာ့ အကာအကြယ္ ၀တ္စံုအျပည့္နဲ႔ သူတို႔နီးစပ္ရာ ၿမိဳ႕ေတြမွာရွိတဲ့ သၿဂိဳလ္စက္ေတြကို ပို႔တယ္။ သၿဂိဳလ္ၿပီးတဲ့အခါက်ေတာ့ သူတို႔ရဲ႕ ထံုးတမ္းစဥ္လာအရ တခ်ဳိ႕ေတြက မေသခင္မွာ က်မ္းစာဖတ္တာတို႔၊ ေသခါနီးမွာ မိသားစုကလည္း ေတြ႕ခ်င္တယ္၊ ဒါေပမဲ့ အဲဒါေတြက က်န္းမာေရး စည္းကမ္းေတြအရ ေတြ႕ခြင့္မရဘူး။ က်မ္းစာကိုေတာ့ သူတို႔ ဖတ္ေပးတယ္လို႔ ေျပာပါတယ္။ အရိုးျပာေတြကိုလည္း စနစ္တက်ယူေပးပါတယ္။ ေနာက္မွာပဲ လူနာရွင္ မိသားစုရဲ႕လက္ထဲကို ျပန္ပို႔ေပးမယ္လို႔ ဆိုတယ္။ အခုခိ်န္မွာေတာ့ သူတို႔ သာသနာျပဳ ဘုန္းႀကီးေတြရဲ႕ လက္ထဲမွာပဲ တာ၀န္ယူၿပီး အရိုးျပာေတြကို ထိန္းသိမ္းထားပါတယ္။"

ေမး။ ။ အဲေတာ့ အီတလီႏိုင္ငံမွာ ေသဆံုးသူအေရအတြက္ ဘာေၾကာင့္ အဲဒီေလာက္ထိ မ်ားသြားတာလဲရွင့္။

ေျဖ။ ။ ဒီလိုျဖစ္တာဗ်။ စျဖစ္လာတဲ့ အေျခအေနကို ေျပာရရင္ သက္ႀကီးရြယ္အိုေတြ အျဖစ္မ်ားသြားတယ္။ အျဖစ္မ်ားသြားတဲ့ အခ်ိန္မွာ က်ေနာ္တို႔ သတင္းဖတ္ရသေလာက္က အေရးေပၚလူနာ ကုတင္ အေရအတြက္က ၅,၀၀၉ ခုေလာက္ပဲရွိတယ္လို႔ သိရတယ္။ အခုခ်ိန္မွာက ကူးစက္ခံရသူနဲ႔ ေစာင့္ၾကည့္လူနာေပါင္း အေရအတြက္က ေသာင္းေက်ာ္ေနၿပီ။ အဲေတာ့ ေနာက္ဆံုးဆရာ၀န္ေတြက ဆံုးျဖတ္တယ္။ တိုက္ပဲြတခုလိုပဲ၊ စစ္ေျမျပင္အျဖစ္သတ္မွတ္ၿပီးေတာ့ ဘယ္သူ႔ကို ကယ္ရင္၊ ျပန္ေခၚလာႏိုင္ရင္ ေကာင္းမယ္၊ ဘယ္သူ႔ကိုေတာ့ ႀကိဳးစားေပမဲ့လည္း လက္လႊတ္ရမွာပဲ ဆိုၿပီး ဆံုးျဖတ္တဲ့အခ်ိန္မွာ အီတလီကေန သတင္းဆိုးထြက္သြားပါတယ္။ အသက္ (၈၀)ေက်ာ္အထက္ကို သူတို႔ေတြ လက္လႊတ္လိုက္ၾကတယ္လို႔ ေျပာတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ေတြ႕ရဲ႕ ခႏၶာကိုယ္ ႀကံခိုင္မႈ အရမ္းနည္းတယ္၊ ေရာဂါအခံေတာ္ေတာ္မ်ားမ်ားကလည္း သူတို႔မွာရွိေနပါတယ္။ အဲဒီလို ေရြးခ်ယ္ လက္လႊတ္လိုက္ရတဲ့အတြက္ အေသအေပ်ာက္ႏႈန္းဟာ အရမ္းကို ျမင့္တက္သြားတာျဖစ္ပါတယ္။ ေနာက္ပိုင္းေတြမွာလည္း လူငယ္ေတြမွာပါ ဒီေရာဂါကို ေတြ႕ရတဲ့အတြက္ အဲဒါနဲ႔ပတ္သက္တဲ့ အေျဖကိုေတာ့ က်ေနာ္တို႔ မသိရပါဘူး။"


အီတလီမွာ ေသဆံုးသူေတြထဲ ကက္သလစ္ ခရစ္ယာန္ မယ္သီလရွင္ေတြလည္း ရွိေနၿပီး အခုဆိုရင္ ဗာတီကန္နန္းေတာ္မွာလည္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္သူ တခ်ဳိ႕ရွိလာေနတဲ့အတြက္ အေျခအေနေတြကို စိုးရိမ္ေနရတယ္လို႔ စိန္႔ဂ်ဳိးဇက္ ဘုရားေက်ာင္းက ျမန္မာႏုိင္ငံသူ သီလရွင္ Margarita က ဗီြအိုေအကိုေျပာပါတယ္။


"ဗာတီကန္မွာ က်မတို႔ စိုးရိမ္တာေပါ့။ ဗာတီကန္းနန္းေတာ္ထဲမွာ ကူးစက္သူ ငါးဦးေတြ႕တယ္ဆိုေတာ့ေလ။ ဒါေပမယ့္ ပုပ္ရဟန္းမင္းႀကီးကေတာ့ negative ဆိုေတာ့ က်မတို႔ စိတ္သက္သာရာေတာ့ ရပါတယ္။ ဗာတီကန္မွာရွိတဲ့ ဂရုဏာ ကူညီေရးရံုးေတာ္ကို လူအမ်ားႀကီးက ဖုန္းဆက္ၿပီးေတာ့ အေၾကာင္းၾကားတယ္။ သူတို႔ ဘယ္ေလာက္ ဒုကၡေရာက္သလဲ၊ စားစရာမရွိေတာ့ဘူး။ ပိုက္ဆံမရွိေတာ့ဘူး။ သားသမီးေတြကို ေကြ်းဖို႔ မရွိေတာ့ဘူး စသျဖင့္ေပါ့။ သူမ်ားေတြရဲ႕ ငိုေၾကြးသံေတြကို ပုပ္ရဟန္းမင္းႀကီးကလည္း ဒါေတြကို သိၿပီး ၾသ၀ါဒေပးတဲ့အခ်ိန္မွာ အစိုးရ ေတြအေနနဲ႔ အကူအညီေတြေပးဖို႔ ပန္ၾကားထားပါတယ္။"


လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း အီတလီမွာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူေပါင္း ၈၁၂ ဦးရွိခဲ့တဲ့အတြက္ စုစုေပါင္း ေသဆံုးသူအေရအတြက္ဟာ တေသာင္းေက်ာ္ရွိသြားပါၿပီ။ ဒါေပမယ္လို႔ ကူးစက္တဲ့ႏႈန္းက်ဆင္းခဲ့ၿပီး လက္ရွိကူးစက္ခံရသူ တသိန္းထဲမွာ ေနာက္ထပ္ကူးစက္ခံရသူ ေလးေထာင္ေက်ာ္ပဲရွိခဲ့တယ္လို႔ အီတလီ အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

-------------------------------

ကိုဗစ်ရောဂါ သေဆုံးမှုအများဆုံး အီတလီရောက် မြန်မာတွေရဲ့ အတွေ့အကြုံ

COVID-19 ကြောင့်သေဆုံးသူအရေအတွက် ၁၀,၀၀၀ ထိရှိလာနေတဲ့ အီတလီနိုင်ငံမှာ အလောင်းတွေကို မီးရှို့သဂြိုလ်နိုင်ရေး ကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် ကူးစက်မှု ဗဟိုအချက်အချာဖြစ်ခဲ့တဲ့ မြောက်ပိုင်း Lombardia ဒေသမှာ အလောင်းတွေ အလွန်များနေတဲ့အတွက် စစ်တပ် အကူအညီနဲ့ နီးစပ်ရာမြို့တွေကိုပို့နေရကြောင်း အဲဒီမှာ နေထိုင်တဲ့ မြန်မာနွယ်ဖွားတဦးက ဗွီအိုအေကို ပြောပါတယ်။
ဒီအတောအတွင်း ကမ္ဘာ့ကပ်ရောဂါကြီးကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရတဲ့ အီတလီပြည်သူတွေကို အရေးပေါ် အကူအညီတွေပေးကြဖို့လည်း ပုပ်ရဟန်းမင်းကြီး Francis ကိုယ်တိုင် မတ္တာရပ်ခံထားတယ်လို့ ဗာတီကန် နန်းတော်မှာ သာသနာပြုနေတဲ့ မြန်မာ သီလရှင်တဦးက ပြောပါတယ်။
မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ကူးစက်မှုအဆိုးဆုံးဖြစ်ခဲ့တဲ့ အီတလီမြောက်ပိုင်းမှာ ရောဂါကြောင့်သေဆုံးတဲ့ အလောင်းတွေ အစုလိုက်အပြုံလိုက်ဖြစ်လာနေတဲ့အတွက် မြို့တွေမှာ မီးရှို့သဂြိုလ်ရေးမှာ အခက်အခဲတွေ့နေရပုံကို Bergamo မြို့မှာ နေထိုင်နေတဲ့ ကိုထွန်းမြတ်စိန်က ဗွီအိုအေကို အခုလိုပြောပါတယ်။
"ဒီလိုဗျ၊ ကျနော်တို့ Bergamo မြို့မှာ ရှိတဲ့ မီးသဂြိုလ်တဲ့နေရာ အရေအတွက် ဘယ်နှစ်ခုရှိလဲ ဆိုတာ ကျနော်မသိပါဘူး။ ကျနော်သူငယ်ချင်း ပြောပြချက်အရဆိုရင် တမြို့လုံးမှာရှိတဲ့ သဂြိုလ်တဲ့ စက်အားလုံးပေါင်းက တနေ့လုံး တလောင်းပြီး တလောင်းသဂြိုလ်မယ်ဆိုရင် တနေ့ကို အလောင်းပေါင်း ၁၂၀ ပဲသဂြိုလ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီထက် ကျော်လာတဲ့အခါကျတော့ သဂြိုလ်ဖို့ အချိန်မမှီတော့ပါဘူး။ အဲတော့ သဂြိုလ်မယ့် အလောင်းတွေက စောင့်နေရတာပေါ့နော်။ အဲဒီအခါကျတော့ သူတို့ စစ်တပ်ကို အကူအညီတောင်းတယ်။ စစ်တပ်ကနေပြီးတော့ အကာအကွယ် ဝတ်စုံအပြည့်နဲ့ သူတို့နီးစပ်ရာ မြို့တွေမှာရှိတဲ့ သဂြိုလ်စက်တွေကို ပို့တယ်။ သဂြိုလ်ပြီးတဲ့အခါကျတော့ သူတို့ရဲ့ ထုံးတမ်းစဉ်လာအရ တချို့တွေက မသေခင်မှာ ကျမ်းစာဖတ်တာတို့၊ သေခါနီးမှာ မိသားစုကလည်း တွေ့ချင်တယ်၊ ဒါပေမဲ့ အဲဒါတွေက ကျန်းမာရေး စည်းကမ်းတွေအရ တွေ့ခွင့်မရဘူး။ ကျမ်းစာကိုတော့ သူတို့ ဖတ်ပေးတယ်လို့ ပြောပါတယ်။ အရိုးပြာတွေကိုလည်း စနစ်တကျယူပေးပါတယ်။ နောက်မှာပဲ လူနာရှင် မိသားစုရဲ့လက်ထဲကို ပြန်ပို့ပေးမယ်လို့ ဆိုတယ်။ အခုချိန်မှာတော့ သူတို့ သာသနာပြု ဘုန်းကြီးတွေရဲ့ လက်ထဲမှာပဲ တာဝန်ယူပြီး အရိုးပြာတွေကို ထိန်းသိမ်းထားပါတယ်။"

မေး။ ။ အဲတော့ အီတလီနိုင်ငံမှာ သေဆုံးသူအရေအတွက် ဘာကြောင့် အဲဒီလောက်ထိ များသွားတာလဲရှင့်။

ဖြေ။ ။ ဒီလိုဖြစ်တာဗျ။ စဖြစ်လာတဲ့ အခြေအနေကို ပြောရရင် သက်ကြီးရွယ်အိုတွေ အဖြစ်များသွားတယ်။ အဖြစ်များသွားတဲ့ အချိန်မှာ ကျနော်တို့ သတင်းဖတ်ရသလောက်က အရေးပေါ်လူနာ ကုတင် အရေအတွက်က ၅,၀၀၉ ခုလောက်ပဲရှိတယ်လို့ သိရတယ်။ အခုချိန်မှာက ကူးစက်ခံရသူနဲ့ စောင့်ကြည့်လူနာပေါင်း အရေအတွက်က သောင်းကျော်နေပြီ။ အဲတော့ နောက်ဆုံးဆရာဝန်တွေက ဆုံးဖြတ်တယ်။ တိုက်ပွဲတခုလိုပဲ၊ စစ်မြေပြင်အဖြစ်သတ်မှတ်ပြီးတော့ ဘယ်သူ့ကို ကယ်ရင်၊ ပြန်ခေါ်လာနိုင်ရင် ကောင်းမယ်၊ ဘယ်သူ့ကိုတော့ ကြိုးစားပေမဲ့လည်း လက်လွှတ်ရမှာပဲ ဆိုပြီး ဆုံးဖြတ်တဲ့အချိန်မှာ အီတလီကနေ သတင်းဆိုးထွက်သွားပါတယ်။ အသက် (၈၀)ကျော်အထက်ကို သူတို့တွေ လက်လွှတ်လိုက်ကြတယ်လို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေ့ရဲ့ ခန္ဓာကိုယ် ကြံခိုင်မှု အရမ်းနည်းတယ်၊ ရောဂါအခံတော်တော်များများကလည်း သူတို့မှာရှိနေပါတယ်။ အဲဒီလို ရွေးချယ် လက်လွှတ်လိုက်ရတဲ့အတွက် အသေအပျောက်နှုန်းဟာ အရမ်းကို မြင့်တက်သွားတာဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း လူငယ်တွေမှာပါ ဒီရောဂါကို တွေ့ရတဲ့အတွက် အဲဒါနဲ့ပတ်သက်တဲ့ အဖြေကိုတော့ ကျနော်တို့ မသိရပါဘူး။"
အီတလီမှာ သေဆုံးသူတွေထဲ ကက်သလစ် ခရစ်ယာန် မယ်သီလရှင်တွေလည်း ရှိနေပြီး အခုဆိုရင် ဗာတီကန်နန်းတော်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တချို့ရှိလာနေတဲ့အတွက် အခြေအနေတွေကို စိုးရိမ်နေရတယ်လို့ စိန့်ဂျိုးဇက် ဘုရားကျောင်းက မြန်မာနိုင်ငံသူ သီလရှင် Margarita က ဗွီအိုအေကိုပြောပါတယ်။
"ဗာတီကန်မှာ ကျမတို့ စိုးရိမ်တာပေါ့။ ဗာတီကန်းနန်းတော်ထဲမှာ ကူးစက်သူ ငါးဦးတွေ့တယ်ဆိုတော့လေ။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးကတော့ negative ဆိုတော့ ကျမတို့ စိတ်သက်သာရာတော့ ရပါတယ်။ ဗာတီကန်မှာရှိတဲ့ ဂရုဏာ ကူညီရေးရုံးတော်ကို လူအများကြီးက ဖုန်းဆက်ပြီးတော့ အကြောင်းကြားတယ်။ သူတို့ ဘယ်လောက် ဒုက္ခရောက်သလဲ၊ စားစရာမရှိတော့ဘူး။ ပိုက်ဆံမရှိတော့ဘူး။ သားသမီးတွေကို ကျွေးဖို့ မရှိတော့ဘူး စသဖြင့်ပေါ့။ သူများတွေရဲ့ ငိုကြွေးသံတွေကို ပုပ်ရဟန်းမင်းကြီးကလည်း ဒါတွေကို သိပြီး သြဝါဒပေးတဲ့အချိန်မှာ အစိုးရ တွေအနေနဲ့ အကူအညီတွေပေးဖို့ ပန်ကြားထားပါတယ်။"
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၈၁၂ ဦးရှိခဲ့တဲ့အတွက် စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ တသောင်းကျော်ရှိသွားပါပြီ။ ဒါပေမယ်လို့ ကူးစက်တဲ့နှုန်းကျဆင်းခဲ့ပြီး လက်ရှိကူးစက်ခံရသူ တသိန်းထဲမှာ နောက်ထပ်ကူးစက်ခံရသူ လေးထောင်ကျော်ပဲရှိခဲ့တယ်လို့ အီတလီ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG