သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလသမဂၢလူဦးေရ ရန္ပံုေငြအဖြဲ႔ ျမန္မာမွာ ဘယ္လိုအကူအညီေတြေပးေနလဲ


ကခ်င္ျပည္နယ္က်န္းမာေရးဌာနသို႔ က်န္းမာေရးလုပ္သားမ်ားအတြက္ UNFPA ကေန PPE ၀တ္စံုေတြ ကူညီေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - UNFPA Myanmar)

[Zawgyi/Unicode]

UNFPA အေနနဲ႔ လက္ရွိ COVID ကာလအတြင္းမွာ ျမန္မာႏိုင္ငံတြင္း အမ်ိဳးသမီးေတြနဲ႔ ဒုကၡသည္ေတြကို ဘယ္လို ကူညီပံ့ပိုးေပးေနတာသလဲ ဆိုတာေတြကို ျမန္မာႏိုင္ငံဆိုင္ရာ UNFPA ႐ုံး ဌာေနကိုယ္စားလွယ္ Mr. Ramanathan Balakrishnan နဲ႔ ဆက္သြယ္ေမးျမန္းထားတာကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက တင္ဆက္ေပးပါမယ္။

မအိမ့္သႏၱာထြန္း။ ။ COVID အေရးေပၚကာလအတြင္း လက္ရွိ ကူညီေဆာင္႐ြက္ေနတာေတြကို အရင္ဆုံး ေျပာျပေပးပါရွင့္။

Mr. Ramanathan Balakrishnan။ ။ က်ေနာ္တို႔ UNFPA ဆိုတာကေတာ့ က်ေနာ္တို႔ျမန္မာႏိုင္ငံမွာ လိင္မႈနဲ႔ မ်ိဳးဆက္ပြားက်န္းမာေရးမွာ ေဆာင္႐ြက္ေနတဲ့ အဓိက UN ေအဂ်င္စီျဖစ္ပါတယ္။ UNFPA အေနနဲ႔ဆိုလို႔ရွိရင္ မ်ိဳးဆက္ပြားက်န္းမာေရးနဲ႔ ပတ္သက္တာေတြ က်ား၊ မ အေျချပဳအၾကမ္းဖက္မႈနဲ႔ ပတ္သက္တဲ့ဟာေတြ ၿပီးလို႔ရွိရင္ က်ား၊ မ တန္းတူညီမွ်ေရးနဲ႔ ေဆာင္႐ြက္ခ်က္ေတြ ၿပီးရင္ စိတ္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္တဲ့ ကူညီေထာက္ပံ့မႈ ေဆာင္႐ြက္ေနတာေတြ ဒါေတြကို က်ေနာ္တို႔ ေဆာင္႐ြက္ေနပါတယ္။ ဒီလိုေဆာင္႐ြက္တဲ့ေနရာမွာ က်ေနာ္တို႔ သက္ဆိုင္ရာ အစိုးရ၊ သက္ဆိုင္ရာ မိတ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ေဆာင္႐ြက္တဲ့ အျပင္ကို UNFPA အေနနဲ႔ ဒါေတြကိုပိုၿပီးေတာ့ အားျဖည့္ၿပီးေဆာင္႐ြက္ႏိုင္ဖို႔အတြက္ အဓိက ကူညီပံပိုးေပးေနတာျဖစ္ပါတယ္။

မအိမ့္သႏၱာထြန္း။ ။ ဟုတ္ကဲ့။ အခုလက္ရွိ ဒီကိုဗစ္ကာလမွာ ျမန္မာမွာ ကူညီေပးေနတဲ့အထဲမွာ ဘာအခက္အခဲေတြ ရွိပါသလဲရွင့္။

Mr. Ramanathan Balakrishnan။ ။ သင္တန္းေတြေပးေနတဲ့ အခါမွာလည္း UNFPA အေနနဲ႔ ကူညီပံ့ပိုးေပးေနတာေတြရွိပါတယ္။ အဲ့လိုေဆာင္႐ြက္တဲ့အခါမွာ လက္ရွိျဖစ္ေနတဲ့ ကိုဗစ္နဲ႔ပတ္သက္ၿပီးေတာ့ လိုက္ေလ်ာညီေထြျဖစ္ေအာင္ သင္တန္းေတြေပးေနတာေတြလည္း ရွိပါတယ္။ ဒီကိုဗစ္နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေဆာင္႐ြက္ရတဲ့ အခါမွာ ဒါေတြနဲ႔ ပတ္သက္ၿပီး စိန္ေခၚမႈေတြရွိပါတယ္။ ေနာက္တစ္ခုက ခု ကိုဗစ္ကာလမွာ lockdown ေၾကာင့္ပဲျဖစ္ျဖစ္၊ အလုပ္အကိုင္အခြင့္အလမ္းေၾကာင့္ပဲျဖစ္ျဖစ္ လူတြအမ်ားစုက စိတ္ဖိစီးမႈေတြ အဆင္မေျပမႈေတြနဲ႔ ႀကဳံေတြတဲ့ အခါမွာ ေနာက္ထပ္ဒီအက်ိဳးဆက္က ဘာလဲဆိုေတာ့ ဒီက်ား၊ မ ဆိုင္ရာ မၾကမ္းဖက္မႈေတြ၊ အိမ္တြင္းအၾကမ္းဖက္မႈေတြ ပိုမိုျဖစ္ပြားလာတာျဖစ္ပါတယ္။ ဒါေတြက ပုံမွန္ျဖစ္ပြားေနတဲ့ အေျခေနမွာကိုပဲ ကိုဗစ္ေၾကာင့္ပိုၿပီးေတာ့ တိုးပြားလာတဲ့ သေဘာေပါ့ေႏွာ္။ ဒါေတြက လက္ရွိ ကိုဗစ္ျဖစ္ေနတဲ့ကာလမွာ ေတြ႕ရတဲ့ စိန္ေခၚမႈတစ္ခုအေနနဲ႔ ေျပာခ်င္ပါတယ္။

မအိမ့္သႏၱာထြန္း။ ။ ပဋိပကၡေဒသေတြေပါ့ေနာ္။ ဥပမာ ရခိုင္၊ ကခ်င္ စသျဖင့္ေပါ့ အဲ့ဒီေနရာက လူေတြကို ကူညီပံ့ပိုးေပးတဲ့အခါမွာ သက္ဆိုင္ရာ ေဒသက ႏိုင္ငံေရးပါတီေတြ ဒါမွမဟုတ္ လူမႈအေျချပဳအဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္တာမ်ိဳးေရာ ရွိပါသလား။ ကိုယ္တိုင္ထိေတြ႕ ကူညီခြင့္ေရာ ရပါသလားရွင့္။

Mr. Ramanathan Balakrishnan။ ။​ က်ေနာ္တို႔ UNFPA ကေတာ့ ဒါ အားလုံးသိၿပီးသားျဖစ္တဲ့အတိုင္းေပါ့ ႏိုင္ငံေရးႏွင့္ ပတ္သက္ၿပီး ေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းမ်ိဳး မဟုတ္ပါဘူး။ ၿပီးေတာ့ က်ေနာ္တို႔ UNFPA က အဓိက မ်ိဳးဆက္ပြားက်န္းမာေရးနဲ႔ ပတ္သက္တဲ့ လုပ္ငန္းေတြ ဒါေတြကို အဓိက ဦးေဆာင္ၿပီးေတာ့ ေဆာင္႐ြက္ေနတဲ့ ကုလသမဂၢ အဖြဲ႕ျဖစ္ပါတယ္။ က်ေနာ္တို႔ ရခိုင္ျပည္နယ္မွာ ေဆာင္႐ြက္မႈအပိုင္းေတြမွာ ဆိုလို႔ရွိရင္ ႐ိုဟင္ဂ်ာ State Holder ေတြ ၿပီးလို႔ရွိရင္ အစိုးရနဲ႔ ပတ္သက္တဲ့ ပူးေပါင္းေဆာင္႐ြက္ခ်က္ေတြ ၿပီးရင္ကြၽန္ေတာ္တို႔ေတြ သက္ဆိုင္ရာ NGO, International NGO ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ၿပီးရင္ ေဒသတြင္းမွာရွိေနတဲ့ လူမႈအဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ဒါေတြက သက္ဆိုင္ရာ လူထုအေျချပဳအဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ အပိုင္းေတြအမ်ားႀကီး ရွိပါတယ္။ ၿပီးရင္ က်ေနာ္တို႔က ပဋိပကၡျဖစ္ပြားေနတဲ့ အဓိက ေဒသေတြမွာ ပိုၿပီးေတာ့ ခိုင္ခိုင္မာမာ အေျခစိုက္ၿပီး ေဆာင္႐ြက္မႈေတြရွိပါတယ္။ ၿပီးရင္ UNFPA က ခုဏက ေဒသေတြမွာ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္တဲ့ SAFE Center ေတြ ၃၃ ခု ရွိပါတယ္။ ဒီ SAFE Center မွာ ဘာေတြ ေဆာင္႐ြက္ေပးသလဲဆိုေတာ့ က်ားမ အေျချပဳနဲ႔ပတ္သက္တဲ့ ေဆာင္႐ြက္မႈေတြ ေပးေနတာရွိပါတယ္။ ၿပီးရင္ ပဋိပကၡျဖစ္ပြားတဲ့ေဒသေတြမွာဆိုလို႔ရွိရင္ Mobile Clinic ေတြေပါ့ေနာ္။ မ်ိဳးဆက္ပြားက်န္းမာေရးနဲ႔ပတ္သက္ၿပီးေတာ့ လိုအပ္တာေတြကို ဒီဟာေတြကေနတဆင့္ ေဆာင္႐ြက္ေပးေနတာျဖစ္ပါတယ္။

မအိမ့္သႏၱာထြန္း။ ။ ေနာက္တစ္ခု ထပ္ေမးခ်င္တာက ဒီပဋိပကၡေဒသေတြမွာ ေဒသခံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္တဲ့အခါ အခက္အခဲေတြေရာ ရွိပါသလား၊ ဘာအခက္အခဲေတြရွိပါသလဲရွင့္။

Mr. Ramanathan Balakrishnan။ ။ ​က်ေနာ္တို႔က အဓိက သြားၿပီေတာ့ လက္လွမ္းမွီ ကူညီေပးႏိုင္ဖို႔အတြက္ အဓိက အဲ့ဒီအခက္အခဲ ေတြရွိပါတယ္။ ဒါကေတာ့ UNFPA အဖြဲ႕တစ္ခုတည္း ႀကဳံေတြရတဲ့ အခက္အခဲေတာ့ မဟုတ္ဘူးေပါ့ေနာ္။ အဓိက Community ေတြကို သြားၿပီး လက္လွမ္းမွီၿပီး ကူညီေပးႏိုင္ဖို႔ ဒီဟာက စိန္ေခၚမႈတစ္ခုေပါ့ေနာ္။ ေနာက္တစ္ခုကက်ေတာ့ Community ေတြကိုသြားၿပီး ကူညီတဲ့အခါမွာ လက္ရွိ ပဋိပကၡျဖစ္ေနတဲ့ ေနရာေတြမွာဆိုရင္ တားျမစ္ ကန႔္သတ္ထားတာမ်ိဳးေတြရွိတယ္။ ဒါေတြက ပဋိပကၡေဒသေတြမွာ သြားၿပီးကူညီတဲ့အခါ ႀကဳံရတဲ့ စိန္ေခၚမႈေတြျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ မြန်မာမှာ ဘယ်လိုအကူအညီတွေပေးနေလဲ

UNFPA အနေနဲ့ လက်ရှိ COVID ကာလအတွင်းမှာ မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေနဲ့ ဒုက္ခသည်တွေကို ဘယ်လို ကူညီပံ့ပိုးပေးနေတာသလဲ ဆိုတာတွေကို မြန်မာနိုင်ငံဆိုင်ရာ UNFPA ရုံး ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နဲ့ ဆက်သွယ်မေးမြန်းထားတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ဆက်ပေးပါမယ်။

မအိမ့်သန္တာထွန်း။ ။ COVID အရေးပေါ်ကာလအတွင်း လက်ရှိ ကူညီဆောင်ရွက်နေတာတွေကို အရင်ဆုံး ပြောပြပေးပါရှင့်။

Mr. Ramanathan Balakrishnan။ ။ ကျနော်တို့ UNFPA ဆိုတာကတော့ ကျနော်တို့မြန်မာနိုင်ငံမှာ လိင်မှုနဲ့ မျိုးဆက်ပွားကျန်းမာရေးမှာ ဆောင်ရွက်နေတဲ့ အဓိက UN အေဂျင်စီဖြစ်ပါတယ်။ UNFPA အနေနဲ့ဆိုလို့ရှိရင် မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တာတွေ ကျား၊ မ အခြေပြုအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ဟာတွေ ပြီးလို့ရှိရင် ကျား၊ မ တန်းတူညီမျှရေးနဲ့ ဆောင်ရွက်ချက်တွေ ပြီးရင် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ကူညီထောက်ပံ့မှု ဆောင်ရွက်နေတာတွေ ဒါတွေကို ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့ သက်ဆိုင်ရာ အစိုးရ၊ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်တဲ့ အပြင်ကို UNFPA အနေနဲ့ ဒါတွေကိုပိုပြီးတော့ အားဖြည့်ပြီးဆောင်ရွက်နိုင်ဖို့အတွက် အဓိက ကူညီပံပိုးပေးနေတာဖြစ်ပါတယ်။

မအိမ့်သန္တာထွန်း။ ။ ဟုတ်ကဲ့။ အခုလက်ရှိ ဒီကိုဗစ်ကာလမှာ မြန်မာမှာ ကူညီပေးနေတဲ့အထဲမှာ ဘာအခက်အခဲတွေ ရှိပါသလဲရှင့်။

Mr. Ramanathan Balakrishnan။ ။ သင်တန်းတွေပေးနေတဲ့ အခါမှာလည်း UNFPA အနေနဲ့ ကူညီပံ့ပိုးပေးနေတာတွေရှိပါတယ်။ အဲ့လိုဆောင်ရွက်တဲ့အခါမှာ လက်ရှိဖြစ်နေတဲ့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် သင်တန်းတွေပေးနေတာတွေလည်း ရှိပါတယ်။ ဒီကိုဗစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရတဲ့ အခါမှာ ဒါတွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေရှိပါတယ်။ နောက်တစ်ခုက ခု ကိုဗစ်ကာလမှာ lockdown ကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်အကိုင်အခွင့်အလမ်းကြောင့်ပဲဖြစ်ဖြစ် လူတွအများစုက စိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေနဲ့ ကြုံတွေတဲ့ အခါမှာ နောက်ထပ်ဒီအကျိုးဆက်က ဘာလဲဆိုတော့ ဒီကျား၊ မ ဆိုင်ရာ မကြမ်းဖက်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပွားလာတာဖြစ်ပါတယ်။ ဒါတွေက ပုံမှန်ဖြစ်ပွားနေတဲ့ အခြေနေမှာကိုပဲ ကိုဗစ်ကြောင့်ပိုပြီးတော့ တိုးပွားလာတဲ့ သဘောပေါ့နှော်။ ဒါတွေက လက်ရှိ ကိုဗစ်ဖြစ်နေတဲ့ကာလမှာ တွေ့ရတဲ့ စိန်ခေါ်မှုတစ်ခုအနေနဲ့ ပြောချင်ပါတယ်။

မအိမ့်သန္တာထွန်း။ ။ ပဋိပက္ခဒေသတွေပေါ့နော်။ ဥပမာ ရခိုင်၊ ကချင် စသဖြင့်ပေါ့ အဲ့ဒီနေရာက လူတွေကို ကူညီပံ့ပိုးပေးတဲ့အခါမှာ သက်ဆိုင်ရာ ဒေသက နိုင်ငံရေးပါတီတွေ ဒါမှမဟုတ် လူမှုအခြေပြုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးရော ရှိပါသလား။ ကိုယ်တိုင်ထိတွေ့ ကူညီခွင့်ရော ရပါသလားရှင့်။

Mr. Ramanathan Balakrishnan။ ။ ကျနော်တို့ UNFPA ကတော့ ဒါ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပေါ့ နိုင်ငံရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းမျိုး မဟုတ်ပါဘူး။ ပြီးတော့ ကျနော်တို့ UNFPA က အဓိက မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ဒါတွေကို အဓိက ဦးဆောင်ပြီးတော့ ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ အဖွဲ့ဖြစ်ပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်မှုအပိုင်းတွေမှာ ဆိုလို့ရှိရင် ရိုဟင်ဂျာ State Holder တွေ ပြီးလို့ရှိရင် အစိုးရနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်ချက်တွေ ပြီးရင်ကျွန်တော်တို့တွေ သက်ဆိုင်ရာ NGO, International NGO တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြီးရင် ဒေသတွင်းမှာရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဒါတွေက သက်ဆိုင်ရာ လူထုအခြေပြုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွေအများကြီး ရှိပါတယ်။ ပြီးရင် ကျနော်တို့က ပဋိပက္ခဖြစ်ပွားနေတဲ့ အဓိက ဒေသတွေမှာ ပိုပြီးတော့ ခိုင်ခိုင်မာမာ အခြေစိုက်ပြီး ဆောင်ရွက်မှုတွေရှိပါတယ်။ ပြီးရင် UNFPA က ခုဏက ဒေသတွေမှာ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ SAFE Center တွေ ၃၃ ခု ရှိပါတယ်။ ဒီ SAFE Center မှာ ဘာတွေ ဆောင်ရွက်ပေးသလဲဆိုတော့ ကျားမ အခြေပြုနဲ့ပတ်သက်တဲ့ ဆောင်ရွက်မှုတွေ ပေးနေတာရှိပါတယ်။ ပြီးရင် ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာဆိုလို့ရှိရင် Mobile Clinic တွေပေါ့နော်။ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ လိုအပ်တာတွေကို ဒီဟာတွေကနေတဆင့် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

မအိမ့်သန္တာထွန်း။ ။ နောက်တစ်ခု ထပ်မေးချင်တာက ဒီပဋိပက္ခဒေသတွေမှာ ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တဲ့အခါ အခက်အခဲတွေရော ရှိပါသလား၊ ဘာအခက်အခဲတွေရှိပါသလဲရှင့်။

Mr. Ramanathan Balakrishnan။ ။ ကျနော်တို့က အဓိက သွားပြီတော့ လက်လှမ်းမှီ ကူညီပေးနိုင်ဖို့အတွက် အဓိက အဲ့ဒီအခက်အခဲ တွေရှိပါတယ်။ ဒါကတော့ UNFPA အဖွဲ့တစ်ခုတည်း ကြုံတွေရတဲ့ အခက်အခဲတော့ မဟုတ်ဘူးပေါ့နော်။ အဓိက Community တွေကို သွားပြီး လက်လှမ်းမှီပြီး ကူညီပေးနိုင်ဖို့ ဒီဟာက စိန်ခေါ်မှုတစ်ခုပေါ့နော်။ နောက်တစ်ခုကကျတော့ Community တွေကိုသွားပြီး ကူညီတဲ့အခါမှာ လက်ရှိ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာဆိုရင် တားမြစ် ကန့်သတ်ထားတာမျိုးတွေရှိတယ်။ ဒါတွေက ပဋိပက္ခဒေသတွေမှာ သွားပြီးကူညီတဲ့အခါ ကြုံရတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။

XS
SM
MD
LG