သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္တြင္း ႐ိုဟင္ဂ်ာေတြေပၚ အကာအကြယ္ေပးမႈအားနည္းေၾကာင္း ေလ့လာသူေတြေဝဖန္


ရိုဟင္ဂ်ာဒုကၡသည္မ်ား (ႏို၀င္ဘာလ ၂၊ ၂၀၁၇)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံထဲမွာ က်န္ေနတဲ့ ႐ိုဟင္ဂ်ာ ၆၀၀,၀၀၀ ကို အကာအကြယ္ေပးဖို႔ ICJ ႏိုင္ငံတကာတရား႐ုံး အပါအဝင္ ႏိုင္ငံတကာက ျမန္မာအစိုးရကို တိုက္တြန္းထားေပမဲ့ ဒီ ႐ိုဟင္ဂ်ာေတြကို အကာအကြယ္ေပးမႈ ေလ်ာ့နည္းေနတုန္းပဲရွိတယ္လို႔ ေလ့လာသူေတြက ေျပာတဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

႐ိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာ တရား႐ုံး ICJ က ဆုံးျဖတ္ထားတဲ့ ၾကားျဖတ္စီမံမႈကိစၥလိုက္နာေဆာင္႐ြက္မႈနဲ႔ ပတ္သက္ၿပီး ပထမဆုံး အစီရင္ခံစာကို ေမလ ၂၃ ရက္ေန႔ ေနာက္ဆုံးထားၿပီး တင္ရသြင္းမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက ႏိုင္ငံတကာ တရား႐ုံး ICJ ရဲ႕ျမန္မာႏိုင္ငံအေပၚ ၾကားျဖတ္စီရင္ခ်က္ ေလးခ်က္ ခ်မွတ္ခဲ့တာမွာ ေလးလအတြင္း ျမန္မာအစိုးရရဲ႕ ေဆာင္႐ြက္ခ်က္ေတြကို ICJ ကို ျပန္အစီရင္ခံရမယ္ဆိုတာ ပါဝင္ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန အျပည္ျပည္ဆိုင္ရာ အဖြဲ႕အစည္းမ်ားနဲ႔ ေစ့စပ္ေဆြးေႏြးေရးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအးက ဒီအစီရင္ခံစာ တင္သြင္းဖို႔ ကိစၥနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးဌာန အေနနဲ႔ အဆင္သင့္ျဖစ္ေအာင္ စီစဥ္ေဆာင္႐ြက္ေနၿပီး အေသးစိတ္ကိုေတာ့ ေျပာလို႔မရဘူးလို႔ ဆိုပါတယ္။

“ေလာေလာဆယ္ေတာ့က်ေနာ္တို႔ လုပ္သင့္လုပ္ထိုက္တာေတြအားလုံး လုပ္ထားပါတယ္။ အခ်ိန္မီွတင္ဖို႔လုပ္ေနတယ္ဆိုတာပဲ ေျပာလို႔ရပါမယ္။”

ၿပီးခဲ့တဲ့ႏွစ္ ICJ ၾကားနာမႈ တရားခြင္အတြင္းမွာ ႐ိုဟင္ဂ်ာအေပၚမွာ က်ဳးလြန္ခဲ့မႈေတြဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ ဟုတ္မဟုတ္ဆိုတာနဲ႔ ၾကားနာခဲ့သလို၊ ျမန္မာႏိုင္ငံတြင္း က်န္ေနေသးတဲ့ ႐ိုဟင္ဂ်ာ ၆၀၀,၀၀၀ ရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္လို ႔စိုးရိမ္ခ်က္ကိုလည္း တရားစြဲဆိုတဲ့ ဂန္ဘီယာႏိုင္ငံဘက္က ေထာက္ျပခဲ့ပါတယ္။ အလားတူပဲ ျမန္မာႏိုင္ငံတြင္း ႐ိုဟင္ဂ်ာ ၆၀၀,၀၀၀ ကို အကာအကြယ္ေပးဖို႔လိုအပ္ခ်က္ကို ကုလ အခ်က္အလက္စုံစမ္းေရးအစီရင္ခံစာမွာ ေဖာ္ျပခဲ့သလို က်န္ႏိုင္ငံတကာအဖြဲ႕အစည္းေတြကလည္း ဒီအေျခအေနနဲ႔ ပတ္သက္လို႔ စိုးရိမ္မကင္းျဖစ္မႈေတြကို ေျပာဆိုထားၾကပါတယ္။

ႏိုင္ငံတကာကလည္း ဒီ႐ိုဟင္ဂ်ာေတြကို အကာအကြယ္ေပးဖို႔ ေျပာခဲ့ေပမဲ့ ျမန္မာအစိုးရအေနနဲ႔ သူတို႔ေတြကို ထိထိေရာက္ေရာက္ အကာအကြယ္ေပးႏိုင္မႈ အားနည္းေနေသးတယ္ဆိုၿပီးေတာ့ ရခိုင္ပဋိပကၡ စုံစမ္းေရးလုပ္ခဲ့တဲ့ ကိုဖီအာနန္ ေကာ္မရွင္ရဲ႕ အဖြဲ႕ဝင္ ဦးေအးလြင္က ေျပာပါတယ္။

“အကာအကြယ္ဆိုတာကိုေတာ့ ဒီ ႐ုပ္ပိုင္းဆိုင္ရာကေတာ့ျဖင့္ သူတို႔ တိုက္ခိုက္ျခင္း ထိုးႏွက္ျခင္းဆိုတာကေတာ့ မခံရပါဘူးေလ။ သို႔ေသာ္လည္းပဲ သူတို႔ရဲ႕ ေနထိုင္ရတဲ့ ဘဝက အင္မတန္ဆိုး႐ြားပါတယ္။ ႏွစ္ေပါင္းလည္း ေတာ္ေတာ္ၾကာလာၿပီ။ အခုထက္ထိ ဒီ ဆယ္ေပပတ္လည္ အခန္းေလးထဲမွာ ေနေနရတုန္းဆိုေတာ့ေလ အားရဖြယ္ရာေတာ့ သိပ္မရွိဘူးဗ် အဲ့ဒီကိစၥက။”

ကိုဖီအာနန္ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြကို ျမန္မာအစိုးရက လိုက္နာေဆာင္႐ြက္ေနတယ္ဆိုေပမဲ့လည္း အစိုးရဌာနတြင္းမွာ အထက္ေအာက္ ဌာနခ်င္း ခ်ိတ္ဆက္ေဆာင္႐ြက္ေနမႈ အားနည္းေနေသးတယ္လို႔ ဦးေအးလြင္ေရာ ျမန္မာအေရးေလ့လာသုံးသပ္သူ ေဒါက္တာ ခင္ေဇာ္ဝင္းတို႔က သုံးသပ္ပါတယ္။ ဒါ့အျပင္ တဘက္ႏိုင္ငံေရာက္ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျပန္ေခၚေရးအစီအစဥ္က အခုထိ ျဖစ္မလာေသးဘူးလို႔ ေဒါက္တာခင္ေဇာ္ဝင္းက ေျပာပါတယ္။

“အဓိက ဦးတည္ခ်က္နဲ႔ အဓိက အေၾကာင္းအရာျဖစ္တဲ့ တဘက္ႏိုင္ငံမွာေရာက္ေနတဲ့ ႐ိုဟင္ဂ်ာ IDP ေတြကို ျပန္ေခၚဖို႔ဆိုတာက ဟုတ္တိပတ္တိကို ျဖစ္မလာဘူး။ ဆုံးျဖတ္ခ်က္ႏွစ္ခုက အရမ္းကိုလြဲေနတယ္။”

ICJ ကဆုံးျဖတ္ထားတဲ့ ၾကားျဖတ္စီမံမႈေတြကို ျမန္မာအစိုးရကဘက္က လိုက္ပါေဆာင္႐ြက္တဲ့သေဘာ သမတ႐ုံးက ေၾကညာခ်က္ေတြ ထုတ္ခဲ့ေပမဲ့ တကယ့္ကို အႏွစ္သာရရွိရွိ အမ်ားျပည္သူကိုအသိေပးၿပီး အေကာင္အထည္ေဖာ္တာမ်ိဳး မရွိဘူးလို႔ ေဒါက္တာခင္ေဇာ္ဝင္းက ေဝဖန္ပါတယ္။ ၂၀၁၇ ရခိုင္ပဋိပကၡအတြင္းျဖစ္ခဲ့တဲ့ အေထာက္အထားေတြကို မဖ်က္ဆီးဖို႔နဲ႔လူမ်ိဳးတုံး သတ္ျဖတ္မႈတားဆီးေရးဆိုင္ရာ ႏိုင္ငံတကာသေဘာတူညီခ်က္ကို ေလးစားလိုက္နာဖို႔ က်ဴးလြန္တဲ့အေထာက္အထားရွိရင္တင္ျပဖို႔ သမၼတ႐ုံးက ထုတ္ျပန္ခဲ့တာပါ။

ဒါ့အျပင္ အမုန္းစကား ျပန႔္ပြားမႈေတြ မရွိေအာင္ ေစာင့္ၾကည့္တားဆီးဖို႔ကိုလည္း အစိုးရအုပ္ခ်ဳပ္ေရး အဆင့္ဆင့္ကို သမၼတ ႐ုံးက ၫႊန္ၾကားထားပါတယ္။ICJ အစီရင္ခံစာတင္သြင္းဖို႔ကိစၥနဲ႔ ပတ္သက္လို႔ လိုအပ္တဲ့ အခ်က္အလက္ေတြနဲ႔ ဥပေဒပိုင္းဆိုင္ရာ ေဆာင္႐ြက္မႈေတြကို ေရွ႕ေနခ်ဳပ္႐ုံးနဲ႔ စစ္ဥပေဒခ်ဳပ္႐ုံးတို႔ဘက္က ေဆာင္႐ြက္ေနတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးဘက္က သတင္းထုတ္ျပန္ထားပါတယ္။

၂၀၁၂ ခုႏွစ္ ရခိုင္ပဋိပကၡအတြင္းတုန္းက စစ္ေတြၿမိဳ႕ ႐ိုဟင္ဂ်ာေတြေနခဲ့တဲ့ ရပ္ကြက္ေတြထဲမွာ က်ဳးေက်ာ္ဝင္ေရာက္ေနတဲ့ အိမ္ေထာင္စုေပါင္း ေထာင္ေက်ာ္ကို ၾသဂုတ္လလယ္အတြင္းေနာက္ဆံုးထားၿပီး ျပန္လည္ဖယ္ရွားေပးဖို႔ ျမန္မာအစိုးရကမၾကာေသးခင္က အမိန္႔ထုတ္ျပန္ခဲ့တာကေတာ့ ICJ အစီရင္ခံစာမတင္မီွထူးျခားခ်က္ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္တုန္းက ရခိုင္ေျမာက္ပိုင္းမွာ ARSA လက္နက္ကိုင္ အဖြဲ႕က ရဲစခန္းေတြကို ဝင္ေရာက္ တိုက္ခိုက္မႈေတြ ျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္ ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္ရာမွာ ႐ိုဟင္ဂ်ာ ေဒသခံ သိန္းဂဏန္း အိမ္နီးခ်င္း ဘဂ္လားေဒ့ရွ္ ႏိုင္ငံထဲကို ထြက္ေျပးသြားခဲ့ပါတယ္။ ဒီစစ္ဆင္ေရးအတြင္း ျမန္မာစစ္တပ္ဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိခဲ့ၿပီး ဒါေတြဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ ေျမာက္တယ္လို႔ ႏိုင္ငံတကာမွာ စြပ္စြဲခ်က္ေတြ ျဖစ္ခဲ့ပါတယ္။

႐ိုဟင္ဂ်ာ ဆိုတဲ့ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ႏိုင္ငံတကာစြပ္စြဲခ်က္ေတြဟာ ခ်ဲ႕ကားလြန္းတယ္လို႔ တံု႔ျပန္ခဲ့သလို ဒီခ်ိဳးေဖာက္မႈေတြဟာ စစ္ရာဇဝတ္မႈေတြျဖစ္ႏိုင္ေပမဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈေျမာက္တဲ့ ျပစ္မႈမ်ိဳးမဟုတ္ဘူးလို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ႏိုင္ငံတကာ တရား႐ုံး ICJ မွာ ေလွ်ာက္ထားခဲ့ပါတယ္။

#rohingya #icj #gambia #rakhine #႐ိုဟင္ဂ်ာ #ဂမ္ဘီယာ #ရခုိင္

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာပြည်တွင်း ရိုဟင်ဂျာတွေပေါ် အကာအကွယ်ပေးမှုအားနည်းကြောင်း လေ့လာသူတွေဝေဖန်

မြန်မာနိုင်ငံထဲမှာ ကျန်နေတဲ့ ရိုဟင်ဂျာ ၆၀၀,၀၀၀ ကို အကာအကွယ်ပေးဖို့ ICJ နိုင်ငံတကာတရားရုံး အပါအဝင် နိုင်ငံတကာက မြန်မာအစိုးရကို တိုက်တွန်းထားပေမဲ့ ဒီ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးမှု လျော့နည်းနေတုန်းပဲရှိတယ်လို့ လေ့လာသူတွေက ပြောတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ တရားရုံး ICJ က ဆုံးဖြတ်ထားတဲ့ ကြားဖြတ်စီမံမှုကိစ္စလိုက်နာဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ပထမဆုံး အစီရင်ခံစာကို မေလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး တင်ရသွင်းမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက နိုင်ငံတကာ တရားရုံး ICJ ရဲ့မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီရင်ချက် လေးချက် ချမှတ်ခဲ့တာမှာ လေးလအတွင်း မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ICJ ကို ပြန်အစီရင်ခံရမယ်ဆိုတာ ပါဝင်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဒီအစီရင်ခံစာ တင်သွင်းဖို့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ အဆင်သင့်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေပြီး အသေးစိတ်ကိုတော့ ပြောလို့မရဘူးလို့ ဆိုပါတယ်။

“လောလောဆယ်တော့ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာတွေအားလုံး လုပ်ထားပါတယ်။ အချိန်မှီတင်ဖို့လုပ်နေတယ်ဆိုတာပဲ ပြောလို့ရပါမယ်။”

ပြီးခဲ့တဲ့နှစ် ICJ ကြားနာမှု တရားခွင်အတွင်းမှာ ရိုဟင်ဂျာအပေါ်မှာ ကျုးလွန်ခဲ့မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ဟုတ်မဟုတ်ဆိုတာနဲ့ ကြားနာခဲ့သလို၊ မြန်မာနိုင်ငံတွင်း ကျန်နေသေးတဲ့ ရိုဟင်ဂျာ ၆၀၀,၀၀၀ ရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့စိုးရိမ်ချက်ကိုလည်း တရားစွဲဆိုတဲ့ ဂန်ဘီယာနိုင်ငံဘက်က ထောက်ပြခဲ့ပါတယ်။ အလားတူပဲ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ ၆၀၀,၀၀၀ ကို အကာအကွယ်ပေးဖို့လိုအပ်ချက်ကို ကုလ အချက်အလက်စုံစမ်းရေးအစီရင်ခံစာမှာ ဖော်ပြခဲ့သလို ကျန်နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဒီအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေကို ပြောဆိုထားကြပါတယ်။

နိုင်ငံတကာကလည်း ဒီရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ပြောခဲ့ပေမဲ့ မြန်မာအစိုးရအနေနဲ့ သူတို့တွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်မှု အားနည်းနေသေးတယ်ဆိုပြီးတော့ ရခိုင်ပဋိပက္ခ စုံစမ်းရေးလုပ်ခဲ့တဲ့ ကိုဖီအာနန် ကော်မရှင်ရဲ့ အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

“အကာအကွယ်ဆိုတာကိုတော့ ဒီ ရုပ်ပိုင်းဆိုင်ရာကတော့ဖြင့် သူတို့ တိုက်ခိုက်ခြင်း ထိုးနှက်ခြင်းဆိုတာကတော့ မခံရပါဘူးလေ။ သို့သော်လည်းပဲ သူတို့ရဲ့ နေထိုင်ရတဲ့ ဘဝက အင်မတန်ဆိုးရွားပါတယ်။ နှစ်ပေါင်းလည်း တော်တော်ကြာလာပြီ။ အခုထက်ထိ ဒီ ဆယ်ပေပတ်လည် အခန်းလေးထဲမှာ နေနေရတုန်းဆိုတော့လေ အားရဖွယ်ရာတော့ သိပ်မရှိဘူးဗျ အဲ့ဒီကိစ္စက။”

ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရက လိုက်နာဆောင်ရွက်နေတယ်ဆိုပေမဲ့လည်း အစိုးရဌာနတွင်းမှာ အထက်အောက် ဌာနချင်း ချိတ်ဆက်ဆောင်ရွက်နေမှု အားနည်းနေသေးတယ်လို့ ဦးအေးလွင်ရော မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ ခင်ဇော်ဝင်းတို့က သုံးသပ်ပါတယ်။ ဒါ့အပြင် တဘက်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ခေါ်ရေးအစီအစဉ်က အခုထိ ဖြစ်မလာသေးဘူးလို့ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

“အဓိက ဦးတည်ချက်နဲ့ အဓိက အကြောင်းအရာဖြစ်တဲ့ တဘက်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာ IDP တွေကို ပြန်ခေါ်ဖို့ဆိုတာက ဟုတ်တိပတ်တိကို ဖြစ်မလာဘူး။ ဆုံးဖြတ်ချက်နှစ်ခုက အရမ်းကိုလွဲနေတယ်။”

ICJ ကဆုံးဖြတ်ထားတဲ့ ကြားဖြတ်စီမံမှုတွေကို မြန်မာအစိုးရကဘက်က လိုက်ပါဆောင်ရွက်တဲ့သဘော သမတရုံးက ကြေညာချက်တွေ ထုတ်ခဲ့ပေမဲ့ တကယ့်ကို အနှစ်သာရရှိရှိ အများပြည်သူကိုအသိပေးပြီး အကောင်အထည်ဖော်တာမျိုး မရှိဘူးလို့ ဒေါက်တာခင်ဇော်ဝင်းက ဝေဖန်ပါတယ်။ ၂၀၁၇ ရခိုင်ပဋိပက္ခအတွင်းဖြစ်ခဲ့တဲ့ အထောက်အထားတွေကို မဖျက်ဆီးဖို့နဲ့လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို လေးစားလိုက်နာဖို့ ကျူးလွန်တဲ့အထောက်အထားရှိရင်တင်ပြဖို့ သမ္မတရုံးက ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် အမုန်းစကား ပြန့်ပွားမှုတွေ မရှိအောင် စောင့်ကြည့်တားဆီးဖို့ကိုလည်း အစိုးရအုပ်ချုပ်ရေး အဆင့်ဆင့်ကို သမ္မတ ရုံးက ညွှန်ကြားထားပါတယ်။ICJ အစီရင်ခံစာတင်သွင်းဖို့ကိစ္စနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အချက်အလက်တွေနဲ့ ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေကို ရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့ဘက်က ဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးဘက်က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခအတွင်းတုန်းက စစ်တွေမြို့ ရိုဟင်ဂျာတွေနေခဲ့တဲ့ ရပ်ကွက်တွေထဲမှာ ကျုးကျော်ဝင်ရောက်နေတဲ့ အိမ်ထောင်စုပေါင်း ထောင်ကျော်ကို သြဂုတ်လလယ်အတွင်းနောက်ဆုံးထားပြီး ပြန်လည်ဖယ်ရှားပေးဖို့ မြန်မာအစိုးရကမကြာသေးခင်က အမိန့်ထုတ်ပြန်ခဲ့တာကတော့ ICJ အစီရင်ခံစာမတင်မှီထူးခြားချက်ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ ARSA လက်နက်ကိုင် အဖွဲ့က ရဲစခန်းတွေကို ဝင်ရောက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ရိုဟင်ဂျာ ဒေသခံ သိန်းဂဏန်း အိမ်နီးချင်း ဘဂ်လားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးသွားခဲ့ပါတယ်။ ဒီစစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ပြီး ဒါတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မြောက်တယ်လို့ နိုင်ငံတကာမှာ စွပ်စွဲချက်တွေ ဖြစ်ခဲ့ပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ နိုင်ငံတကာစွပ်စွဲချက်တွေဟာ ချဲ့ကားလွန်းတယ်လို့ တုံ့ပြန်ခဲ့သလို ဒီချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုတွေဖြစ်နိုင်ပေမဲ့ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ ပြစ်မှုမျိုးမဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာ တရားရုံး ICJ မှာ လျှောက်ထားခဲ့ပါတယ်။

#rohingya #icj #gambia #rakhine #ရိုဟင်ဂျာ #ဂမ်ဘီယာ #ရခိုင်

XS
SM
MD
LG