သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ COVID-19 ကူးစက်သူ ၂၄ နာရီအတွင်း စံချိန်တင်မြင့်တက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့က ဘဏ်ထဲ မဝင်ခင် အဝင်ပေါက်မှာ ကိုယ်အပူချိန်တိုင်းနေတဲ့ ဝန်ထမ်း တဦး။ (ဧပြီ ၀၂၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့က ဘဏ်ထဲ မဝင်ခင် အဝင်ပေါက်မှာ ကိုယ်အပူချိန်တိုင်းနေတဲ့ ဝန်ထမ်း တဦး။ (ဧပြီ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာ ၂,၀၂၉ ယောက်ရှိပြီး စံချိန်တင်အောင်များခဲ့တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ သေဆုံးသူကလည်း ၁၅ ယောက်ရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေရှ့်မှာ စုစုပေါင်း အတည်ပြုလူနာ ၄၀,၀၀၀ ကျော်သွားပြီဖြစ်သလို သေဆုံးသူက ၅၅၀ ကျော်သွားပါပြီ။

တချိန်ထဲမှာပဲ မီးရထားအပါအဝင် အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ သင်္ဘော၊ ရထားတွေပေါ်မှာ နေ့လည်စာရောင်းတဲ့ ဝန်ဆောင်မှုတွေကို အရေအတွက် အကန့်အသတ်၊ ကျန်းမာရေးဌာနရဲ့ စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ခွင့်ပြုတယ်လို့ အစိုးရက ကြေညာပါတယ်။

ဒါပေမဲ့ ခရိုင်တခုကနေ တခုသွားလာတာ၊ ည ၈ နာရီကနေ ၆ နာရီအတွင်း ခရီးသွားလာတာ အပါအဝင် ကန့်သတ်ချက်တချို့ကို ဆက်လက် ထုတ်ပြန်ထားပါတယ်။ လူတွေအနေနဲ့လည်း လူစုလူဝေးမလုပ်ရဘဲ တယောက်နဲ့ တယောက် ခပ်ခွာခွာ နေရကြမှာဖြစ်ပါတယ်။

[Unicode Version]



ဘင်္ဂလားဒေ့ရှ်နိုင်ငံ Munshiganj မြို့က လူတချို့။ (မေ ၂၃၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Munshiganj မြို့က လူတချို့။ (မေ ၂၃၊ ၂၀၂၀)



XS
SM
MD
LG