သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုရိုနာဗုိင္းရပ္စ္ မ်ိဳးဗီဇ ေျပာင္းလဲမႈ ဘယ္ေလာက္အေရးပါသလဲ


Corona Virus

ဒီတပတ္ေတာ့ ကမာၻတလႊား လူေပါင္း သန္းနဲ႔ခ်ီ အကူးစက္ခံေနရတဲ့ Covid 19 ဗိုင္းရပ္စ္ပိုး ရဲ့ mutation လို႔ေခၚတဲ့ သေႏၶေျပာင္းလဲမႈ ဆင့္ကဲ ျဖစ္တာဟာ ဘယ္ေလာက္ အေရးပါတယ္ ဆိုတာကို ေျပာျပေပးပါမယ္။ Utah ျပည္နယ္ Brigham Young တကၠသိုလ္က အဏုဇီဝေဗဒ ဘြဲ႕လြန္ေက်ာင္းသူ မခင္ဇာဝင္းျပည့္ ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

တိုက္႐ိုက္ လင့္ခ္


(ZAWGYI/UNICODE)

Zawgyi

ဒီတပတ္ေတာ့ ကမာၻတလႊား လူေပါင္း သန္းနဲ႔ခ်ီ အကူးစက္ခံေနရတဲ့ Covid 19 ဗိုင္းရပ္စ္ပိုး ရဲ့ mutation လို႔ေခၚတဲ့ သေႏၶေျပာင္းလဲမႈ ဆင့္ကဲ ျဖစ္တာဟာ ဘယ္ေလာက္ အေရးပါတယ္ ဆိုတာကို ေျပာျပေပးပါမယ္။ Utah ျပည္နယ္ Brigham Young တကၠသိုလ္က အဏုဇီဝေဗဒ ဘြဲ႕လြန္ေက်ာင္းသူ မခင္ဇာဝင္းျပည့္ ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ေမး။.။“ mutation ဆိုတဲ့ သေဘာေလးကို ရွင္းျပေပးပါ။ ေျပာင္းလဲတဲ့ သေဘာေပါ့ေနာ္။”

မခင္ဇာဝင္းျပည့္။ ။“မ်ိဳးဗီဇ mutation ဆိုတာကို ဆီေလ ွ်ာ္ေအာင္ ဘာသာျပန္ရရင္ေတာ့ မ်ိဳးဗီဇ ဆင့္ကဲေျပာင္းလဲသြားတာေပါ့ေနာ္။ ဘယ္လိုမ်ိဳး ေျပာင္းသြားသလဲဆိုရင္၊ ဗုိင္းရပ္စ္ေတြမွာ ဆိုရင္ သူက လူကိုပဲ တိုက္ရိုက္ကူးတာ ရွိသလို တျခား သတၱဝါေတြကေန လူကိုေျပာင္း ကူးလာတဲ့ ဗိုင္းရပ္စ္မ်ိဳးေးတြလည္း ရွိတယ္။ ဥပမာ ေျပာရရင္ HIV လိုမ်ိဳးေပါ့ေနာ္။ သူက လူကို ေျပာင္းခဲ့တယ္။ ေမ်ာက္ေတြမွာ ရွိေနတုန္းကေတာ့ သူက normal ပဲ။ သူ႕ဟာသူ ျဖစ္ေနတုန္းပဲ ပံုမွန္ သမရိုးက် ျဖစ္ေနတာပဲ။ ဒါေပမယ့္ သူက လူဆီကို ေျပာင္းတဲ့ အခါက်ေတာ့ လူေတြဆီမွာ ပိုၿပီးေတာ့ ေရာဂါေတြ ျဖစ္လာတယ္။

အဲဒီလို တေနရာကေန တေနရာကို ေျပာင္းရင္ မ်ိဳးဗီဇက နဲနဲေလးေတာ့ ေျပာင္းရတယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ သူက သူကူးတဲ့ အေကာင္ မတူတဲ့ အတြက္ေၾကာင့္မို႔ ဝင္ရတဲ့ပံုစံ၊ဝင္တဲ့အခါမွာ ဆဲလ္ ေတြအေပၚမွာ ဘယ္လိုမ်ိဳး ေပါင္းမယ္။ ေနာက္ၿပီးေတာ့ လူေတြရဲ့ ဆဲလ္ေတြ ထဲကို ေရာက္သြားၿပီးရင္ ဘယ္လိုမ်ိဳး. Effect ေတြ ျပန္ျဖစ္တယ္ ဆိုတာေတြက ကြာသြားတယ္။ အဲဒီလို လူေတြရဲ့ ဆဲလ္ေတြထဲေရာက္ၿပီးသြားရင္ အသက္ရွင္လို႔ ရေအာင္လုိ႔ သူတုိ႔ရဲ့ မ်ိဳးဗီဇ နဲနဲေလးေတာ့ ေျပာင္းသြားတယ္။

ေမး။. ၁ ။“ Covid 19 ေရာဂါျဖစ္ေစတဲ့ SARS CoV 2 ဗိုင္းရပ္စ္ပိုးဟာ ဘယ္သတၱဝါကေန စၿပီးရလာတယ္ ဆိုတာ ပထမေျပာျပေပးပါ။ ဘယ္မွာ စတယ္ ဆိုတဲ့ origin ေလးေပါ့ေနာ္။”

SARS CoV 2 ဗိုင္းရပ္စ္ဟာ ဘယ္သတၱဝါေတြကေန အဓိကကူးစက္ႏိုင္ပါသလဲ။

မခင္ဇာဝင္းျပည့္။ ။“Covid 19 က ကိုရိုနာဗိုင္းရပ္စ္ family ဗိုင္းရပ္စ္ပါ။ ကိုရိုနာဗိုင္းရပ္စ္က သူ႔ဟာသူ မိသားစုဗိုင္းရပ္စ္ အႀကီးႀကီးတခု ရွိတယ္။ သူ႔မွာ ပံုမွန္အတိုင္း ဆိုလို႔ရွိရင္ လူေတြမွာ ျဖစ္ေနက် ပံုမွန္အတိုင္းက ေဆာင္းတြင္းမွာ အေအးမိႏွာေစး။ ေခ်ာင္းဆိုး၊ အဲဒီလိုမ်ိဳး အေအးမိတဲ့ အခါမ်ိဳး ကိုယ္ေတြလက္ေတြ နာမယ္ အဲလိုမ်ိဳး ျဖစ္တဲ့ ဗိုင္းရပ္စ္ပဲ။ ဒီဗိုင္းရပ္စ္ တခုက လူထဲဝင္သြားတယ္ ဆိုရင္ ဥပမာ အေအးမိလို႔ဆိုရင္ လူေတြက ဘာေဆးမွ မေသာက္လဲ တပတ္ ၂ ပတ္ေနရင္ သူ႔ဟာသူ ျပန္ေပ်ာက္သြားတာ ခ်ည္းပဲေလ။ မၾကာဘူးဆိုရင္ သံုးေလးရက္နဲ႔ အေအးမိတာက ေပ်ာက္တယ္။ အဲဒါမ်ိဳး ဗုိင္းရပ္စ္ အဖြဲ႔လိုေပါ့။ ဒါေပမယ့္ သူက အဲဒီမွာမွ အခုက SARS CoV 2 ေပါ့ေနာ္။ သူက - သူ႔ရဲ့ အစက သူ႔ရဲ့ ancestors၊ သူ႔ရဲ့ ဘိုးေအကီးက လင္းႏို႔ေတြ ဆီက ကူးတာ၊ လင္းႏို႔ေတြ ဆီမွာ ရွိတဲ့ ဗိုင္းရပ္စ္။

အဲဒီဗိုင္းရပ္စ္ကေနၿပီးေတာ့ သူက တိုက္ရိုက္ျဖစ္ေစ၊ တဆင့္ကူးတယ္ ဆိုတာမ်ိဳးလည္း ရွိတယ္။ ဘယ္လိုမ်ိဳး ဆိုတာ ေတာ့ ေသခ်ာ အတည္မျပဳရ ေသးေပမဲ့၊ လင္းႏို႔မွာ ရွိတဲ့ ဗိုင္းရပ္စ္ ကေနၿပီးေတာ့ သူက နဲနဲေလး ေျပာင္းသြားၿပီးတဲ့ အခါက်မွ လူေတြဆီကို ေရာက္လာတယ္ေပါ့။

သူ႔မိသားစုဝင္ ဗိုင္းရပ္စ္အုပ္စု ထဲမွာမွ အဖြဲ႔ေလးေတြက အမ်ားႀကီး။ အဖြဲ႔ခြဲက ၄ ဖြဲ႔ ရွိတယ္။ အဲဒီအဖြဲ႔ခြဲ ၄ ဖြဲ႔မွာမွ အယ္လ္ဖာ၊ ဘီတာ၊ ဂါမာ၊ ဒယ္လ္တာ ၄ ခုရွိတဲ့ထဲမွာ ၂ ခုကသာ၊အယ္လ္ဖာနဲ႔ ဘီတာ အဖြဲ႔ ၂ ခု ကသာ လူေတြကို ကူးႏိုင္တယ္။

က်န္တဲ့ဟာေတြကက်ေတာ့ ႏြားေတြ၊ ဆိတ္ေတြ၊ ငွက္ေတြမွာကူးတာ အမ်ိဳးမ်ိဳးေပါ့။ အခု ျဖစ္ေနတဲ့ SARS CoV 2 ဆိုရင္ ဘီတာေပါ့။ အယ္လ္ဖာ ကက်ေတာ့ သူက ရိုးရိုး ႏွာေစးေခ်ာင္းဆိုး ဟာမ်ိဳး။ အခု ဘီတာ အဖြဲ႔မွာ ဆိုရင္ ဆားစ္ ျဖစ္ခဲ့တာရွိတယ္။ မားစ္ ျဖစ္ခဲ့တာရွိတယ္၊ ေနာက္ မားစ္လိုပံုစံမ်ိဳး ျဖစ္ခဲ့တဲ့ဟာရွိတယ္။

ဒါေပမယ့္ အခု ျဖစ္ေနတဲ့ SARS CoV 2 ဆိုရင္ သူက သူနဲ႔ မ်ိဳးဗီဇခ်င္း ၉ ၆.၂ % တူတဲ့ဟာကေတာ့ လင္းႏို႔ေတြဆီမွာ ေတြ႔ရပါတယ္။”

ေမး။၂ “။လင္းႏို ႔ေတြ ဆီမွာကနဂိုကတည္းက ဗိုင္းရပ္စ္ မ်ိဳးစံုရွိေနတာပါ။ အဲဒီေတာ့လူကို ကူးဖို႔ျဖစ္လာေစတဲ့ အေၾကာင္းရင္းေလးေျပာျပေပးပါ။ ဒီလင္းႏို႔ေတြ မွာရွိတဲ့ ဗုိင္းရပ္စ္က လူကိုဘယ္လို ကူးတယ္ဆိုတာ ေျပာျပေပးပါ။

မခင္ဇာဝင္းျပည့္။ ။“ဆားစ္ေရာ မားစ္ ေရာက လင္းႏို႔ေတြ ဆီက မူရင္းျဖစ္ၿပီးေတာ့ သူက တေျဖးေျဖးနဲ႔ ခလယ္ေခါင္ ၊ ခလယ္ၾကားခံေကာင္ကို ေနာက္အဲဒီကေနၿပီး ကူးလာတာ ေပါ့ေနာ္။ အဆင့္ဆင့္ ဆင့္ကဲေျပာင္းလဲၿပီးေတာ့ ကူးလာတာပါ။ ဒီလင္းႏို႔ေတြ ဆီကေန ဘယ္လိုမ်ိဳး ကူးသလဲ ဆိုတာကေတာ့ အခုထိ ဒါကတိုက္ရိုက္ ကူးသလား၊ ခလယ္ၾကားခံေကာင္ကေန ကူးသလား အခုဒီ Covid 19 ဆိုရင္ သူက ေျပာေနၾကတာက သူက သင္းေခြခ်ပ္လို အေကာင္မ်ိဳးေတြ ဆီကေန လူကိုကူး တာလို႔ ေျပာတယ္။ အဲဒီလို သင္းေခြခ်ပ္လို အေကာင္ကေန တဆင့္ခံ ကူးသလား ဒါကေတာ့ အျငင္းပြါးေနတုန္းပဲ ေပါ့ေနာ္။ ဒါေပမယ့္ ေသခ်ာတာ တခုကေတာ့ သူ႔ဗုိင္းရပ္စ္က လူဆီမွာ ရွိတဲ့ ဗိုင္းရပ္စ္နဲ႔လင္းႏို႔ ဆီမွာ ရွိတဲ ဗိုင္းရပ္စ္ ၂ ခုကို ယွဥ္ၾကည့္မယ္ ဆိုင္ေတာ့ သိပ္ၿပီးေတာ့ ေျပာင္းလဲတာ မရွိေသးဘူး၊ ရာခိုင္ႏႈန္း နဲနဲေလးပဲ ရွိေသးတယ္ေပါ့ေနာ္။ အဲဒီလို ေျပာလို႔ရတယ္။”

ေမး။. ။“အဲဒီလို ေျပာင္းလဲမႈ သိပ္မရွိေသးတာက ဘယ္ေလာက္ အႏၱရာယ္ ရွိပါသလဲ။”

မခင္ဇာဝင္းျပည့္။ ။“ေျပာင္းလဲတာက သိပ္ၿပီး မေျပာင္းေသးဘူးဆိုရင္၊ ဆိုလိုတာက မူရင္းကေန လူဆီကို ေရာက္တဲ့ အခ်ိန္မွာ သိပ္မေျပာင္းရ ေသးဘူး ဆိုရင္ သူ႔မွာ ေျပာင္းလဲ ႏုိင္ေခ်ရွိေနတယ္။

SARS / MARS ဆားစ္တို႔မားစ္ တို႔ မွာ - ဆားစ္ ဆိုရင္ သူ႔ရဲ့ မူရင္း ဇစ္ျမစ္နဲ႔ဆိုရင္ ၇၉ % ေလာက္ တူတယ္။ ေနာက္ မားစ္ ဆိုရင္လည္း သူ႔ရဲ့ မူရင္းဇစ္ျမစ္နဲ႔ဆို၅၀% ေလာက္ ပဲ တူတယ္။ အဲလိုမ်ိဳးေတြ ရွိခဲ့တယ္ေပါ့။ အခု ဒီေကာင္ကေတာ့ ၉ ၆.၂ % ေလာက္ တူတယ္ဆိုတဲ့ အခါက်ေတာ့ သူ႔မွာထပ္ေျပာင္းရင္ ဘာေတြ ထပ္ေျပာင္းဦးမလဲ ဆိုတာ ေတြက ရွိတယ္။ ဟို လင္းႏို႔ဆီကေန အၿပီးအပိုင္ သူက မေျပာင္းရေသးဘူးေပါ့။ အေသအခ်ာ မေျပာင္းရေသးေတာ့ ၊ သူက လူေတြဆီကို ေရာက္တဲ့အခ်ိန္မွာ အဲ အခါက်ေတာ့ ရုတ္တရက္ shock ရသလို ျဖစ္ၿပီးေတာ့ အဲဒီမွာ လူက ဘယ္လိုျပန္လုပ္ရမယ္ လူရဲ့ ခုခံအားက ေသခ်ာ ဘယ္လိျပန္လုပ္ရမယ္ ဆိုတ မသိဘူး ျဖစ္ေနတယ္ ေပါ့ေနာ္။

အခုလုပ္ေနတဲ့ ကုသေဆးတို႔ ကာကြယ္ေဆးတို႔က ဒီဗိုင္းရပ္စ္ရဲ့ ကုိယ္ေပၚက spikes လို႔ေခၚတဲ့ ဆူးခၽြန္ကေလးေတြကို target ပစ္မွတ္ထား စမ္းသပ္ေနၾကတယ္။ တကယ္လို႔ ဆင့္ကဲ ေျပာင္းလဲမႈေတြ ျဖစ္သြားၿပီ ဆိုလို႔ရွိရင္ ဒီဗိုင္းရပ္စ္ရဲ့ ေရာဂါေပးႏုိင္စြမ္းက ဒါမွမဟုတ္ ေရာဂါ ျပင္းထန္ႏိုင္စြမ္း ေတြက ေျပာင္းလဲ သြားမလား ဆိုတာ ကုိေတာ့ ႀကိဳၿပီး သတိထားရမွာ စဥ္းစားဆင္ျခင္ရမွာ ျဖစ္ပါတယ္။”

ေမး။. ။“ဆိုေတာ့ ဒါက ေတာ္ေတာ္ အႏၱရာယ္ ရွိတာေပါ့ေနာ္။ သူ႔ရဲ့ မူလကေန ပံုစံ ေျပာင္းသြားတာနဲ႔သူ အႏၱရာယ္ ေပးႏိုင္ တဲ့ ပံုစံက ေျပာင္းသြားတာ ေပါ့ေနာ္။”

မခင္ဇာဝင္းျပည့္။ ။“ဟုတ္ကဲ့ ေျပာင္းသြား ပါတယ္။ ၁ ၉ ၁၈ ။၁၉ ၂၀ ေလာက္ မွာ ျဖစ္ခဲ့တဲ့ ဆင္တုပ္ေကြး ဆိုကမာၻ႔ကပ္ပါ - Spanish Flu လို႔လည္း ေခၚပါတယ္။ Global flu pandemic လို႔လည္း ေခၚတယ္။ အဲဒီမွာ ဆိုလို႔ရွိရင္ first wave – second wave မွာ First wave က ဗိုင္းရပ္စ္ မေျပာင္းခင္ ေပါ့ေနာ္။ ဗိုင္းရပ္စ္က ကူးတယ္ ၿပီး ျပန္က်သြားတယ္။ က်သြားတဲ့ ဟာ ၿပီးသြားလို႔ရွိရင္ ေနာက္တႀကိမ္ ထပ္ၿပီး ကူးတယ္။ average ပ်မ္းမ ွ် မွာ ဆိုရင္ အခု အသက္ႀကီးတဲ့လူေတြကို target ပစ္မွတ္ထားမယ္၊ ေနာက္ ေရာဂါအခံရွိသူေတြကို ပစ္မွတ္ထားမယ္။

ဒါဟာ တကယ္လို႔ ဒီဗုိင္းရပ္စ္က ဆင့္ကဲ ေျပာင္းလဲမႈ ျဖစ္သြားၿပီ mutation ျဖစ္သြားၿပီ ဆိုလို႔ရွိရင္ သူ႔ရဲ့ target လုပ္တဲ့ population အုပ္စု ကလည္း ေျပာင္းသြားႏိုင္တယ္။

အခု အသက္ႀကီးတဲ့ သူ ေရာဂါအခံရွိတဲ့ လူေတြ ျဖစ္တတ္တယ္ ဆိုေပမယ့္ ေျပာင္းသြားၿပီ ဆိုရင္ ၊ ေရာဂါျဖစ္တာ ပုိျပင္းထန္လာၿပီ ဆိုရင္ ေတာ့ လူငယ္ေတြ ျဖစ္လာႏိုင္တယ္။ ကေလးေတြ ျဖစ္လာႏိုင္တယ္။ အဲဒီလိုမ်ိဳး ပံုစံ ေျပာင္းသြားမယ္ ဆိုရင္ ပိုၿပီးေတာ့ ဆိုးလာႏိုင္တယ္။ အဲဒီေတာ့ ဒါမ်ိဳး မျဖစ္ရေအာင္ second wave မတိုင္ခင္ ကာကြယ္ေဆးကို ထုတ္ႏုိင္ဖို႔ စိုင္းျပင္းေနတာပါ။”

မခင္ဇာဝင္းျပည့္ရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸြံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

Unicode

ဒီတပတ်တော့ ကမ္ဘာတလွှား လူပေါင်း သန်းနဲ့ချီ အကူးစက်ခံနေရတဲ့ Covid 19 ဗိုင်းရပ်စ်ပိုး ရဲ့ mutation လို့ခေါ်တဲ့ သန္ဓေပြောင်းလဲမှု ဆင့်ကဲ ဖြစ်တာဟာ ဘယ်လောက် အရေးပါတယ် ဆိုတာကို ပြောပြပေးပါမယ်။ Utah ပြည်နယ် Brigham Young တက္ကသိုလ်က အဏုဇီဝဗေဒ ဘွဲ့လွန်ကျောင်းသူ မခင်ဇာဝင်းပြည့် ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

မေး။.။“ mutation ဆိုတဲ့ သဘောလေးကို ရှင်းပြပေးပါ။ ပြောင်းလဲတဲ့ သဘောပေါ့နော်။”

မခင်ဇာဝင်းပြည့်။ ။“မျိုးဗီဇ mutation ဆိုတာကို ဆီလေ ျှာ်အောင် ဘာသာပြန်ရရင်တော့ မျိုးဗီဇ ဆင့်ကဲပြောင်းလဲသွားတာပေါ့နော်။ ဘယ်လိုမျိုး ပြောင်းသွားသလဲဆိုရင်၊ ဗိုင်းရပ်စ်တွေမှာ ဆိုရင် သူက လူကိုပဲ တိုက်ရိုက်ကူးတာ ရှိသလို တခြား သတ္တဝါတွေကနေ လူကိုပြောင်း ကူးလာတဲ့ ဗိုင်းရပ်စ်မျိုးေးတွလည်း ရှိတယ်။ ဥပမာ ပြောရရင် HIV လိုမျိုးပေါ့နော်။ သူက လူကို ပြောင်းခဲ့တယ်။ မျောက်တွေမှာ ရှိနေတုန်းကတော့ သူက normal ပဲ။ သူ့ဟာသူ ဖြစ်နေတုန်းပဲ ပုံမှန် သမရိုးကျ ဖြစ်နေတာပဲ။ ဒါပေမယ့် သူက လူဆီကို ပြောင်းတဲ့ အခါကျတော့ လူတွေဆီမှာ ပိုပြီးတော့ ရောဂါတွေ ဖြစ်လာတယ်။

အဲဒီလို တနေရာကနေ တနေရာကို ပြောင်းရင် မျိုးဗီဇက နဲနဲလေးတော့ ပြောင်းရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူက သူကူးတဲ့ အကောင် မတူတဲ့ အတွက်ကြောင့်မို့ ဝင်ရတဲ့ပုံစံ၊ဝင်တဲ့အခါမှာ ဆဲလ် တွေအပေါ်မှာ ဘယ်လိုမျိုး ပေါင်းမယ်။ နောက်ပြီးတော့ လူတွေရဲ့ ဆဲလ်တွေ ထဲကို ရောက်သွားပြီးရင် ဘယ်လိုမျိုး. Effect တွေ ပြန်ဖြစ်တယ် ဆိုတာတွေက ကွာသွားတယ်။ အဲဒီလို လူတွေရဲ့ ဆဲလ်တွေထဲရောက်ပြီးသွားရင် အသက်ရှင်လို့ ရအောင်လို့ သူတို့ရဲ့ မျိုးဗီဇ နဲနဲလေးတော့ ပြောင်းသွားတယ်။

မေး။. ၁ ။“ Covid 19 ရောဂါဖြစ်စေတဲ့ SARS CoV 2 ဗိုင်းရပ်စ်ပိုးဟာ ဘယ်သတ္တဝါကနေ စပြီးရလာတယ် ဆိုတာ ပထမပြောပြပေးပါ။ ဘယ်မှာ စတယ် ဆိုတဲ့ origin လေးပေါ့နော်။”

SARS CoV 2 ဗိုင်းရပ်စ်ဟာ ဘယ်သတ္တဝါတွေကနေ အဓိကကူးစက်နိုင်ပါသလဲ။

မခင်ဇာဝင်းပြည့်။ ။“Covid 19 က ကိုရိုနာဗိုင်းရပ်စ် family ဗိုင်းရပ်စ်ပါ။ ကိုရိုနာဗိုင်းရပ်စ်က သူ့ဟာသူ မိသားစုဗိုင်းရပ်စ် အကြီးကြီးတခု ရှိတယ်။ သူ့မှာ ပုံမှန်အတိုင်း ဆိုလို့ရှိရင် လူတွေမှာ ဖြစ်နေကျ ပုံမှန်အတိုင်းက ဆောင်းတွင်းမှာ အအေးမိနှာစေး။ ချောင်းဆိုး၊ အဲဒီလိုမျိုး အအေးမိတဲ့ အခါမျိုး ကိုယ်တွေလက်တွေ နာမယ် အဲလိုမျိုး ဖြစ်တဲ့ ဗိုင်းရပ်စ်ပဲ။ ဒီဗိုင်းရပ်စ် တခုက လူထဲဝင်သွားတယ် ဆိုရင် ဥပမာ အအေးမိလို့ဆိုရင် လူတွေက ဘာဆေးမှ မသောက်လဲ တပတ် ၂ ပတ်နေရင် သူ့ဟာသူ ပြန်ပျောက်သွားတာ ချည်းပဲလေ။ မကြာဘူးဆိုရင် သုံးလေးရက်နဲ့ အအေးမိတာက ပျောက်တယ်။ အဲဒါမျိုး ဗိုင်းရပ်စ် အဖွဲ့လိုပေါ့။ ဒါပေမယ့် သူက အဲဒီမှာမှ အခုက SARS CoV 2 ပေါ့နော်။ သူက - သူ့ရဲ့ အစက သူ့ရဲ့ ancestors၊ သူ့ရဲ့ ဘိုးအေကီးက လင်းနို့တွေ ဆီက ကူးတာ၊ လင်းနို့တွေ ဆီမှာ ရှိတဲ့ ဗိုင်းရပ်စ်။

အဲဒီဗိုင်းရပ်စ်ကနေပြီးတော့ သူက တိုက်ရိုက်ဖြစ်စေ၊ တဆင့်ကူးတယ် ဆိုတာမျိုးလည်း ရှိတယ်။ ဘယ်လိုမျိုး ဆိုတာ တော့ သေချာ အတည်မပြုရ သေးပေမဲ့၊ လင်းနို့မှာ ရှိတဲ့ ဗိုင်းရပ်စ် ကနေပြီးတော့ သူက နဲနဲလေး ပြောင်းသွားပြီးတဲ့ အခါကျမှ လူတွေဆီကို ရောက်လာတယ်ပေါ့။

သူ့မိသားစုဝင် ဗိုင်းရပ်စ်အုပ်စု ထဲမှာမှ အဖွဲ့လေးတွေက အများကြီး။ အဖွဲ့ခွဲက ၄ ဖွဲ့ ရှိတယ်။ အဲဒီအဖွဲ့ခွဲ ၄ ဖွဲ့မှာမှ အယ်လ်ဖာ၊ ဘီတာ၊ ဂါမာ၊ ဒယ်လ်တာ ၄ ခုရှိတဲ့ထဲမှာ ၂ ခုကသာ၊အယ်လ်ဖာနဲ့ ဘီတာ အဖွဲ့ ၂ ခု ကသာ လူတွေကို ကူးနိုင်တယ်။

ကျန်တဲ့ဟာတွေကကျတော့ နွားတွေ၊ ဆိတ်တွေ၊ ငှက်တွေမှာကူးတာ အမျိုးမျိုးပေါ့။ အခု ဖြစ်နေတဲ့ SARS CoV 2 ဆိုရင် ဘီတာပေါ့။ အယ်လ်ဖာ ကကျတော့ သူက ရိုးရိုး နှာစေးချောင်းဆိုး ဟာမျိုး။ အခု ဘီတာ အဖွဲ့မှာ ဆိုရင် ဆားစ် ဖြစ်ခဲ့တာရှိတယ်။ မားစ် ဖြစ်ခဲ့တာရှိတယ်၊ နောက် မားစ်လိုပုံစံမျိုး ဖြစ်ခဲ့တဲ့ဟာရှိတယ်။

ဒါပေမယ့် အခု ဖြစ်နေတဲ့ SARS CoV 2 ဆိုရင် သူက သူနဲ့ မျိုးဗီဇချင်း ၉ ၆.၂ % တူတဲ့ဟာကတော့ လင်းနို့တွေဆီမှာ တွေ့ရပါတယ်။”

မေး။၂ “။လင်းနို့တွေ ဆီမှာကနဂိုကတည်းက ဗိုင်းရပ်စ် မျိုးစုံရှိနေတာပါ။ အဲဒီတော့လူကို ကူးဖို့ဖြစ်လာစေတဲ့ အကြောင်းရင်းလေးပြောပြပေးပါ။ ဒီလင်းနို့တွေ မှာရှိတဲ့ ဗိုင်းရပ်စ်က လူကိုဘယ်လို ကူးတယ်ဆိုတာ ပြောပြပေးပါ။

မခင်ဇာဝင်းပြည့်။ ။“ဆားစ်ရော မားစ် ရောက လင်းနို့တွေ ဆီက မူရင်းဖြစ်ပြီးတော့ သူက တဖြေးဖြေးနဲ့ ခလယ်ခေါင် ၊ ခလယ်ကြားခံကောင်ကို နောက်အဲဒီကနေပြီး ကူးလာတာ ပေါ့နော်။ အဆင့်ဆင့် ဆင့်ကဲပြောင်းလဲပြီးတော့ ကူးလာတာပါ။ ဒီလင်းနို့တွေ ဆီကနေ ဘယ်လိုမျိုး ကူးသလဲ ဆိုတာကတော့ အခုထိ ဒါကတိုက်ရိုက် ကူးသလား၊ ခလယ်ကြားခံကောင်ကနေ ကူးသလား အခုဒီ Covid 19 ဆိုရင် သူက ပြောနေကြတာက သူက သင်းခွေချပ်လို အကောင်မျိုးတွေ ဆီကနေ လူကိုကူး တာလို့ ပြောတယ်။ အဲဒီလို သင်းခွေချပ်လို အကောင်ကနေ တဆင့်ခံ ကူးသလား ဒါကတော့ အငြင်းပွါးနေတုန်းပဲ ပေါ့နော်။ ဒါပေမယ့် သေချာတာ တခုကတော့ သူ့ဗိုင်းရပ်စ်က လူဆီမှာ ရှိတဲ့ ဗိုင်းရပ်စ်နဲ့လင်းနို့ ဆီမှာ ရှိတဲ ဗိုင်းရပ်စ် ၂ ခုကို ယှဉ်ကြည့်မယ် ဆိုင်တော့ သိပ်ပြီးတော့ ပြောင်းလဲတာ မရှိသေးဘူး၊ ရာခိုင်နှုန်း နဲနဲလေးပဲ ရှိသေးတယ်ပေါ့နော်။ အဲဒီလို ပြောလို့ရတယ်။”

မေး။. ။“အဲဒီလို ပြောင်းလဲမှု သိပ်မရှိသေးတာက ဘယ်လောက် အန္တရာယ် ရှိပါသလဲ။”

မခင်ဇာဝင်းပြည့်။ ။“ပြောင်းလဲတာက သိပ်ပြီး မပြောင်းသေးဘူးဆိုရင်၊ ဆိုလိုတာက မူရင်းကနေ လူဆီကို ရောက်တဲ့ အချိန်မှာ သိပ်မပြောင်းရ သေးဘူး ဆိုရင် သူ့မှာ ပြောင်းလဲ နိုင်ချေရှိနေတယ်။

SARS / MARS ဆားစ်တို့မားစ် တို့ မှာ - ဆားစ် ဆိုရင် သူ့ရဲ့ မူရင်း ဇစ်မြစ်နဲ့ဆိုရင် ၇၉ % လောက် တူတယ်။ နောက် မားစ် ဆိုရင်လည်း သူ့ရဲ့ မူရင်းဇစ်မြစ်နဲ့ဆို၅၀% လောက် ပဲ တူတယ်။ အဲလိုမျိုးတွေ ရှိခဲ့တယ်ပေါ့။ အခု ဒီကောင်ကတော့ ၉ ၆.၂ % လောက် တူတယ်ဆိုတဲ့ အခါကျတော့ သူ့မှာထပ်ပြောင်းရင် ဘာတွေ ထပ်ပြောင်းဦးမလဲ ဆိုတာ တွေက ရှိတယ်။ ဟို လင်းနို့ဆီကနေ အပြီးအပိုင် သူက မပြောင်းရသေးဘူးပေါ့။ အသေအချာ မပြောင်းရသေးတော့ ၊ သူက လူတွေဆီကို ရောက်တဲ့အချိန်မှာ အဲ အခါကျတော့ ရုတ်တရက် shock ရသလို ဖြစ်ပြီးတော့ အဲဒီမှာ လူက ဘယ်လိုပြန်လုပ်ရမယ် လူရဲ့ ခုခံအားက သေချာ ဘယ်လိပြန်လုပ်ရမယ် ဆိုတ မသိဘူး ဖြစ်နေတယ် ပေါ့နော်။

အခုလုပ်နေတဲ့ ကုသဆေးတို့ ကာကွယ်ဆေးတို့က ဒီဗိုင်းရပ်စ်ရဲ့ ကိုယ်ပေါ်က spikes လို့ခေါ်တဲ့ ဆူးချွန်ကလေးတွေကို target ပစ်မှတ်ထား စမ်းသပ်နေကြတယ်။ တကယ်လို့ ဆင့်ကဲ ပြောင်းလဲမှုတွေ ဖြစ်သွားပြီ ဆိုလို့ရှိရင် ဒီဗိုင်းရပ်စ်ရဲ့ ရောဂါပေးနိုင်စွမ်းက ဒါမှမဟုတ် ရောဂါ ပြင်းထန်နိုင်စွမ်း တွေက ပြောင်းလဲ သွားမလား ဆိုတာ ကိုတော့ ကြိုပြီး သတိထားရမှာ စဉ်းစားဆင်ခြင်ရမှာ ဖြစ်ပါတယ်။”

မေး။. ။“ဆိုတော့ ဒါက တော်တော် အန္တရာယ် ရှိတာပေါ့နော်။ သူ့ရဲ့ မူလကနေ ပုံစံ ပြောင်းသွားတာနဲ့သူ အန္တရာယ် ပေးနိုင် တဲ့ ပုံစံက ပြောင်းသွားတာ ပေါ့နော်။”

မခင်ဇာဝင်းပြည့်။ ။“ဟုတ်ကဲ့ ပြောင်းသွား ပါတယ်။ ၁ ၉ ၁၈ ။၁၉ ၂၀ လောက် မှာ ဖြစ်ခဲ့တဲ့ ဆင်တုပ်ကွေး ဆိုကမ္ဘာ့ကပ်ပါ - Spanish Flu လို့လည်း ခေါ်ပါတယ်။ Global flu pandemic လို့လည်း ခေါ်တယ်။ အဲဒီမှာ ဆိုလို့ရှိရင် first wave – second wave မှာ First wave က ဗိုင်းရပ်စ် မပြောင်းခင် ပေါ့နော်။ ဗိုင်းရပ်စ်က ကူးတယ် ပြီး ပြန်ကျသွားတယ်။ ကျသွားတဲ့ ဟာ ပြီးသွားလို့ရှိရင် နောက်တကြိမ် ထပ်ပြီး ကူးတယ်။ average ပျမ်းမ ျှ မှာ ဆိုရင် အခု အသက်ကြီးတဲ့လူတွေကို target ပစ်မှတ်ထားမယ်၊ နောက် ရောဂါအခံရှိသူတွေကို ပစ်မှတ်ထားမယ်။

ဒါဟာ တကယ်လို့ ဒီဗိုင်းရပ်စ်က ဆင့်ကဲ ပြောင်းလဲမှု ဖြစ်သွားပြီ mutation ဖြစ်သွားပြီ ဆိုလို့ရှိရင် သူ့ရဲ့ target လုပ်တဲ့ population အုပ်စု ကလည်း ပြောင်းသွားနိုင်တယ်။

အခု အသက်ကြီးတဲ့ သူ ရောဂါအခံရှိတဲ့ လူတွေ ဖြစ်တတ်တယ် ဆိုပေမယ့် ပြောင်းသွားပြီ ဆိုရင် ၊ ရောဂါဖြစ်တာ ပိုပြင်းထန်လာပြီ ဆိုရင် တော့ လူငယ်တွေ ဖြစ်လာနိုင်တယ်။ ကလေးတွေ ဖြစ်လာနိုင်တယ်။ အဲဒီလိုမျိုး ပုံစံ ပြောင်းသွားမယ် ဆိုရင် ပိုပြီးတော့ ဆိုးလာနိုင်တယ်။ အဲဒီတော့ ဒါမျိုး မဖြစ်ရအောင် second wave မတိုင်ခင် ကာကွယ်ဆေးကို ထုတ်နိုင်ဖို့ စိုင်းပြင်းနေတာပါ။”

မခင်ဇာဝင်းပြည့်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပွံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG