(Zawgyi/Unicode)
ဘဂၤလားေဒရွ္႕ႏုိင္ငံက ရိုဟင္ဂ်ာ ဒုကၡသည္ စခန္းေတြ အတြင္းမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အတည္ျပဳလူနာ ၂၉ ဦးထိ ရွိေနၿပီး ဒုကၡသည္ ၁၅,၀၀၀ ေလာက္ကို သီးျခားခြဲျခား ေစာင့္ၾကည့္ ေနေၾကာင္း အစိုးရ တာ၀န္ရွိသူေတြက တနလာၤေန႔မွာ ေျပာပါတယ္။
ကူးစက္ခံရသူေတြမွာေတာ့ စိုးရိမ္စရာ အေျခအေနမရွိေၾကာင္း၊ အမ်ားစုက ေရာဂါ လကၡဏာလည္း မျပေၾကာင္း ဒါေပမယ့္လည္း ဒီလူေတြကိုေတာ့ သီးျခားခြဲထားတဲ႔ အေဆာင္ေတြမွာ ထားရွိထားသလို သူတို႔ မိသားစုေတြကိုလည္း သီးသန္႔ခြဲထားၿပီး ေစာင့္ၾကည့္ေနေၾကာင္း ေကာဇ္႔ဘဇား ေဒသဆိုင္ရာ အႀကီးတန္း က်န္းမာေရး အရာရွိ Toha Bhuiyan က AFP သတင္းေအဂ်င္စီကို ေျပာဆိုပါတယ္။
ဒုကၡသည္ စခန္းေတြ အတြင္းက ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ အမ်ားဆံုးေတြ႔ရတဲ႔ ရပ္ကြက္သံုးခုကိုလည္း အာဏာပိုင္ေတြက ပိတ္ထားတဲ႔အေၾကာင္း သူက ေျပာပါတယ္။ ဒီပိတ္ထားတဲ႔ ရပ္ကြက္ေတြထဲက ရိုဟင္ဂ်ာ ဒုကၡသည္ ၁၅,၀၀၀ ေလာက္ရဲ႕ အသြားအလာကိုလည္း ကန္႔သတ္ တားျမစ္ထားပါတယ္။
ျမန္မာႏုိင္ငံတြင္း အၾကမ္းဖက္မႈေတြကေန ထြက္ေျပးလာတဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြက ဘဂၤလားေဒရွ္႕ ႏုိင္ငံ ေကာဇ္႔ဘဇားက ဒုကၡသည္ စခန္းေတြမွာ လူဦးေရ တသန္းေလာက္ ရွိေနတာပါ။ ျမန္မာဘက္ကေတာ့ ရုိဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံေပမယ့္ ဒီလူေတြကို စိစစ္ၿပီး ျပန္လက္ခံမယ္လို႔ ေျပာဆိုထားပါတယ္။ အခုအခ်ိန္ထိေတာ့ ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရးက မေရမရာ ရွိေနဆဲပါ။
..................
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်အတည်ပြုလူနာ ၂၉ ဦးရှိ
(Unicode)
ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူနာ ၂၉ ဦးထိ ရှိနေပြီး ဒုက္ခသည် ၁၅,၀၀၀ လောက်ကို သီးခြားခွဲခြား စောင့်ကြည့် နေကြောင်း အစိုးရ တာဝန်ရှိသူတွေက တနလာၤနေ့မှာ ပြောပါတယ်။
ကူးစက်ခံရသူတွေမှာတော့ စိုးရိမ်စရာ အခြေအနေမရှိကြောင်း၊ အများစုက ရောဂါ လက္ခဏာလည်း မပြကြောင်း ဒါပေမယ့်လည်း ဒီလူတွေကိုတော့ သီးခြားခွဲထားတဲ့ အဆောင်တွေမှာ ထားရှိထားသလို သူတို့ မိသားစုတွေကိုလည်း သီးသန့်ခွဲထားပြီး စောင့်ကြည့်နေကြောင်း ကောဇ့်ဘဇား ဒေသဆိုင်ရာ အကြီးတန်း ကျန်းမာရေး အရာရှိ Toha Bhuiyan က AFP သတင်းအေဂျင်စီကို ပြောဆိုပါတယ်။
ဒုက္ခသည် စခန်းတွေ အတွင်းက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အများဆုံးတွေ့ရတဲ့ ရပ်ကွက်သုံးခုကိုလည်း အာဏာပိုင်တွေက ပိတ်ထားတဲ့အကြောင်း သူက ပြောပါတယ်။ ဒီပိတ်ထားတဲ့ ရပ်ကွက်တွေထဲက ရိုဟင်ဂျာ ဒုက္ခသည် ၁၅,၀၀၀ လောက်ရဲ့ အသွားအလာကိုလည်း ကန့်သတ် တားမြစ်ထားပါတယ်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားက ဒုက္ခသည် စခန်းတွေမှာ လူဦးရေ တသန်းလောက် ရှိနေတာပါ။ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒီလူတွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောဆိုထားပါတယ်။ အခုအချိန်ထိတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးက မရေမရာ ရှိနေဆဲပါ။