(Zawgyi / Unicode)
ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ မရွိေစဖို႔ သတိေပးခ်က္ေတြကို လ်စ္လ်ဴ႐ႈၿပီး ႏိုင္ငံအမ်ားအျပားမွာ လူမည္းေတြရဲ႕ အသက္ကိုလည္း တန္ဖိုးထားပါ ဆိုတဲ့ Black Lives Matter လႈပ္ရွားမႈေတြ လုပ္ေနၾကပါတယ္။
အေမရိကန္ႏုိင္ငံမွာ လူမည္းအမ်ိဳးသား George Floyd လူျဖဴရဲ ဖမ္းဆီးမႈနဲ႔ ေသဆံုးခဲ့ရတာအတြက္ ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒ္နီနဲ႔ မဲလ္ဘုန္း အပါအဝင္ ၿမိဳ႕ႀကီးေတြမွာေရာ ၿမိဳ႕ငယ္ကေလးေတြမွာပါ ကပ္ေရာဂါဆိုင္ရာ တားျမစ္မႈေတြ ထုတ္ျပန္ထားတဲ့ၾကားက ဆႏၵျပမႈေတြ ရွိခဲ့ပါတယ္။ သူတို႔ႏိုင္ငံမွာ ဌာေနတိုင္းရင္းသားေတြလည္း ဒီအတိုင္း ခံစားေနရတယ္ဆိုၿပီး ဆႏၵျပခဲ့ၾကတာပါ။
ကို႐ုိနာဗုိင္းရပ္စ္အတြက္ သတိေပးခ်က္ေတြ ထုတ္ျပန္ထားတဲ့ ၿဗိတိန္ႏို္င္ငံမွာလည္း လန္ဒန္၊ မန္ခ်က္စတာနဲ႔ Leichester ၿမိဳ႕ႀကီးေတြမွာ ေရာဂါကာကြယ္ဖုိ႔ ႏွာေခါင္းစည္းေတြတပ္ၿပီး ဆႏၵျပခဲ့ၾကသလို ကေနဒါ၊ ဂ်ာမနီနဲ႔ ဇင္ဘာေဘြ အပါအဝင္ ႏုိင္ငံအမ်ားအျပား ၿမိဳ႕ႀကီးေတြမွာလည္း ခြဲျခားဆက္ဆံမႈကို ဆန္႔က်င္တဲ့အေနနဲ႔ ဆႏၵျပခဲ့ၾကပါတယ္။
တခ်ိန္တည္းမွာပဲ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက ႏွာေခါင္းစည္းတပ္ဆင္ဖုိ႔ အႀကံေပးခ်က္ကို ေျပာင္းလဲထုတ္ျပန္ခဲ့ၿပီး COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈ က်ယ္က်ယ္ျပန္႔ျပန္႔ရိွေနတဲ့ ေနရာနဲ႔ လူခ်င္း ခပ္ခြာခြာေနဖို႔ ခက္တဲ့ ေနရာေတြမွာ ႏွာေခါင္းစည္း တပ္သင့္တယ္လုိ႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ကမာၻတလႊား ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူဟာ စေနေန႔မွာ ၆,၈၀၀,၀၀၀ ေက်ာ္ ရွိေနၿပီး ေသဆံုးရသူက ၃၆၂,၆၇၈ ရွိေနၿပီလို႔ အေမရိကန္ Johns Hopkins တကၠသိုလ္စစ္တမ္းမွာ ေဖာ္ျပပါတယ္။
အေမရိကန္ႏုိင္ငံမွာေတာ့ ကူးစက္ခံရသူ ၂ သန္းနီးပါးနဲ႔ ေသဆံုးရသူက ၁၀၀,၀၀၀ ေက်ာ္ ရွိေနပါၿပီ။
ကူးစက္မႈ ဒုတိယအမ်ားဆံုးက ဘရာဇီးျဖစ္ၿပီး တတိယက ႐ုရွားနဲ႔ ၿဗိတိန္က စတုတၳအမ်ားဆံုး ျဖစ္သလို အခုဆို အိႏၵိယက ပၪၥမအမ်ားဆံုး အကူးစက္ခံေနရတာ ျဖစ္ပါတယ္။
------------------------------
(Unicode)
ကမ္ဘာတလွှား COVID-19 အရေး သတိပေးထားပေမယ့် ဆန္ဒပြပွဲတွေ ပြင်းထန်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မရှိစေဖို့ သတိပေးချက်တွေကို လျစ်လျူရှုပြီး နိုင်ငံအများအပြားမှာ လူမည်းတွေရဲ့ အသက်ကိုလည်း တန်ဖိုးထားပါ ဆိုတဲ့ Black Lives Matter လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။
အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသား George Floyd လူဖြူရဲ ဖမ်းဆီးမှုနဲ့ သေဆုံးခဲ့ရတာအတွက် သြစတြေးလျနိုင်ငံ ဆစ်ဒ်နီနဲ့ မဲလ်ဘုန်း အပါအဝင် မြို့ကြီးတွေမှာရော မြို့ငယ်ကလေးတွေမှာပါ ကပ်ရောဂါဆိုင်ရာ တားမြစ်မှုတွေ ထုတ်ပြန်ထားတဲ့ကြားက ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ သူတို့နိုင်ငံမှာ ဌာနေတိုင်းရင်းသားတွေလည်း ဒီအတိုင်း ခံစားနေရတယ်ဆိုပြီး ဆန္ဒပြခဲ့ကြတာပါ။
ကိုရိုနာဗိုင်းရပ်စ်အတွက် သတိပေးချက်တွေ ထုတ်ပြန်ထားတဲ့ ဗြိတိန်နိုင်ငံမှာလည်း လန်ဒန်၊ မန်ချက်စတာနဲ့ Leichester မြို့ကြီးတွေမှာ ရောဂါကာကွယ်ဖို့ နှာခေါင်းစည်းတွေတပ်ပြီး ဆန္ဒပြခဲ့ကြသလို ကနေဒါ၊ ဂျာမနီနဲ့ ဇင်ဘာဘွေ အပါအဝင် နိုင်ငံအများအပြား မြို့ကြီးတွေမှာလည်း ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နှာခေါင်းစည်းတပ်ဆင်ဖို့ အကြံပေးချက်ကို ပြောင်းလဲထုတ်ပြန်ခဲ့ပြီး COVID-19 ကူးစက်ပျံ့နှံ့မှု ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ နေရာနဲ့ လူချင်း ခပ်ခွာခွာနေဖို့ ခက်တဲ့ နေရာတွေမှာ နှာခေါင်းစည်း တပ်သင့်တယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ စနေနေ့မှာ ၆,၈၀၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးရသူက ၃၆၂,၆၇၈ ရှိနေပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ်စစ်တမ်းမှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ကူးစက်ခံရသူ ၂ သန်းနီးပါးနဲ့ သေဆုံးရသူက ၁၀၀,၀၀၀ ကျော် ရှိနေပါပြီ။
ကူးစက်မှု ဒုတိယအများဆုံးက ဘရာဇီးဖြစ်ပြီး တတိယက ရုရှားနဲ့ ဗြိတိန်က စတုတ္ထအများဆုံး ဖြစ်သလို အခုဆို အိန္ဒိယက ပဉ္စမအများဆုံး အကူးစက်ခံနေရတာ ဖြစ်ပါတယ်။