သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID -19 ကာလ အစိုးရ အရန္ဆန္ အတြက္ ပို႔ကုန္လုပ္ငန္းရွင္ေတြ ေစ်းေလွ်ာ့ေရာင္းၾကရ


(Zawgyi / Unicode)

ေသာတရွင္မ်ားရွင္ အပတ္စဥ္ စီးပြားေရး အစီအစဥ္ကို တင္ျပေပးပါမယ္။ က်မ သိဂၤ ီထုိက္ပါ။

COVID 19 ကာလ ျမန္မာ အစိုးရက အရန္ဆန္ တန္ခ်ိန္ ၅ ေသာင္းထိ ၀ယ္ယူေနတာမွာ ဆန္လုပ္ငန္းရွင္ေတြက ေစ်းကြက္ေပါက္ေစ်းေအာက္ ေလွ်ာ့ၿပီး ေရာင္းခ်ေပးရပါတယ္။ ျပည္ပ ဆန္တင္ပို႔ခြင့္ အတြက္ ခြဲတမ္းက်ဆန္ကို သတ္မွတ္ေစ်းနဲ႔ သြင္းရတာ ျဖစ္တယ္လို႔ ေျပာျပလာတဲ႔ ျမန္မာႏုိင္ငံ ဆန္စပါး အသင္းခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာ စိုးထြန္းနဲ႔ ေဆြးေႏြးထားပါတယ္။

သိဂၤ ီထိုက္။ ။ အရန္ဆန္ ပမာဏ ဘယ္ေလာက္ ၀ယ္မလဲရွင့္ ဆရာ။
ေဒါက္တာ စိုးထြန္း ။ ။ က်ေနာ္တို႔ မွန္းထားတာေတာ့ တန္ခ်ိန္ ၅၀,၀၀၀ က်ေနာ္တို႔ ၀ယ္ဖို႔ မွန္းထားပါတယ္။

သိဂၤ ီထိုက္။ ။ ဆိုေတာ့ ေစ်းကြက္ေပါက္ေစ်း အတိုင္းဘဲလားရွင့္။ ေစ်းႏႈန္းကေရာ ဘယ္လို ၀ယ္ပါလဲ။
ေဒါက္တာ စိုးထြန္း ။ ။ သူက ေစ်းကြက္ေပါက္ေစ်းထက္ စာရင္ေတာ့ နိမ့္ပါတယ္။ သူတို႔ ေပးတဲ႔ ေစ်းက အစိုးရက ၁၀၈ ေပါင္ တအိ္တ္ကို ၂၁,၆၀၀ ေစ်း ေပးပါတယ္။ အျပင္မွာေတာ့ ၂၃,၅၀၀ ေစ်းေလာက္ ေပါက္ပါတယ္။

သိဂၤ ီထိုက္။ ။ ဟုတ္ကဲ႔ အဲဒီေတာ့ ဘယ္သူေတြက ေရာင္းပါလဲရွင့္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အျပင္ေစ်းကြက္နဲ႔က ေစ်းေတာ္ေတာ္ ကြာေနေတာ့။
ေဒါက္တာ စိုးထြန္း ။ ။ အဲဒါကေတာ့ က်ေနာ္တို႔က ဒီ အိတ္စ္ပို႔ ပို႔တဲ႔သူေတြေပါ့ေနာ္။ အိတ္စ္ပို႔ ပို႔တဲ႔သူေတြက မျဖစ္မေန သြင္းရတဲ႔ ပံုစံေပါ့ေနာ္။ က်ေနာ္တို႔က ပို႔တဲ႔ ပမာဏရဲ႕ ၁၀ ရာခိုင္ႏႈန္းကို အရန္ဆန္ သြင္းရပါတယ္။ အရင္ပို႔ခဲ႔တဲ႔ မတ္လ ၁၇ ရက္ေန႔ ေနာက္ပိုင္း လိုင္စင္ ထုတ္ခဲ႔တဲ႔ လူေတြနဲ႔ ေမလ ထုတ္မယ့္လူ ဇြန္လ ထုတ္မယ့္လူ ေတြကို က်ေနာ္တို႔က ခြဲတမ္း စနစ္ သတ္မွတ္ေပးတယ္။ အဲဒီ ခြဲတမ္းကိုမွ မိမိတင္ပို႔လိုတဲ႔ ပမာဏရဲ႕ ၁၀ ရာခိုင္ႏႈန္းေပါ့၊ ဥပမာ တန္ ၁၀၀၀ တင္ပို႔မယ့္ လူက တန္ ၁၀၀ မေရာင္းမေနရ ေရာင္း။ တန္ ၁၀၀ ေရာင္းၿပီးသြားရင္ လက္မွတ္ရမွာ ဒီ လိုင္စင္ ေလွ်ာက္ခြင့္ရွိတာေပါ့ေနာ္။ အဲဒီ ပံုစံနဲ႔ က်ေနာ္တို႔က လက္ရွိ သြားတာ။

သြားတဲ႔ အတြက္ေၾကာင့္ မို႔လို႔ အျပင္ေပါက္ေစ်းနဲ႔ စာရင္ တအိတ္ကို ၂,၀၀၀ နဲ႔ ၃,၀၀၀ ၾကားေလာက္ ရံႈးတာေပါ့။ က်ေနာ္တို႔ ၀ယ္တဲ႔ ေနရာက ၂ ေနရာ ရန္ကုန္နဲ႔ မႏၱေလးေပါ့ေနာ္။ ရန္ကုန္မွာလည္း က်ေနာ္တို႔က ၅ ေနရာေလာက္ ရွိတယ္။ မႏၱေလးမွာ ေက်ာက္ဆည္မွာ တေနရာ ဖြင့္ၿပီးေတာ့ ၀ယ္တယ္ေပါ့ေနာ္။ မႏၱေလး ၀ယ္တဲ႔ အခါမွာ ဆန္ေစ်းက ပိုၿပီးမ်ားတယ္။ ရန္ကုန္မွာကေတာ့ ေက်ာက္ဆည္ထက္ စာရင္ သက္သာတယ္။ ဒါေပမယ့္ တအိတ္ကို အၾကမ္းဖ်ဥ္း ၂,၀၀၀ နဲ႔ ၃,၀၀၀ ၾကားေတာ့ အျပင္ေစ်းနဲ႔ ကြာျခားခ်က္ ရွိတယ္။ Export ပို႔တဲ႔သူေတြက အရံႈးခံၿပီး သြင္းေပးရတယ္။

သိဂၤ ီထိုက္။ ။ အခု ေလာေလာဆယ္ကေတာ့ ျပည္ပ ေစ်းကြက္ကေတာ့ ဆန္ ပို႔သေလာက္ ေရာင္းရမယ့္ အေျခအေနမ်ိဳး ရွိပါသလားရွင္႔။

ေဒါက္တာ စိုးထြန္း ။ ။ ျပည္ပ ေစ်းကြက္ကေတာ့ တန္ခ်ိန္ ၁၅၀,၀၀၀ ေလာက္ေတာ့ ေရာင္းရပါတယ္။ ဒါေပမယ့္ ႏိႈင္းယွဥ္မယ္ ဆိုရင္ေတာ့ ၿပီးခဲ႔တဲ႔ ဧၿပီလ အေနအထားနဲ႔ အခု ေမလကုန္နဲ႔ ဆိုရင္ေတာ့ ကမၻာ့ ဆန္ေစ်းကလည္း က်လာတာေပါ့။ တခ်ိဳ႕ဆန္ေတြ ဆိုရင္တတန္ကို အေမရိကန္ ေဒၚလာ ၂၅, ၃၀ ေလာက္ နီးပါး ျပန္ေအးလာတာကို ေတြ႔ရတယ္။

တခ်ိဳ႕ တိုင္းျပည္ေတြက အရင္တုန္းက အဲလိုေပါ့ COVID စျဖစ္တုန္းက က်ေနာ္တို႔ တိုင္းျပည္လည္း ပိတ္လုိက္တာကိုး။ မတ္လ ေနာက္ဆံုးပတ္ကေန ၿပီးေတာ့မွ ဒီ ဧၿပီ တလလံုး လုိင္စင္ အသစ္ မေပးဘူး ပိတ္လုိက္တယ္။ အေဟာင္းေတြဘဲ တင္ပို႔ခြင့္ ေပးလိုက္တယ္။ တျခားႏုိင္ငံေတြလည္း အဲလိုဘဲ ပိတ္ဆို႔တယ္။ ဗီယက္နမ္တို႔ ကေမၻာဒီးယားတို႔။ ဆန္ေစ်းက အဲဒီတုန္းက ၀ယ္လုိအား မ်ားတယ္ေပါ့။ အခုက သူတို႔ေတြလည္း ျပန္ဖြင့္လာတယ္။

က်ေနာ္တို႔ ျမန္မာႏုိင္ငံ အေနနဲ႔လည္း ေမလကေန စၿပီးေတာ့ Quota ထြက္လာတဲ႔ အတြက္ေၾကာင့္မို႔ အခု ေျပာရရင္ေတာ့ ကမၻာ့ဆန္ေစ်း အေနအထားကေတာ့ ျပန္ၿပီး အက်ဘက္မွာေတာ့ ရွိေနတယ္။
ဒါေပမယ့္ မေရာင္းရဘူးလားဆိုေတာ့ က်ေနာ္တို႔လည္း ေရာင္းရပါတယ္။ တန္ခ်ိန္ ကန္႔သတ္လိုက္တာကိုး။ အရင္တုန္းကေတာ့ Free ဆုိေတာ့ က်ေနာ္တို႔က ေရာင္းဖို႔ ခက္တာေပါ့။ အခုကေတာ့ Quota စနစ္ဆိုေတာ့ တန္ခ်ိန္ ၁၅၀,၀၀၀ - ၂၀၀,၀၀၀ ကေတာ့ က်ေနာ္တို႔ ေရာင္းရတဲ႔ အေနအထား ရွိပါတယ္။

သိဂၤ ီထိုက္။ ။ ဟုတ္ကဲ႔။ အဲဒီေတာ့ အရန္ဆန္ သြင္းတာမွာ ရံႈးတာနဲ႔ Export ပို႔တာမွာ ျပန္ၿပီး ျမတ္တာနဲ႔မွာေရာ ကာမိပါရဲ႕လားရွင့္။

ေဒါက္တာ စိုးထြန္း ။ ။ ခန ေျပာသလိုေပါ့ စရိတ္စကေတာ့ ျဖစ္သြားတာေပါ့။ က်ေနာ္တို႔ Export ေတြၾကားမွာေတာ့ ေျပာစရာ တခုေတာ့ ျဖစ္ေနတာေပါ့ေနာ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ္တို႔က ပံုမွန္ဆိုရင္ COVID ျဖစ္ရင္ အစိုးရက ေနၿပီး စီးပြားေရး လုပ္ငန္းရွင္ေတြကို ကူညီေပးတာေပါ့ေနာ္။

US ဆိုလည္းကူညီေပးတယ္။ အိမ္နီးခ်င္း ႏုိင္ငံေတြ ဘဂၤလားေဒရွ္႕တို႔ကလည္း အေထာက္အပံ႔ကို သန္းေပါင္း ဘယ္ေလာက္ ဒါေတြ ေရးၾကတာေပါ့။ ဒါေပမယ့္ က်ေနာ္တို႔ Exporter ေတြကေတာ့ ျပန္လွဴရတာေပါ့ေနာ္။ အစုိးရကို လွဴတဲ႔ သေဘာျဖစ္ေနတာ။ က်ေနာ္တို႔က အေထာက္အပံ႔ မရဘူး။ က်ေနာ္တို႔က ေျပာရရင္ေတာ့ မိုင္းနပ္စ္ ျပန္ျဖစ္တာ။ အရင္တုန္းက က်ေနာ္တို႔က ဒီစနစ္ မရွိဘူး။

COVID ေပၚလာမွ က်ေနာ္တို႔က အရံႈးခံၿပီး ေရာင္းတယ္ေပါ့ေနာ္။ ဒါက ေျပာရရင္ေတာ့ ရီစရာႀကီးေတာ့ ျဖစ္ေနတာေပါ့။
က်န္တဲ႔ တိုင္းျပည္ေတြက Export ကို အားေပးတယ္။ Export လုပ္ႏုိင္ဖို႔ကို ဘီလ်ံနဲ႔ ခ်ီၿပီး ကူညီေပးေနတဲ႔ အခ်ိန္မွာေပါ့ေနာ္ က်ေနာ္တို႔ဆီကေတာ့ လက္ရွိမွာ ဒီ Export နဲ႔ ပတ္သက္ရင္ေတာ့ ကူညီေပးတာ မရွိဘူး။ အစိုးရက တခုဘဲ အခြန္နဲ႔ ပတ္သက္ရင္ ေရႊ႕ဆိုင္းတဲ႔ သေဘာဘဲ ရွိတယ္။ အရင္တုန္းက က်ေနာ္တို႔က ၃ လ တႀကိမ္ ၀င္ေငြခြန္ ေဆာင္ရတယ္ေပါ့ေနာ္။ အခုကေတာ့ က်ေနာ္တို႔က ၃ လ တႀကိမ္ မေဆာင္ဘဲနဲ႔ ဒါကို ဆိုင္းငံ႔တယ္လုိ႔ဘဲ ေျပာတာကို။ ဆိုင္းငံ႔တယ္ဆိုတာ တကယ္တန္း ပလွပ္ ေပးလိုက္တာ မဟုတ္ဘူးေပါ့ေနာ္။

သူက ႏွစ္ကုန္ရင္ ျပန္ၿပီး ေဆာင္ရတာ ျဖစ္ေနတာေပါ့ေနာ္။ အခြန္ကလည္း မေလွ်ာ့ဘူး တဖက္ကလည္း က်ေနာ္တို႔ အတြက္ ေခ်းေငြတို႔ ဘာတို႔လည္း ရတာ မရွိဘူး။ သို႔ေသာ္လည္း က်ေနာ္တို႔ကေတာ့ အစိုးရကို ျပန္ၿပီး အရန္ဆန္မွာ အရံႈးခံၿပီး သြင္းေပးရတဲ႔ အပိုင္း ရွိေနတယ္။
တခ်ိဳ႕ေတြက အႀကံျပဳၾကတာကေတာ့ အရန္ဆန္ ၀ယ္ရင္ ကိုယ့္ဘာသာ အစိုးရ စာရိတ္နဲ႔ ၀ယ္လိုက္သင့္တာေပါ့ေနာ္။ ေပါက္ေစ်းနဲ႔ ေပး၀ယ္ေပါ့ဗ်ာ။ Export ပို႔တဲ႔ လူေတြက သူ႔ဘာသာ ပို႔ အဲလိုေတာ့ တခ်ိဳ႕လူေတြက အႀကံျပဳတာ ရွိတာေပါ့။

သိဂၤ ီထိုက္။ ။ ဆိုေတာ့ Exporter ေတြ ၾကားမွာေတာ့ ဒီ အေပၚမွာ ဘ၀ မက်တာ ေတြ ရွိမွာေပါ့ ဆရာ ေျပာၾကဆိုၾက ဘာမ်ား ရွိပါသလဲ။

ေဒါက္တာ စိုးထြန္း ။ ။ ခုန က်ေနာ္ ရွင္းျပသလိုဘဲ။ က်ေနာ္တို႔က နဂိုကတည္းက အလုပ္က မေကာင္းလို႔ ျပသနာ ရွိတယ္။ ျပည္ပ ေစ်းကြက္မွာလည္း ဆန္ေစ်းက်တယ္။ ေနာက္ ဒုတိယ တခ်က္က ခြဲတမ္း သတ္မွတ္တဲ႔ ေနရာမွာလည္း အသံထြက္တာေပါ့ေနာ္။ မညီမွ်မႈ ျဖစ္တယ္တို႔ နည္းတယ္ မ်ားတယ္ ျဖစ္တဲ႔အခါက်ေတာ့။ ေနာက္ ခြဲတမ္း သတ္မွတ္ လိုက္လို႔လည္း ကိုယ္သြားခ်င္ သေလာက္ သြားလို႔ မရဘူး။ ဥပမာ တလ ၂,၀၀၀ ပို႔တဲ႔သူက ၁,၀၀၀ ဘဲ ရမယ္၊ ၅၀၀ ဘဲ ရမယ္ဆို သူက လုပ္ရတာ ခက္တာေပါ့။

တဖက္မွာလည္း အရန္ဆန္ သြင္းတဲ႔ အတြက္ေၾကာင့္မို႔လို႔ အဲဒီ အရန္ဆန္ သြင္းတဲ႔ အရံႈးရဲ႕ ၀န္ထုပ္၀န္ပိုးက တတန္ ဘယ္ေလာက္ က်လဲ ဆိုေတာ့ တတန္ကိုေတာ့ က်ေနာ္တို႔က အၾကမ္းဖ်ဥ္း ၄-၅ ေဒၚလာေလာက္ အပို ကုန္က်စာရိတ္ ျဖစ္လာတာေပါ့ေနာ္။

သိဂၤ ီထိုက္။ ။ အစိုးရကို ေပါက္ေစ်းေအာက္ ေလွ်ာ့သြင္းရေတာ့ ျပည္တြင္း ဆန္ေစ်းကြက္မွာေရာ ေစ်းက်သြားပါသလားရွင့္။ ျပည္တြင္း ဆန္ ေစ်းကြက္မွာေရာ သက္ေရာက္မႈ ရိုက္ခတ္မႈ ရွိပါသလား ဆရာ။

ေဒါက္တာ စိုးထြန္း ။ ။ ျပည္တြင္း ဆန္ေစ်းက ပိုတက္တာေပါ့။ အရန္ဆန္ သြင္းဖို႔ လု၀ယ္တဲ႔ အတြက္ေၾကာင့္ မို႔လို႔ အျပင္မွာ ေစ်းတက္သြားတယ္။ အစိုးရက သြင္းတယ္ဆိုတာ က်ေနာ္တို႔က Subsidize လုပ္ၿပီး ျဖစ္တယ္။ ဒီ အစိုးရက ဒီဆန္ကို သိမ္းထားတာဘဲ ရွိတာ။ ျပန္ေရာင္းတာ မဟုတ္ဘူး။ အလကား ေပးတာ မဟုတ္ဘူး။ က်ေနာ္တို႔က အျပင္မွာက်ေတာ့ အခ်ိန္တို အတြင္းမွာ ျပည္ပ ပို႔ုဖို႔လည္း ၀ယ္ရတယ္။ အရန္ဆန္ ကိုလည္း သတ္မွတ္ရက္ အတြင္းၿပီးေအာင္ သြင္းရတယ္။
ဒီအရန္ဆန္ကို ၀ယ္တဲ႔ အင္အားေၾကာင့္ အျပင္မွာေတာ့ ဆန္ေစ်း ပိုတက္လာတယ္။ ဆန္ေစ်း က်တာ မဟုတ္ဘူး ပိုတက္လာတာ။

သိဂၤ ီထိုက္။ ။ ဆရာ ေဒါက္တာ စိုးထြန္း အထူးဘဲ ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

COVID -19 ကာလ အစိုးရ အရန်ဆန် အတွက် ပို့ကုန်လုပ်ငန်းရှင်တွေ ဈေးလျှော့ရောင်းကြရ

သောတရှင်များရှင် အပတ်စဉ် စီးပွားရေး အစီအစဉ်ကို တင်ပြပေးပါမယ်။ ကျမ သိင်္ဂ ီထိုက်ပါ။

COVID 19 ကာလ မြန်မာ အစိုးရက အရန်ဆန် တန်ချိန် ၅ သောင်းထိ ဝယ်ယူနေတာမှာ ဆန်လုပ်ငန်းရှင်တွေက ဈေးကွက်ပေါက်ဈေးအောက် လျှော့ပြီး ရောင်းချပေးရပါတယ်။ ပြည်ပ ဆန်တင်ပို့ခွင့် အတွက် ခွဲတမ်းကျဆန်ကို သတ်မှတ်ဈေးနဲ့ သွင်းရတာ ဖြစ်တယ်လို့ ပြောပြလာတဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ စိုးထွန်းနဲ့ ဆွေးနွေးထားပါတယ်။

သိင်္ဂ ီထိုက်။ ။ အရန်ဆန် ပမာဏ ဘယ်လောက် ဝယ်မလဲရှင့် ဆရာ။
ဒေါက်တာ စိုးထွန်း ။ ။ ကျနော်တို့ မှန်းထားတာတော့ တန်ချိန် ၅၀,၀၀၀ ကျနော်တို့ ဝယ်ဖို့ မှန်းထားပါတယ်။

သိင်္ဂ ီထိုက်။ ။ ဆိုတော့ ဈေးကွက်ပေါက်ဈေး အတိုင်းဘဲလားရှင့်။ ဈေးနှုန်းကရော ဘယ်လို ဝယ်ပါလဲ။
ဒေါက်တာ စိုးထွန်း ။ ။ သူက ဈေးကွက်ပေါက်ဈေးထက် စာရင်တော့ နိမ့်ပါတယ်။ သူတို့ ပေးတဲ့ ဈေးက အစိုးရက ၁၀၈ ပေါင် တအိတ်ကို ၂၁,၆၀၀ ဈေး ပေးပါတယ်။ အပြင်မှာတော့ ၂၃,၅၀၀ ဈေးလောက် ပေါက်ပါတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ အဲဒီတော့ ဘယ်သူတွေက ရောင်းပါလဲရှင့်။ ဘာဖြစ်လို့လဲ ဆိုတော့ အပြင်ဈေးကွက်နဲ့က ဈေးတော်တော် ကွာနေတော့။
ဒေါက်တာ စိုးထွန်း ။ ။ အဲဒါကတော့ ကျနော်တို့က ဒီ အိတ်စ်ပို့ ပို့တဲ့သူတွေပေါ့နော်။ အိတ်စ်ပို့ ပို့တဲ့သူတွေက မဖြစ်မနေ သွင်းရတဲ့ ပုံစံပေါ့နော်။ ကျနော်တို့က ပို့တဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို အရန်ဆန် သွင်းရပါတယ်။ အရင်ပို့ခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ နောက်ပိုင်း လိုင်စင် ထုတ်ခဲ့တဲ့ လူတွေနဲ့ မေလ ထုတ်မယ့်လူ ဇွန်လ ထုတ်မယ့်လူ တွေကို ကျနော်တို့က ခွဲတမ်း စနစ် သတ်မှတ်ပေးတယ်။ အဲဒီ ခွဲတမ်းကိုမှ မိမိတင်ပို့လိုတဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းပေါ့၊ ဥပမာ တန် ၁၀၀၀ တင်ပို့မယ့် လူက တန် ၁၀၀ မရောင်းမနေရ ရောင်း။ တန် ၁၀၀ ရောင်းပြီးသွားရင် လက်မှတ်ရမှာ ဒီ လိုင်စင် လျှောက်ခွင့်ရှိတာပေါ့နော်။ အဲဒီ ပုံစံနဲ့ ကျနော်တို့က လက်ရှိ သွားတာ။

သွားတဲ့ အတွက်ကြောင့် မို့လို့ အပြင်ပေါက်ဈေးနဲ့ စာရင် တအိတ်ကို ၂,၀၀၀ နဲ့ ၃,၀၀၀ ကြားလောက် ရှုံးတာပေါ့။ ကျနော်တို့ ဝယ်တဲ့ နေရာက ၂ နေရာ ရန်ကုန်နဲ့ မန္တလေးပေါ့နော်။ ရန်ကုန်မှာလည်း ကျနော်တို့က ၅ နေရာလောက် ရှိတယ်။ မန္တလေးမှာ ကျောက်ဆည်မှာ တနေရာ ဖွင့်ပြီးတော့ ဝယ်တယ်ပေါ့နော်။ မန္တလေး ဝယ်တဲ့ အခါမှာ ဆန်ဈေးက ပိုပြီးများတယ်။ ရန်ကုန်မှာကတော့ ကျောက်ဆည်ထက် စာရင် သက်သာတယ်။ ဒါပေမယ့် တအိတ်ကို အကြမ်းဖျဉ်း ၂,၀၀၀ နဲ့ ၃,၀၀၀ ကြားတော့ အပြင်ဈေးနဲ့ ကွာခြားချက် ရှိတယ်။ Export ပို့တဲ့သူတွေက အရှုံးခံပြီး သွင်းပေးရတယ်။

သိင်္ဂ ီထိုက်။ ။ အခု လောလောဆယ်ကတော့ ပြည်ပ ဈေးကွက်ကတော့ ဆန် ပို့သလောက် ရောင်းရမယ့် အခြေအနေမျိုး ရှိပါသလားရှင့်။

ဒေါက်တာ စိုးထွန်း ။ ။ ပြည်ပ ဈေးကွက်ကတော့ တန်ချိန် ၁၅၀,၀၀၀ လောက်တော့ ရောင်းရပါတယ်။ ဒါပေမယ့် နှိုင်းယှဉ်မယ် ဆိုရင်တော့ ပြီးခဲ့တဲ့ ဧပြီလ အနေအထားနဲ့ အခု မေလကုန်နဲ့ ဆိုရင်တော့ ကမ္ဘာ့ ဆန်ဈေးကလည်း ကျလာတာပေါ့။ တချို့ဆန်တွေ ဆိုရင်တတန်ကို အမေရိကန် ဒေါ်လာ ၂၅, ၃၀ လောက် နီးပါး ပြန်အေးလာတာကို တွေ့ရတယ်။

တချို့ တိုင်းပြည်တွေက အရင်တုန်းက အဲလိုပေါ့ COVID စဖြစ်တုန်းက ကျနော်တို့ တိုင်းပြည်လည်း ပိတ်လိုက်တာကိုး။ မတ်လ နောက်ဆုံးပတ်ကနေ ပြီးတော့မှ ဒီ ဧပြီ တလလုံး လိုင်စင် အသစ် မပေးဘူး ပိတ်လိုက်တယ်။ အဟောင်းတွေဘဲ တင်ပို့ခွင့် ပေးလိုက်တယ်။ တခြားနိုင်ငံတွေလည်း အဲလိုဘဲ ပိတ်ဆို့တယ်။ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့။ ဆန်ဈေးက အဲဒီတုန်းက ဝယ်လိုအား များတယ်ပေါ့။ အခုက သူတို့တွေလည်း ပြန်ဖွင့်လာတယ်။

ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့လည်း မေလကနေ စပြီးတော့ Quota ထွက်လာတဲ့ အတွက်ကြောင့်မို့ အခု ပြောရရင်တော့ ကမ္ဘာ့ဆန်ဈေး အနေအထားကတော့ ပြန်ပြီး အကျဘက်မှာတော့ ရှိနေတယ်။
ဒါပေမယ့် မရောင်းရဘူးလားဆိုတော့ ကျနော်တို့လည်း ရောင်းရပါတယ်။ တန်ချိန် ကန့်သတ်လိုက်တာကိုး။ အရင်တုန်းကတော့ Free ဆိုတော့ ကျနော်တို့က ရောင်းဖို့ ခက်တာပေါ့။ အခုကတော့ Quota စနစ်ဆိုတော့ တန်ချိန် ၁၅၀,၀၀၀ - ၂၀၀,၀၀၀ ကတော့ ကျနော်တို့ ရောင်းရတဲ့ အနေအထား ရှိပါတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ အဲဒီတော့ အရန်ဆန် သွင်းတာမှာ ရှုံးတာနဲ့ Export ပို့တာမှာ ပြန်ပြီး မြတ်တာနဲ့မှာရော ကာမိပါရဲ့လားရှင့်။

ဒေါက်တာ စိုးထွန်း ။ ။ ခန ပြောသလိုပေါ့ စရိတ်စကတော့ ဖြစ်သွားတာပေါ့။ ကျနော်တို့ Export တွေကြားမှာတော့ ပြောစရာ တခုတော့ ဖြစ်နေတာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ပုံမှန်ဆိုရင် COVID ဖြစ်ရင် အစိုးရက နေပြီး စီးပွားရေး လုပ်ငန်းရှင်တွေကို ကူညီပေးတာပေါ့နော်။

US ဆိုလည်းကူညီပေးတယ်။ အိမ်နီးချင်း နိုင်ငံတွေ ဘင်္ဂလားဒေရှ့်တို့ကလည်း အထောက်အပံ့ကို သန်းပေါင်း ဘယ်လောက် ဒါတွေ ရေးကြတာပေါ့။ ဒါပေမယ့် ကျနော်တို့ Exporter တွေကတော့ ပြန်လှူရတာပေါ့နော်။ အစိုးရကို လှူတဲ့ သဘောဖြစ်နေတာ။ ကျနော်တို့က အထောက်အပံ့ မရဘူး။ ကျနော်တို့က ပြောရရင်တော့ မိုင်းနပ်စ် ပြန်ဖြစ်တာ။ အရင်တုန်းက ကျနော်တို့က ဒီစနစ် မရှိဘူး။

COVID ပေါ်လာမှ ကျနော်တို့က အရှုံးခံပြီး ရောင်းတယ်ပေါ့နော်။ ဒါက ပြောရရင်တော့ ရီစရာကြီးတော့ ဖြစ်နေတာပေါ့။
ကျန်တဲ့ တိုင်းပြည်တွေက Export ကို အားပေးတယ်။ Export လုပ်နိုင်ဖို့ကို ဘီလျံနဲ့ ချီပြီး ကူညီပေးနေတဲ့ အချိန်မှာပေါ့နော် ကျနော်တို့ဆီကတော့ လက်ရှိမှာ ဒီ Export နဲ့ ပတ်သက်ရင်တော့ ကူညီပေးတာ မရှိဘူး။ အစိုးရက တခုဘဲ အခွန်နဲ့ ပတ်သက်ရင် ရွှေ့ဆိုင်းတဲ့ သဘောဘဲ ရှိတယ်။ အရင်တုန်းက ကျနော်တို့က ၃ လ တကြိမ် ဝင်ငွေခွန် ဆောင်ရတယ်ပေါ့နော်။ အခုကတော့ ကျနော်တို့က ၃ လ တကြိမ် မဆောင်ဘဲနဲ့ ဒါကို ဆိုင်းငံ့တယ်လို့ဘဲ ပြောတာကို။ ဆိုင်းငံ့တယ်ဆိုတာ တကယ်တန်း ပလှပ် ပေးလိုက်တာ မဟုတ်ဘူးပေါ့နော်။

သူက နှစ်ကုန်ရင် ပြန်ပြီး ဆောင်ရတာ ဖြစ်နေတာပေါ့နော်။ အခွန်ကလည်း မလျှော့ဘူး တဖက်ကလည်း ကျနော်တို့ အတွက် ချေးငွေတို့ ဘာတို့လည်း ရတာ မရှိဘူး။ သို့သော်လည်း ကျနော်တို့ကတော့ အစိုးရကို ပြန်ပြီး အရန်ဆန်မှာ အရှုံးခံပြီး သွင်းပေးရတဲ့ အပိုင်း ရှိနေတယ်။
တချို့တွေက အကြံပြုကြတာကတော့ အရန်ဆန် ဝယ်ရင် ကိုယ့်ဘာသာ အစိုးရ စာရိတ်နဲ့ ဝယ်လိုက်သင့်တာပေါ့နော်။ ပေါက်ဈေးနဲ့ ပေးဝယ်ပေါ့ဗျာ။ Export ပို့တဲ့ လူတွေက သူ့ဘာသာ ပို့ အဲလိုတော့ တချို့လူတွေက အကြံပြုတာ ရှိတာပေါ့။

သိင်္ဂ ီထိုက်။ ။ ဆိုတော့ Exporter တွေ ကြားမှာတော့ ဒီ အပေါ်မှာ ဘ၀ မကျတာ တွေ ရှိမှာပေါ့ ဆရာ ပြောကြဆိုကြ ဘာများ ရှိပါသလဲ။

ဒေါက်တာ စိုးထွန်း ။ ။ ခုန ကျနော် ရှင်းပြသလိုဘဲ။ ကျနော်တို့က နဂိုကတည်းက အလုပ်က မကောင်းလို့ ပြသနာ ရှိတယ်။ ပြည်ပ ဈေးကွက်မှာလည်း ဆန်ဈေးကျတယ်။ နောက် ဒုတိယ တချက်က ခွဲတမ်း သတ်မှတ်တဲ့ နေရာမှာလည်း အသံထွက်တာပေါ့နော်။ မညီမျှမှု ဖြစ်တယ်တို့ နည်းတယ် များတယ် ဖြစ်တဲ့အခါကျတော့။ နောက် ခွဲတမ်း သတ်မှတ် လိုက်လို့လည်း ကိုယ်သွားချင် သလောက် သွားလို့ မရဘူး။ ဥပမာ တလ ၂,၀၀၀ ပို့တဲ့သူက ၁,၀၀၀ ဘဲ ရမယ်၊ ၅၀၀ ဘဲ ရမယ်ဆို သူက လုပ်ရတာ ခက်တာပေါ့။

တဖက်မှာလည်း အရန်ဆန် သွင်းတဲ့ အတွက်ကြောင့်မို့လို့ အဲဒီ အရန်ဆန် သွင်းတဲ့ အရှုံးရဲ့ ဝန်ထုပ်ဝန်ပိုးက တတန် ဘယ်လောက် ကျလဲ ဆိုတော့ တတန်ကိုတော့ ကျနော်တို့က အကြမ်းဖျဉ်း ၄-၅ ဒေါ်လာလောက် အပို ကုန်ကျစာရိတ် ဖြစ်လာတာပေါ့နော်။

သိင်္ဂ ီထိုက်။ ။ အစိုးရကို ပေါက်ဈေးအောက် လျှော့သွင်းရတော့ ပြည်တွင်း ဆန်ဈေးကွက်မှာရော ဈေးကျသွားပါသလားရှင့်။ ပြည်တွင်း ဆန် ဈေးကွက်မှာရော သက်ရောက်မှု ရိုက်ခတ်မှု ရှိပါသလား ဆရာ။

ဒေါက်တာ စိုးထွန်း ။ ။ ပြည်တွင်း ဆန်ဈေးက ပိုတက်တာပေါ့။ အရန်ဆန် သွင်းဖို့ လုဝယ်တဲ့ အတွက်ကြောင့် မို့လို့ အပြင်မှာ ဈေးတက်သွားတယ်။ အစိုးရက သွင်းတယ်ဆိုတာ ကျနော်တို့က Subsidize လုပ်ပြီး ဖြစ်တယ်။ ဒီ အစိုးရက ဒီဆန်ကို သိမ်းထားတာဘဲ ရှိတာ။ ပြန်ရောင်းတာ မဟုတ်ဘူး။ အလကား ပေးတာ မဟုတ်ဘူး။ ကျနော်တို့က အပြင်မှာကျတော့ အချိန်တို အတွင်းမှာ ပြည်ပ ပို့ဖို့လည်း ဝယ်ရတယ်။ အရန်ဆန် ကိုလည်း သတ်မှတ်ရက် အတွင်းပြီးအောင် သွင်းရတယ်။
ဒီအရန်ဆန်ကို ဝယ်တဲ့ အင်အားကြောင့် အပြင်မှာတော့ ဆန်ဈေး ပိုတက်လာတယ်။ ဆန်ဈေး ကျတာ မဟုတ်ဘူး ပိုတက်လာတာ။

သိင်္ဂ ီထိုက်။ ။ ဆရာ ဒေါက်တာ စိုးထွန်း အထူးဘဲ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG