သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ဆိုင်ရာကန့်သတ်ချက်တွေ လေ ျှာ့လာနေတဲ့အပေါ် WHO သတိပေး


WHO အရေးပေါ်ဌာန ညွှန်ကြားရေးမှူးဒေါက်တာ Mike Ryan
WHO အရေးပေါ်ဌာန ညွှန်ကြားရေးမှူးဒေါက်တာ Mike Ryan

[Zawgyi/Unicode]

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကျဆင်းလာတဲ့ နိုင်ငံတွေမှာ ကန့်သတ်ချက်တွေ အစောတလျင်ဖြေလေ ျှာ့ပေးလိုက်ရင် ဒုတိယအကျော့ ပိုးကူးစက်မှုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

WHO အရေးပေါ်ဌာန ညွှန်ကြားရေးမှူးဒေါက်တာ Mike Ryan
WHO အရေးပေါ်ဌာန ညွှန်ကြားရေးမှူးဒေါက်တာ Mike Ryan

"ပိုးကူးစက်မှုတွေ ကျဆင်းသွားတာကြောင့် ဒီလိုဆက်တိုက်ကျဆင်းသွားလိမ့်မယ်လို့ ယူဆထားလို့မဖြစ်ပါဘူး။ ခုလက်ရှိကာလမှာတင် ဒုတိယအကျော့ ပိုးကူးစက်မှုပြန်မြင့်တက်လာနိုင်ပါတယ်။" လို့ WHO က အရေးပေါ်ဌာန ညွှန်ကြားရေးမှူးဒေါက်တာ Mike Ryan က တနင်္လာနေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ သတိပေးပြောကြားသွားတာပါ။

COVID-19 ကပ်ရောဂါ ပထမလှိုင်းကို တကမ္ဘာလုံးရင်ဆိုင်နေရဆဲဖြစ်သလို တချို့နိုင်ငံတွေမှာပိုးကူးစက်မှု ကျဆင်းသွားပေမယ့် အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းနိုင်ငံတွေအပြင် အာဖရိကနဲ့ တောင်အာရှဒေသ နိုင်ငံအတော်များများမှာ ပိုးကူးစက်မှုတွေ လတ်တလော မြင့်တက်လာနေတယ်လို့လည်း WHO က သတိပေးသွားပါတယ်။

ဥရောပနဲ့ အမေရိကတိုက်နိုင်ငံတွေမှာ ပိုးကူးစက်မှုတွေ ဒုတိယအကျော့ဖြစ်မလာအောင် လူစုလူဝေးရှောင်ပြီး လူခွဲနေဖို့ ညွှန်ကြားချက်တွေ၊ ခြေရာခံစောင့်ကြည့်တဲ့ လုပ်ငန်းတွေ၊ ပိုးစစ်ဆေးမှုတွေ ဆက်လက်ချမှတ် ဆောင်ရွက်သွားဖို့လည်း ဒေါက်တာ Ryan ကတိုက်တွန်းသွားပါတယ်။

ကပ်ရောဂါဒဏ် အလူးအလဲခံထားရတဲ့ ဥရောပတိုက်နိုင်ငံတွေ နဲ့ အမေရိကန်ပြည်ထောင်စုမှာ ကပ်ရောဂါထိန်းချုပ်ရေးကန့်သတ်ချတွေကြောင့် ပိုးကူးစက်မှု ထိန်းချုပ်နိုင်ခဲ့ပေမဲ့လည်း နိုင်ငံ စီးပွားရေးတွေကိုတော့ အကြီးအကျယ်ထိခိုက်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG