သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယက တရားမဝင္ ျမန္မာလုပ္သားေတြျပန္ေခၚဖို႔ ခ်င္းျပည္နယ္အစိုးရ ႀကိဳးစားေန


အိႏၵိယႏိုင္ငံ Chennai ၿမိဳ႕ Anna အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ရန္ကုန္သြားမယ့္ ေလယာဥ္နဲ႔ ျမန္မာျပည္ျပန္ဖို႔ တန္းစီးေနၾကတဲ့ ျမန္မာႏိုင္ငံသား တခ်ိဳ႕။ (ေမ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ ဆိုးဆိုး၀ါး၀ါးျဖစ္လာတဲ့ အိႏၵိယႏို္င္ငံထဲ အလုပ္လုပ္ေနတဲ့တရားမဝင္ ျမန္မာႏို္င္ငံသားေတြ ျပန္လာႏို္င္ဖို႔၊ ခ်င္းျပည္နယ္အစိုးရက နည္းလမ္းရွာေနတဲ့အေၾကာင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးမွာပါ။

ဇြန္လ ၄ ရက္ အထိ ဆိုရင္ COVID-19 ေရာဂါပိုးေတြ႔ရိွသူ ၂၀၀,၀၀၀ ေက်ာ္လာတဲ့ အိႏၵိယက ျမန္မာႏိုင္ငံသားေတြ၊ အထူးသျဖင့္ ခ်င္းတိုင္းရင္းသားေတြ ျပန္လာႏိုင္ဖို႔ ခ်င္းျပည္နယ္ အစိုးရက ႀကိဳးစားေနပါတယ္။ ဒါေပမဲ့ အဓိကအခက္အခဲကေတာ့ သူတို႔အမ်ားစုက ႏွစ္ႏိုင္ငံ တရားဝင္စာခ်ဳပ္နဲ႔ သြားတာ မဟုတ္လို႔ ႏွစ္ဘက္စနစ္တက် လႊဲေျပာင္း လက္ခံဖို႔ အခက္အခဲရွိေနပါတယ္။

ခ်င္းျပည္နယ္ အစိုးရကေတာ့ တရားမဝင္သြားတဲ့သူေတြကို ေအာက္ေျခ အုပ္ခ်ဳပ္ေရး အဆင့္ဆင့္ကေန နည္းလမ္း တခုခုရွာၿပီး လက္ခံေပးႏိုင္ဖို႔ ၫႊန္ၾကားထားတယ္လို႔ ရိဒ္ေခၚဒါ အမွတ္ ၁ အုပ္ခ်ဳပ္ေရးမႉး ခ်န္လ်န္နာက ဗြီအိုေအကို ေျပာပါတယ္။

“ဝန္ႀကီးခ်ဳပ္က မေန႔က မိုးမခ်ဳပ္ခင္ေလးမွာ က်ေနာ့္ဖုန္းဆက္တယ္၊ ကိုယ့္ႏိုင္ငံသားေတြလည္းျဖစ္တယ္ဆိုေတာ့ ဒီက အတိုင္းအတာေလးနဲ႔ လက္ခံၿပီးမွ လိုအပ္ရင္ လိုအပ္သလို quarantine ထားဖို႔။ တကယ္တမ္းသာ တရားဝင္နည္းလမ္းနဲ႔ လုပ္မယ္ဆိုရင္ ဘယ္သူမွ လက္ခံလို႔မရတဲ့ အေနအထားမွာ ရွိၾကတာေပါ့ေနာ္။ အိႏၵိယဘက္ကလည္း လႊဲေပးလို႔ မရဘူး ... ခက္တာ။”

ဒီလိုၫႊန္ၾကားထားေပမဲ့ ခ႐ိုင္အဆင့္ဆင့္နဲ႔ တိုင္ပင္ၿပီးမွလုပ္ပါလို႔ ဝန္ႀကီးခ်ဳပ္က ေျပာတဲ့အတြက္ အခ်ိန္ၾကာႏိုင္တယ္လို႔ သူကေျပာပါတယ္။ ေအာက္ေျခပိုင္းကို လုပ္ပိုင္ခြင့္အျပည့္ေပးလိုက္ရင္ေတာ့ ျပန္လည္လက္ခံေရးကို သူ႔အေနနဲ႔ အျမန္ဆုံးလုပ္သြားမယ္လို႔ ေျပာပါတယ္။

တရားဝင္ႏိုင္ငံကူးလက္မွတ္နဲ႔ သြားတာ မဟုတ္လို႔ သူတို႔ျပန္ဝင္လာမယ္ဆိုရင္လည္း နယ္စပ္ ေရာဂါေစာင့္ၾကည့္၊ ကန႔္သတ္စခန္းေတြမွာ သူတို႔အတြက္ ကုန္က်စရိတ္ကိုျပည္နယ္အစိုးရက ေပးဖို႔ အခက္အခဲ ရွိေနပါတယ္။

မီဇိုရမ္လူငယ္အသင္း ေကာက္ယူထားတဲ့ စာရင္းအတိုင္းဆိုရင္ ခ်င္းျပည္နယ္နဲ႔ကပ္လ်က္ မီဇိုရမ္ျပည္နယ္မွာ ျမန္မာလူမ်ိဳး၊ ခ်င္းတိုင္းရင္းသား ၇၀,၀၀၀ ေက်ာ္ရွိၿပီး၊ အိႏၵိယတႏိုင္ငံလုံးမွာေတာ့ ၁၀၀,၀၀၀ ေက်ာ္ရွိပါတယ္။ COVID-19 ေၾကာင့္ အိႏၵိယဘက္မွာ နယ္ေျမျဖတ္ေက်ာ္ခြင့္ ပိတ္ထားတဲ့ မတ္လကုန္ပိုင္းေလာက္ကတည္းက ေနရပ္မျပန္ႏိုင္တာလို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ CHRO က ဆလိုင္းေတရ က ေျပာပါတယ္။

“သူတို႔ ေတာ္ေတာ္မ်ားမ်ား ျပန္လာခ်င္ၾကတာရွိေပမဲ့ သိတဲ့အတိုင္းပဲ အိႏၵိယ တႏိုင္ငံလုံးက အဲဒီ Lockdown လုပ္ထားတာ လုံးဝအျပင္ထြက္လို႔မရဘူး။ တရားမဝင္နယ္စပ္ကို ျဖတ္ေက်ာ္ၿပီး သြားတာဆိုေတာ့ အစိုးရနဲ႔တရားဝင္ ျပန္လာတဲ့ သေဘာမ်ိဳးကလည္း သူတို႔အတြက္ အခက္အခဲရွိမယ္လို႔ က်ေနာ္ထင္တယ္။”

အိႏၵိယမွာ ဇြန္လ ၂ရက္ တေန႔တည္း လူေပါင္း ၈,၀၀၀ ေက်ာ္ကူးစက္ခဲ့တာပါ။ ခ်င္းျပည္နယ္တဘက္ကမ္း မီဇိုရမ္ျပည္နယ္မွာလည္း COVID-19 ျဖစ္တဲ့သူ အေယာက္ ၁၀၀ ေက်ာ္ရွိပါတယ္။

ကူးစက္ခံရသူအမ်ားဆုံးနဲ႔ ထိပ္ဆုံးမွာ အစဥ္လိုက္ရွိေနတဲ့ ကမာၻ႔ႏိုင္ငံေတြကေတာ့ အေမရိကန္၊ ဘရာဇီးနဲ႔ ႐ုရွႏိုင္ငံေတြပါ။ ဇြန္လ ၄ ရက္အထိ အိႏၵိယႏိုင္ငံမွာ ကူးစက္ခံရသူ၂၀၀,၀၀၀ ေက်ာ္နဲ႔ အဆင့္ ၇ မွာရွိေနၿပီး ေသဆုံးသူ ၆,၀၀၀ ေက်ာ္ရွိခဲ့တာပါ။ အမ်ားစု ျပန္က်န္းမာခဲ့ေပမဲ့ ကမာၻ႔လူဦးေရ ဒုတိယ အမ်ားဆုံးႏိုင္ငံ ျဖစ္သလို လူေနသိပ္သည္းတဲ့ ဘဂၤလားေဒ့ရွ္နဲ႔လည္း ဆက္စပ္ေနလို႔ ျမန္မာျပည္တြင္းမွာလည္း စိုးရိမ္မႈေတြ ရွိေနတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယက တရားမဝင် မြန်မာလုပ်သားတွေပြန်ခေါ်ဖို့ ချင်းပြည်နယ်အစိုးရ ကြိုးစားနေ

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဆိုးဆိုးဝါးဝါးဖြစ်လာတဲ့ အိန္ဒိယနိုင်ငံထဲ အလုပ်လုပ်နေတဲ့တရားမဝင် မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ဖို့၊ ချင်းပြည်နယ်အစိုးရက နည်းလမ်းရှာနေတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

ဇွန်လ ၄ ရက် အထိ ဆိုရင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၀၀,၀၀၀ ကျော်လာတဲ့ အိန္ဒိယက မြန်မာနိုင်ငံသားတွေ၊ အထူးသဖြင့် ချင်းတိုင်းရင်းသားတွေ ပြန်လာနိုင်ဖို့ ချင်းပြည်နယ် အစိုးရက ကြိုးစားနေပါတယ်။ ဒါပေမဲ့ အဓိကအခက်အခဲကတော့ သူတို့အများစုက နှစ်နိုင်ငံ တရားဝင်စာချုပ်နဲ့ သွားတာ မဟုတ်လို့ နှစ်ဘက်စနစ်တကျ လွှဲပြောင်း လက်ခံဖို့ အခက်အခဲရှိနေပါတယ်။

ချင်းပြည်နယ် အစိုးရကတော့ တရားမဝင်သွားတဲ့သူတွေကို အောက်ခြေ အုပ်ချုပ်ရေး အဆင့်ဆင့်ကနေ နည်းလမ်း တခုခုရှာပြီး လက်ခံပေးနိုင်ဖို့ ညွှန်ကြားထားတယ်လို့ ရိဒ်ခေါ်ဒါ အမှတ် ၁ အုပ်ချုပ်ရေးမှူး ချန်လျန်နာက ဗွီအိုအေကို ပြောပါတယ်။

“ဝန်ကြီးချုပ်က မနေ့က မိုးမချုပ်ခင်လေးမှာ ကျနော့်ဖုန်းဆက်တယ်၊ ကိုယ့်နိုင်ငံသားတွေလည်းဖြစ်တယ်ဆိုတော့ ဒီက အတိုင်းအတာလေးနဲ့ လက်ခံပြီးမှ လိုအပ်ရင် လိုအပ်သလို quarantine ထားဖို့။ တကယ်တမ်းသာ တရားဝင်နည်းလမ်းနဲ့ လုပ်မယ်ဆိုရင် ဘယ်သူမှ လက်ခံလို့မရတဲ့ အနေအထားမှာ ရှိကြတာပေါ့နော်။ အိန္ဒိယဘက်ကလည်း လွှဲပေးလို့ မရဘူး ... ခက်တာ။”

ဒီလိုညွှန်ကြားထားပေမဲ့ ခရိုင်အဆင့်ဆင့်နဲ့ တိုင်ပင်ပြီးမှလုပ်ပါလို့ ဝန်ကြီးချုပ်က ပြောတဲ့အတွက် အချိန်ကြာနိုင်တယ်လို့ သူကပြောပါတယ်။ အောက်ခြေပိုင်းကို လုပ်ပိုင်ခွင့်အပြည့်ပေးလိုက်ရင်တော့ ပြန်လည်လက်ခံရေးကို သူ့အနေနဲ့ အမြန်ဆုံးလုပ်သွားမယ်လို့ ပြောပါတယ်။

တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ သွားတာ မဟုတ်လို့ သူတို့ပြန်ဝင်လာမယ်ဆိုရင်လည်း နယ်စပ် ရောဂါစောင့်ကြည့်၊ ကန့်သတ်စခန်းတွေမှာ သူတို့အတွက် ကုန်ကျစရိတ်ကိုပြည်နယ်အစိုးရက ပေးဖို့ အခက်အခဲ ရှိနေပါတယ်။

မီဇိုရမ်လူငယ်အသင်း ကောက်ယူထားတဲ့ စာရင်းအတိုင်းဆိုရင် ချင်းပြည်နယ်နဲ့ကပ်လျက် မီဇိုရမ်ပြည်နယ်မှာ မြန်မာလူမျိုး၊ ချင်းတိုင်းရင်းသား ၇၀,၀၀၀ ကျော်ရှိပြီး၊ အိန္ဒိယတနိုင်ငံလုံးမှာတော့ ၁၀၀,၀၀၀ ကျော်ရှိပါတယ်။ COVID-19 ကြောင့် အိန္ဒိယဘက်မှာ နယ်မြေဖြတ်ကျော်ခွင့် ပိတ်ထားတဲ့ မတ်လကုန်ပိုင်းလောက်ကတည်းက နေရပ်မပြန်နိုင်တာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဆလိုင်းတေရ က ပြောပါတယ်။

“သူတို့ တော်တော်များများ ပြန်လာချင်ကြတာရှိပေမဲ့ သိတဲ့အတိုင်းပဲ အိန္ဒိယ တနိုင်ငံလုံးက အဲဒီ Lockdown လုပ်ထားတာ လုံးဝအပြင်ထွက်လို့မရဘူး။ တရားမဝင်နယ်စပ်ကို ဖြတ်ကျော်ပြီး သွားတာဆိုတော့ အစိုးရနဲ့တရားဝင် ပြန်လာတဲ့ သဘောမျိုးကလည်း သူတို့အတွက် အခက်အခဲရှိမယ်လို့ ကျနော်ထင်တယ်။”

အိန္ဒိယမှာ ဇွန်လ ၂ရက် တနေ့တည်း လူပေါင်း ၈,၀၀၀ ကျော်ကူးစက်ခဲ့တာပါ။ ချင်းပြည်နယ်တဘက်ကမ်း မီဇိုရမ်ပြည်နယ်မှာလည်း COVID-19 ဖြစ်တဲ့သူ အယောက် ၁၀၀ ကျော်ရှိပါတယ်။

ကူးစက်ခံရသူအများဆုံးနဲ့ ထိပ်ဆုံးမှာ အစဉ်လိုက်ရှိနေတဲ့ ကမ္ဘာ့နိုင်ငံတွေကတော့ အမေရိကန်၊ ဘရာဇီးနဲ့ ရုရှနိုင်ငံတွေပါ။ ဇွန်လ ၄ ရက်အထိ အိန္ဒိယနိုင်ငံမှာ ကူးစက်ခံရသူ၂၀၀,၀၀၀ ကျော်နဲ့ အဆင့် ၇ မှာရှိနေပြီး သေဆုံးသူ ၆,၀၀၀ ကျော်ရှိခဲ့တာပါ။ အများစု ပြန်ကျန်းမာခဲ့ပေမဲ့ ကမ္ဘာ့လူဦးရေ ဒုတိယ အများဆုံးနိုင်ငံ ဖြစ်သလို လူနေသိပ်သည်းတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့လည်း ဆက်စပ်နေလို့ မြန်မာပြည်တွင်းမှာလည်း စိုးရိမ်မှုတွေ ရှိနေတာပါ။

XS
SM
MD
LG