သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကုသရေး နည်းပညာနဲ့ အချက်အလက်ဘဏ် C-TAP အစီအစဉ် WHO စတင်


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်ရာမှာ ကမ္ဘာတလွှား ကုသရေးဆိုင်ရာ နည်းပညာနဲ့ အချက်အလက်တွေမ ျှဝေဖို့ C-TAP လို့နာမည်ပေးထားတဲ့ COVID-19 Technology Access Pool နည်းပညာ ဆိုင်ရာ အချက်အလက်ဘဏ် တခုဖွင့်လှစ်မယ့် အစီအစဉ်ကို WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သောကြာနေ့မှာ စတင်လိုက်ပါပြီ။

အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဒီရောဂါ ဆိုင်ရာ အချက်လက်တွေကို ကမ္ဘာတလွှား လက်လှမ်းမှီအောင် အခုလိုလုပ်ဆောင်ဖို့ ပထမဆုံး အကြံရခဲ့သူ Costa Rica သမ္မတ Carlos Alvarado နဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus တို့က ဒီအစီအစဉ်ကို စတင်လိုက်ပြီ ဖြစ်ကြောင်း ဂျနီဗာကနေ ကြေညာလိုက်တာပါ။

ဒီအစီအစဉ်အရ ဒီကပ်ရောဂါ တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေတဲ့ ဆေးတွေ၊ ကုထုံးတွေ၊ ကာကွယ်ဆေး ဆိုင်ရာ တွေကို C-TAP မှာ ထည့်သွင်းဖို့ လုပ်ဆောင်မှာ ဖြစ်ပြီး ဒီလိုလုပ်ဆောင်ရာမှာ ပါဝင်ကြဖို့ WHO အကြီးအကဲက ကုမ္ပဏီတွေနဲ့. အစိုးရတွေကို ဖိတ်ခေါ်လိုက်ပါတယ်။

ဒီလိုလုပ်ဆောင်မှု မျိုးကို HIV နဲ့ hepatitis C ပိုးရှိတဲ့ ဝေဒနာရှင်တွေကို ကုသရေးမှာ အောင်မြင်မှုရခဲ့တဲ့ အတွက် ဒီလို ပုံစံကို အခြေခံ လုပ်ဆောင်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် COVID-19 ရောဂါ ကာကွယ်ရေး၊ စမ်းသပ်ရေးနဲ့ ကုသရေး ဆိုင်ရာ အချက်လက်တွေကို လူတိုင်း လက်လှမ်းမှီ စေဖို့ လုပ်ဆောင်ရမှာ ဖြစ်ကြောင်းလည်း WHO ကပြောပါတယ်။ အခုအချိန်အထိ တော့ ဒီအစီအစဉ်အတွက် လက်မှတ်ရေးထိုးခဲ့တာက Costa Rica နဲ့ အတူ နိုင်ငံပေါင်း ၃၅ နိုင်ငံ ရှိနေပါတယ်။

ကိုဗစ်ကုသရေး နည်းပညာနဲ့ အချက်အလက်ဘဏ် C-TAP အစီအစဉ် WHO စတင်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်


.............






XS
SM
MD
LG