သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်မှာ ကိုဗစ်အရေးပေါ်အခြေအနေ ပြန်ရုပ်သိမ်းပြီ


ဂျပန်နိုင်ငံရှိ ကိုဗစ်-၁၉ ကာကွယ်ရန် မျက်နှာဖုံးတပ်ထားသောပြည်သူများ
ဂျပန်နိုင်ငံရှိ ကိုဗစ်-၁၉ ကာကွယ်ရန် မျက်နှာဖုံးတပ်ထားသောပြည်သူများ

Zawgyi/Unicode

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါထိန်းချုပ်ဖို့ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလ ကုန်ဆုံးချိန် ရှေ့အပတ် တနင်္လာနေ့က စပြီး ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ အားကစားရုံတွေနဲ့ လက်လီ အရောင်းဆိုင်တွေ အပါအဝင် စီးပွါးရေး လုပ်ငန်း တချို့ကို ပြန်ဖွင့် ခွင့်ပြုသွားမယ်လို့ တာဝန်ရှိသူတွေက သောကြာနေ့က ကြေညာလိုက်ပါတယ်။

နေ့စဉ် ပုံမှန်လူမှုဘဝ အသစ် NEW NORMAL ကို စတင်နိုင် လောက်တဲ့ အခြေအနေအထိ ကူးစက်မှုနှုန်းကျဆင်းလာတဲ့အတွက် သီတင်း ၇ ပတ်ကြာချထားခဲ့တဲ့ အရေးပေါ် အခြေအနေ ကို ပြန်ရုပ်သိမ်းဖို့ ဝန်ကြီးချုပ် SHINZO ABE က ဒီသီတင်းပတ်အစောပိုင်းတုန်း ကပဲ ကြေညာခဲ့တာပါ။ လူတယောက်နဲ့ တယောက်ခပ်ခွါခွါနေဖို့နဲ့ ရောဂါကာကွယ်ရေး သတ်မှတ် စည်းကမ်းချက် တွေကို တော့ ဆက်လက် လိုက်နာကြဖို့ကိုတော့ တိုက်တွန်းထားပါတယ်။

မြို့တော်အနေနဲ့ အဆင့် ၃ ဆင့်ချမှတ် ဖွင့်လှစ်ဖို့ ပြင်ဆင်ထားခဲ့တဲ့ အတိုင်းအခု ဒုတိယအဆင့်မှာ စီးပွါးရေးလုပ်ငန်းတွေကိုတဖြည်းဖြည်း ပြန်ဖွင့်ပေးသွားဖို့ အဆင်သင့်ပြင်ထားပြီလို့ လည်း တိုကျို အုပ်ချုပ်ရေးမှုး YURIKO KOIKE က ပြောပါတယ်။

ဒါပေမဲ့လည်း တိုကျိုမှာ မနေ့ သောကြာနေ့တုန်းက ကူးစက်ခံရသူ ၂၂ ဦး ထပ်မံတွေ့ရှိခဲ့တဲ့အတွက် နောက်ထပ် ကူးစက်မှုလှိုင်း အသစ်နဲ့ ကြုံလာနိုင်တာကို စိုးရိမ်ကြောင်းနဲ့ ရောဂါကူးစက်မှုနှုန်းကျဆင်းလာနေပေမဲ့ ကာကွယ်ဆေးနဲ့ ထိရောက်တဲ့ကုထုံး မတွေ့သေးတာ ကြောင့် ဒီကပ်ရောဂါ အခြေအနေ ကြား ပြည်သူတွေအနေနဲ့ သတိတကြီးနဲ့ နေထိုင်ကြဖို့ တိုကျို အုပ်ချုပ်ရေးမှုး KOIKE က တိုက်တွန်းထား ပါတယ်။

တိုကျိုမြို့ မှာ ကူးစက်ပြန့်နှံ့မှု အန္တရာယ်နည်းတယ် လို့ ယူဆနိုင်တဲ့ စာကြည့်တိုက်၊ ပြတိုက်နဲ့ ကျောင်းတွေကို ဒီသီတင်းပတ်တွင်းပြန်ဖွင့် သွားမယ်လို့ အုပ်ချုပ်ရေးမှုး KOIKE က ပြောပါတယ်။ နိုက်ကလပ်တွေ၊ ကာရာအိုကေနဲ့ စင်တင်ဂီတပွဲတွေကိုတော့ နောက်ဆုံးမှ ဖွင့်သွား မှာ ဖြစ်ပြီး ဒီအတွက် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေ ရေးဆွဲနေတယ်လို့ လည်း သူကပြောပါတယ်။ ဂျပန်နိုင်ငံတောင်ပိုင်း KITAKYUSHU မြို့မှာတော့ သီတင်း ၃ ပတ်ကြာ ကူးစက်သူအသစ် စာရင်းမရှိခဲ့ပဲ ဒီအပတ်ထဲမှာမှ ကူးစက်သူ လူနာ သစ် ၄၃ ယောက်တွေ့ရှိခဲ့တဲ့အတွက် စီးပွါးရေးလုပ်ငန်းတချို့ ပြန်ပိတ်ထားရပါတယ်။

ဂျပန်မှာလက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူဉီးရေ ၁၆၇၀၀ နဲ့ သေဆုံးသူ ၈၇၀ ရှိပါတယ် ။

တိုက်ရိုက် လင့်ခ်


[Unicode]








XS
SM
MD
LG