သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာလုံးဆုိင္ရာ ကာကြယ္ေဆးညီလာခံ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ကမကထျပဳ က်င္းပ


ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကမကထလုပ္ က်င္းပတဲ့ကမာၻလံုးဆိုင္ရာ ကာကြယ္ေဆး ညီလာခံ ( Global Vaccine Summit ) က်င္းပ

(Zawgyi/Unicode)

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကမကထလုပ္ က်င္းပတဲ့ကမာၻလံုးဆိုင္ရာ ကာကြယ္ေဆး ညီလာခံ ( Global Vaccine Summit ) ကို ၾကာသပေတးေန႔မွာ ကြန္ျပဴတာအြန္လိုင္းနဲ႔ က်င္းပခဲ့ၿပီး ႏိုင္ငံေပါင္း ၅၀ ေက်ာ္က တက္ေရာက္ခဲ့ၾကပါတယ္။

ကမာၻတလႊား လူသားအားလံုး ကာကြယ္ေဆး လက္လွမ္းမီွေစဖို႔ ရည္ရြယ္တဲ့ GAVI (Global Alliance for Vaccines and Immunization) ေခၚ ကာကြယ္ေဆးဆိုင္ရာ ပုဂၢလိကနဲ႔ ျပည္သူ လက္တြဲေဆာင္ရြက္တဲ့ မဟာမိတ္ အဖြဲ႔ ကို ကုလသမဂၢက ပံ့ပိုးေထာက္ခံမႈ ေပးထားၿပီး ဒီအဖြဲ႔ အတြက္ ရန္ပံုေငြ ျမွင့္တင္ဖို႔ ဒီညီလာခံကို က်င္းပတာပါ။

ဒီညီလာခံကေန COVID-19 ေရာဂါနဲ႔ တျခားေရာဂါေတြ အတြက္ ကာကြယ္ေဆးေတြ ထုတ္ႏုိင္ေအာင္နဲ႔ ဒီေဆးေတြကို တကမာၻလံုး တန္းတူညီမွ် ျဖန္႔ေဝေပးႏုိင္ဖုိ႔ ရန္ပံုေငြ ေဒၚလာ ၇ ဘီလီယံခြဲ ေက်ာ္ ရ ႏိုင္ မယ္လို႔ေမ ွ်ာ္လင့္ထားၾကပါတယ္။

GAVI အတြက္ ၿဗိတိန္ႏိုင္ငံက ေဒၚလာ ၂ ဘီလ်ံေက်ာ္ကို လာမယ့္ ၅ ႏွစ္တာ ကာလ အတြင္း ခ်ေပးသြားဖို႔ ဝန္ႀကီးခ်ဳပ္ Johnson က အဖြင့္မိန္႔ခြန္းမွာ ကတိေပးခဲ့ပါတယ္။ ဒါ့အျပင္ အခု ျဖစ္ပြါးလာတဲ့ COVID-19 ေရာဂါ အတြက္ ကာကြယ္ေဆး ထုတ္ႏိုင္ေအာင္ လုပ္ရင္းနဲ႔ ရွိၿပီးသား တျခားေရာဂါ ဆိုင္ရာ ကာကြယ္ေဆးေတြ လံုေလာက္ေအာင္ ျဖည့္ဆည္း ေပးေရး အတြက္ ရန္ပံုေငြထည့္ဝင္ၾကဖို႔ လည္း ဝန္ႀကီး Johnson က ပန္ၾကားလိုက္ပါတယ္။

ဒီညီလာခံကို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကလည္း ဗြီဒီယို သတင္းစကား ေပးပို႔ခဲ့ၿပီး COVID-19 အတြက္ ထုတ္တဲ့ ဘယ္ေဆးကိုမဆို လူတိုင္း ဘယ္ေနရာမွာပဲ ေနေန လက္လွမ္းမီွေအာင္ လုပ္ေဆာင္ဖုိ႔ ေတာင္းဆိုလိုက္ပါတယ္။

ကမာၻတလႊားက အစိုးရေတြေပးပို႔တဲ့ အခ်က္အလက္ေတြကိုသံုးၿပီး အေမရိကန္ Johns Hopkins တကၠသိုလ္ က ထုတ္ျပန္တဲ့ စစ္တမ္းအရ ဆိုရင္ လက္ရွိမွာ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ကမာၻတလႊား ေသဆံုးရသူေပါင္း ၄ သိန္းနီးပါး (၃၈၆,၀၀၀) ရွိေနၿပီျဖစ္ၿပီး ကမာၻ႔ႏိုင္ငံေတြရဲ႕ စီးပြားေရးကိုလည္း အႀကီးအက်ယ္ ထိခိုက္ေစပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးညီလာခံ ဗြိတိန်ဝန်ကြီးချုပ် ကမကထပြု ကျင်းပ

(Unicode)

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကမကထလုပ် ကျင်းပတဲ့ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ညီလာခံ ( Global Vaccine Summit ) ကို ကြာသပတေးနေ့မှာ ကွန်ပြူတာအွန်လိုင်းနဲ့ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၅၀ ကျော်က တက်ရောက်ခဲ့ကြပါတယ်။

ကမ္ဘာတလွှား လူသားအားလုံး ကာကွယ်ဆေး လက်လှမ်းမှီစေဖို့ ရည်ရွယ်တဲ့ GAVI (Global Alliance for Vaccines and Immunization) ခေါ် ကာကွယ်ဆေးဆိုင်ရာ ပုဂ္ဂလိကနဲ့ ပြည်သူ လက်တွဲဆောင်ရွက်တဲ့ မဟာမိတ် အဖွဲ့ ကို ကုလသမဂ္ဂက ပံ့ပိုးထောက်ခံမှု ပေးထားပြီး ဒီအဖွဲ့ အတွက် ရန်ပုံငွေ မြှင့်တင်ဖို့ ဒီညီလာခံကို ကျင်းပတာပါ။

ဒီညီလာခံကနေ COVID-19 ရောဂါနဲ့ တခြားရောဂါတွေ အတွက် ကာကွယ်ဆေးတွေ ထုတ်နိုင်အောင်နဲ့ ဒီဆေးတွေကို တကမ္ဘာလုံး တန်းတူညီမျှ ဖြန့်ဝေပေးနိုင်ဖို့ ရန်ပုံငွေ ဒေါ်လာ ၇ ဘီလီယံခွဲ ကျော် ရ နိုင် မယ်လို့မေ ျှာ်လင့်ထားကြပါတယ်။

GAVI အတွက် ဗြိတိန်နိုင်ငံက ဒေါ်လာ ၂ ဘီလျံကျော်ကို လာမယ့် ၅ နှစ်တာ ကာလ အတွင်း ချပေးသွားဖို့ ဝန်ကြီးချုပ် Johnson က အဖွင့်မိန့်ခွန်းမှာ ကတိပေးခဲ့ပါတယ်။ ဒါ့အပြင် အခု ဖြစ်ပွါးလာတဲ့ COVID-19 ရောဂါ အတွက် ကာကွယ်ဆေး ထုတ်နိုင်အောင် လုပ်ရင်းနဲ့ ရှိပြီးသား တခြားရောဂါ ဆိုင်ရာ ကာကွယ်ဆေးတွေ လုံလောက်အောင် ဖြည့်ဆည်း ပေးရေး အတွက် ရန်ပုံငွေထည့်ဝင်ကြဖို့ လည်း ဝန်ကြီး Johnson က ပန်ကြားလိုက်ပါတယ်။

ဒီညီလာခံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ဗွီဒီယို သတင်းစကား ပေးပို့ခဲ့ပြီး COVID-19 အတွက် ထုတ်တဲ့ ဘယ်ဆေးကိုမဆို လူတိုင်း ဘယ်နေရာမှာပဲ နေနေ လက်လှမ်းမှီအောင် လုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာတလွှားက အစိုးရတွေပေးပို့တဲ့ အချက်အလက်တွေကိုသုံးပြီး အမေရိကန် Johns Hopkins တက္ကသိုလ် က ထုတ်ပြန်တဲ့ စစ်တမ်းအရ ဆိုရင် လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှား သေဆုံးရသူပေါင်း ၄ သိန်းနီးပါး (၃၈၆,၀၀၀) ရှိနေပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေးကိုလည်း အကြီးအကျယ် ထိခိုက်စေပါတယ်။

XS
SM
MD
LG