သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ ၂၄ နာရီအတြင္း လူ ၉,၈၀၀ ေက်ာ္ COVID-19 ကူးစက္


အိႏၵိယႏိုင္ငံ New Delhi ၿမိဳ႕ရွိ ေဆးရံုတခုမွာ COVID 19 လူနာ တဦးကို PPE ၀တ္စံု၀တ္ထားၿပီး ကုသေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ေမ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏၵိယႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကို႐ိုနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူဟာ ၉,၈၀၀ ေက်ာ္ရွိတဲ့အတြက္ ေန႔စဥ္ကူးစက္မႈႏႈန္းမွာ ေနာက္ထပ္စံခ်ိန္တင္ခဲ့ပါတယ္။ ဒါေၾကာင့္ အိႏၵိယႏုိင္ငံမွာ ေရာဂါကူးစက္ခံရသူစုစုေပါင္း ၂၂၆,၇၇၀ နဲ႔ ေသဆုံးသူ ၆,၃၄၈ ေယာက္ထက္မနည္းရွိသြားၿပီျဖစ္တယ္လို႔ အိႏိၵယက်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ေသဆုံးသူေတြထဲက ၂၇၃ ေယာက္ဟာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္းမွာ ေသဆုံးခဲ့တာျဖစ္တယ္လို႔လည္း ေျပာပါတယ္။ ႏုိင္ငံတ၀န္းမွာ လူေတြကို အျပင္မထြက္ရ အမိန္႔ထုတ္လိုက္ၿပီးတဲ့ေနာက္ ၿမိဳ႕ေတြမွာ အလုပ္သြားလုပ္ေနၾကတဲ့သူေတြ သိန္းနဲ႔ခ်ီ အလုပ္လက္မဲ့ျဖစ္ၿပီး သူတုိ႔ရဲ႕ ေနရပ္ကို ျပန္ခဲ့ၾကတာေၾကာင့္ ေက်းလက္ေဒသေတြမွာပါ ကူးစက္သူအေရအတြက္ တုိးလာခဲ့တာျဖစ္ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ဒီကေန႔မွာ ေနာက္ထပ္ေရာဂါကူးစက္ခံရသူ ၃၉ ေယာက္ရွိၿပီး အဲဒီထဲက ၃၄ ေယာက္က ဆုိးလ္ၿမိဳ႕တ၀ိုက္က ျဖစ္တယ္လို႔ ေတာင္ကိုရီးယားႏုိင္ငံရဲ႕ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနက ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံမွာေတာ့ ဗုိင္းရပ္စ္ကူးစက္ခံရသူ ေနာက္ထပ္ ငါး ဦးကို ဒီကေန႔ေတြ႔ရွိခဲ့ၿပီး အဲဒီလူအားလုံးဟာ ျပည္ပကေန လာတဲ့ တ႐ုတ္ႏုိင္ငံသားေတြျဖစ္ၾကတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ တ႐ုတ္အစိုးရအေနနဲ႔ ဖြံၿဖိဳးဆဲ့ႏုိင္ငံေတြမွာ ကာကြယ္ေဆးေတြကို ေစ်းသက္သက္သာသာနဲ႔ ရရွိႏုိင္ေစဖို႔အတြက္ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO), GAVI မဟာမိတ္အဖဲြ႔နဲ႔ တျခားႏုိင္ငံတကာအဖဲြ႔ေတြကို ကူညီသြားမွာျဖစ္တယ္လို႔ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ေျပာခြင့္ရက ေျပာလိုက္ပါတယ္။

ဖီဂ်ီႏုိင္ငံကေတာ့ သူတုိ႔ဆီမွာ အခုလိုေလာေလာဆယ္ ကို႐ုိနာဗုိင္းရပ္စ္ကူးစက္ခံရတဲ့သူမရွိဘူးလို႔ ေၾကျငာလိုက္ပါတယ္။ သူတုိ႔ဆီမွာ ေရာဂါကူးစက္ခံလိုက္ရတဲ့သူ ၁၈ ေယာက္စလုံး ျပန္ေနေကာင္းသြားၿပီးတဲ့ေနာက္ အခုလိုေၾကျငာခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယမှာ ၂၄ နာရီအတွင်း လူ ၉,၈၀၀ ကျော် COVID-19 ကူးစက်

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူဟာ ၉,၈၀၀ ကျော်ရှိတဲ့အတွက် နေ့စဉ်ကူးစက်မှုနှုန်းမှာ နောက်ထပ်စံချိန်တင်ခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၂၆,၇၇၀ နဲ့ သေဆုံးသူ ၆,၃၄၈ ယောက်ထက်မနည်းရှိသွားပြီဖြစ်တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

သေဆုံးသူတွေထဲက ၂၇၃ ယောက်ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ သေဆုံးခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။ နိုင်ငံတဝန်းမှာ လူတွေကို အပြင်မထွက်ရ အမိန့်ထုတ်လိုက်ပြီးတဲ့နောက် မြို့တွေမှာ အလုပ်သွားလုပ်နေကြတဲ့သူတွေ သိန်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်ပြီး သူတို့ရဲ့ နေရပ်ကို ပြန်ခဲ့ကြတာကြောင့် ကျေးလက်ဒေသတွေမှာပါ ကူးစက်သူအရေအတွက် တိုးလာခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီကနေ့မှာ နောက်ထပ်ရောဂါကူးစက်ခံရသူ ၃၉ ယောက်ရှိပြီး အဲဒီထဲက ၃၄ ယောက်က ဆိုးလ်မြို့တဝိုက်က ဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ငါး ဦးကို ဒီကနေ့တွေ့ရှိခဲ့ပြီး အဲဒီလူအားလုံးဟာ ပြည်ပကနေ လာတဲ့ တရုတ်နိုင်ငံသားတွေဖြစ်ကြတယ်လို့ ပြောပါတယ်။ ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ ဖွံဖြိုးဆဲ့နိုင်ငံတွေမှာ ကာကွယ်ဆေးတွေကို ဈေးသက်သက်သာသာနဲ့ ရရှိနိုင်စေဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO), GAVI မဟာမိတ်အဖွဲ့နဲ့ တခြားနိုင်ငံတကာအဖွဲ့တွေကို ကူညီသွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရက ပြောလိုက်ပါတယ်။

ဖီဂျီနိုင်ငံကတော့ သူတို့ဆီမှာ အခုလိုလောလောဆယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူမရှိဘူးလို့ ကြေငြာလိုက်ပါတယ်။ သူတို့ဆီမှာ ရောဂါကူးစက်ခံလိုက်ရတဲ့သူ ၁၈ ယောက်စလုံး ပြန်နေကောင်းသွားပြီးတဲ့နောက် အခုလိုကြေငြာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG