သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန် ပြည်ပတင်ပို့မှု အိန္ဒိယ ဆိုင်းငံ့


အိန္ဒိယ လယ်ယာလုပ်ငန်းခွင်တခုတွင် စပါးစိုက်ပျိုးနေသည့် အမျိုးသမီးများ။ (ဇူလိုင် ၃၊ ၂၀၁၈)
အိန္ဒိယ လယ်ယာလုပ်ငန်းခွင်တခုတွင် စပါးစိုက်ပျိုးနေသည့် အမျိုးသမီးများ။ (ဇူလိုင် ၃၊ ၂၀၁၈)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံက ဆန်ကုန်သည်တွေအနေနဲ့ ဆန်တင်ပို့ဖို့ ကန်ထရိုက်စာချုပ် အသစ်တွေကို ဆက်လက်မခံတော့ဘဲ ရပ်ဆိုင်းလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တားဆီးရေး အိန္ဒိယတနိုင်ငံလုံး အသွားအလာ ပိတ်ပင်ထားတာကြောင့် လုပ်သားရှားပါးမှုနဲ့ သယ်ယူပို့ဆောင်ရာမှာ အခက်အခဲရှိလို့ အခုလို လက်မခံနိုင်တာလို့ ဆိုပါတယ်။

လက်ရှိစာချုပ်တွေ လိုက်နာ ဖြည့်ဆည်းဖို့တောင် အဟန့်အတားတွေ ရှိနေတယ်လို့ ဆန်လုပ်ငန်းက တာဝန်ရှိသူတွေက ပြောပါတယ်။

အသွားအလာ ပိတ်ပင်ထားတာကြောင့် ယာဉ်မောင်းတွေ မလာရောက်နိုင်သလို ဆန်စက်ရုံတွေနဲ့ ဆိပ်ကမ်းတွေမှာလည်း အလုပ်သမားတွေ မရှိဘူးလို့ ဆန်တင်ပို့သူ လုပ်ငန်းရှင်များအဖွဲ့ ဥက္ကဋ္ဌ B. V Krishna Rao က ပြောပါတယ်။

နိုင်ငံပေါင်း ၄၄ နိုင်ငံကို တင်ပို့နေတဲ့ အိန္ဒိယ ဆန်ပို့ကုန် ၄ ဆကနေ ၅ ဆအထိ ကျဆင်းသွားတယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယက ဆန်ပို့ကုန်တွေ ရပ်ဆိုင်းလိုက်တာကြောင့် ထိုင်းနိုင်ငံလို ဆန်တင်ပို့တဲ့ ပြိုင်ဘက်နိုင်ငံအနေနဲ့ ပို့ကုန်တွေ မြှင့်တင်နိုင်သလို ကမ္ဘာ့ဆန်ဈေးလည်း တက်လာနိုင်တယ်လို့ ရိုက်တာသတင်းတရပ်မှာ ပါရှိပါတယ်။

မတ်လနဲ့ ဧပြီလအတွင်း တင်ပို့ဖို့ရှိတဲ့ Basmati အမျိုးအစား ဆန်တန်ချိန် ၁ သိန်းနဲ့ တခြားဆန်တန်ချိန် ၄ သိန်းဟာ အခုအချိန်အထိ ဆိပ်ကမ်းတွေမှာ သောင်တင်နေတာနဲ့ တင်ပို့ဖို့ စီစဉ်နေတဲ့ အခြေအနေတွေမှာသာ ရှိနေတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက ဆန်ပို့ကုန်ပမာဏ လျှော့ချထားတာကြောင့် အိန္ဒိယ ဆန်ဝယ်လိုအား မြင့်တက်ခဲ့ပေမယ့် အခုအခါ ပို့ကုန် ကန်ထရိုက်အသစ် လက်ခံလို့မရ ဖြစ်နေတယ်လို့ ဆန်လုပ်ငန်းရှင် Nitin Gupta က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)










XS
SM
MD
LG