သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Genocide Convention ပါ ျပဌာန္းခ်က္ေတြအတို္င္း လုိက္နာေဆာင္ရြက္ဖို႔ ၫႊန္ၾကားခ်က္ထုတ္ျပန္


ICJ ႏိုင္ငံတကာ တရားရံုး

(Zawgyi/Unicode)

လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးနဲ႔ ျပစ္ဒဏ္ေပးေရး သေဘာတူစာခ်ဳပ္ကို လိုက္နာဖို႔ ညႊန္ၾကားခ်က္တေစာင္ကို ျမန္မာအစိုးရက ဒီကေန႔ ထုတ္ျပန္လိုက္ပါတယ္။

ႏုိင္ငံေတာ္သမၼတရုံးက ဒီကေန႔ ထုတ္ျပန္လို္က္တဲ့ ညႊန္ၾကားခ်က္အမွတ္ ၁/၂၀၂၀ မွာေတာ့ ျမန္မာႏုိင္ငံဟာ လူမ်ိဳးျပဳန္းေစမႈကို တားဆီးေရးနဲ႔ ျပစ္ဒဏ္ေပးေရး သေဘာတူစာခ်ဳပ္ Genocide Convention ကို အတည္ျပဳ လက္မွတ္ေရးထိုးထားတဲ့အတြက္ အဲဒီစာခ်ဳပ္ပါ အခ်က္မ်ားကို ေလးစားလိုက္နာသြားမွာ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီညႊန္ၾကားခ်က္အရ ျပည္ေထာင္စု၀န္ႀကီးဌာနေတြ၊ တုိင္းေဒသႀကီး အစိုးရေတြအေနနဲ႔ သူတုိ႔ရဲ႕လက္ေအာက္မွာရွိတဲ့ ၀န္ထမ္းေတြ၊ အရာရွိေတြ၊ စစ္မႈထမ္းေတြ၊ တျခားလုံၿခဳံေရး၀န္ထမ္းေတြ နဲ႔ ေဒသခံျပည္သူေတြအေနနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈကို တားဆီးေရးနဲ႔ ျပစ္ဒဏ္ေပးေရး ႏုိင္ငံတကာ သေဘာတူစာခ်ဳပ္ အပိုဒ္ ၂ နဲ႔ အပိုဒ္ ၃ ျပဌာန္းခ်က္မ်ားပါ ျပစ္မႈေတြကို က်ဴးလြန္ျခင္းမရွိေအာင္ ေဆာင္ရြက္ရမယ္လို႔ ေျပာထားပါတယ္။

အဲဒီ အပိုဒ္ ၂ နဲ႔ အပိုဒ္ ၃ ပါ ျပဌာန္းခ်က္ေတြကို က်ဴးလြန္တာ ဒါမွမဟုတ္ က်ဴးလြန္ဖို႔အားထုတ္တာ၊ ႀကံစည္တာ၊ အားေပးလႈံေဆာ္တာ၊ ပူးေပါင္းက်ဴးလြန္တာေတြ နဲ႔ ပတ္သက္ၿပီး ခုိင္လုံတဲ့သတင္း ရရွိတယ္ဆုိရင္ ႏုိ္င္ငံေတာ္သမၼတရုံးကို တင္ျပရမယ္လို႔ ေျပာထားပါတယ္။ ဒါ့အျပင္ ဒီညြန္ၾကားခ်က္ နဲ႔ ပတ္သက္ၿပီး တုိးတက္မႈေတြကိုလည္း ၃ လတႀကိမ္ သမၼတရုံးကို အစီရင္ခံတင္ျပရမယ္လို႔ေျပာပါတယ္။

ဒါ့အျပင္ ရခုိင္ျပည္နယ္ေျမာက္ပိုင္းမွာရွိတဲ့ သက္ေသအေထာက္အထားနဲ႔ ပစၥည္းေတြကို ထိန္းသိမ္းထားရွိဖို႔ သီးျခားၫႊန္ၾကားခ်က္တခုကိုလည္း တရက္ထဲမွာပဲ ထုတ္ျပန္ထားပါတယ္

ရခုိင္ျပည္နယ္ ေျမာက္ပိုင္းမွာ ျမန္မာလုံၿခဳံေရးတပ္ဖဲြ႔ေတြရဲ႕နယ္ေျမရွင္းလင္းမႈေတြအတြင္း အဲဒီမွာရွိတဲ့ ရုိဟင္ဂ်ာမြတ္ဆလင္ သိန္းနဲ႔ ခ်ီၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကို ထြက္ေျပးခဲ့တဲ့ျဖစ္ရပ္နဲ႔ ဆက္စပ္ၿပီးေတာ့ လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရး နဲ႔ ျပစ္ဒဏ္ေပးေရး သေဘာတူစာခ်ဳပ္ကို ျမန္မာႏုိင္ငံက ခ်ဳိးေဖာက္တယ္လို႔ စြပ္စြဲၿပီး OIC အဖဲြ႔၀င္ျဖစ္တဲ့ ဂမ္ဘီယာႏုိင္ငံက ျမန္မာႏုိင္ငံကို ႏုိင္ငံတကာတရားရုံး (ICJ) မွာ ၿပီးခဲ့တဲ့ႏွစ္က တရားစဲြဆုိထားပါတယ္။

လူမ်ဳိးတံုးသတ္ျဖတ္မႈဆိုင္ရာ လုပ္ရပ္ေတြ ေနာက္ထပ္ျဖစ္မလာေအာင္ တားဆီးဖို႔အပါအဝင္ ျမန္မာနုိင္ငံက လုိက္နာလုပ္ေဆာင္ရမယ့္ ၾကားျဖတ္ေဆာင္ရြက္ခ်က္ေတြ ခ်မွတ္ေပးဖို႔ ဂမ္ဘီယာက ICJ မွာ တင္ျပခဲ့ၿပီး အဲဒီထဲက ေဆာင္ရြက္ခ်က္တခ်ဳိ႕ကို ျမန္မာနုိင္ငံအေနနဲ႔ လိုက္နာလုပ္ေဆာင္ဖို႔ ICJ က ဆံုးျဖတ္ထားပါတယ္။

႐ိုဟင္ဂ်ာလို႔ေခၚဆိုတာကို လက္မခံတဲ့ ျမန္မာအစိုးရရဲ႕ အခု ၫႊန္ၾကားခ်က္ေတြဟာ ICJ ဆံုးျဖတ္ခ်က္ ခ်မွတ္ၿပီး ေနာက္ပိုင္း ပထမဆံုးထုတ္ျပန္တဲ့ ၫႊန္ၾကားခ်က္ေတြျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Genocide Convention ပါ ပြဌာန်းချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားချက်ထုတ်ပြန်

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ကို လိုက်နာဖို့ ညွှန်ကြားချက်တစောင်ကို မြန်မာအစိုးရက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်အမှတ် ၁/၂၀၂၀ မှာတော့ မြန်မာနိုင်ငံဟာ လူမျိုးပြုန်းစေမှုကို တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ် Genocide Convention ကို အတည်ပြု လက်မှတ်ရေးထိုးထားတဲ့အတွက် အဲဒီစာချုပ်ပါ အချက်များကို လေးစားလိုက်နာသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီညွှန်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီး အစိုးရတွေအနေနဲ့ သူတို့ရဲ့လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေ၊ အရာရှိတွေ၊ စစ်မှုထမ်းတွေ၊ တခြားလုံခြုံရေးဝန်ထမ်းတွေ နဲ့ ဒေသခံပြည်သူတွေအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ် အပိုဒ် ၂ နဲ့ အပိုဒ် ၃ ပြဌာန်းချက်များပါ ပြစ်မှုတွေကို ကျူးလွန်ခြင်းမရှိအောင် ဆောင်ရွက်ရမယ်လို့ ပြောထားပါတယ်။

အဲဒီ အပိုဒ် ၂ နဲ့ အပိုဒ် ၃ ပါ ပြဌာန်းချက်တွေကို ကျူးလွန်တာ ဒါမှမဟုတ် ကျူးလွန်ဖို့အားထုတ်တာ၊ ကြံစည်တာ၊ အားပေးလှုံဆော်တာ၊ ပူးပေါင်းကျူးလွန်တာတွေ နဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့သတင်း ရရှိတယ်ဆိုရင် နိုင်ငံတော်သမ္မတရုံးကို တင်ပြရမယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ဒီညွန်ကြားချက် နဲ့ ပတ်သက်ပြီး တိုးတက်မှုတွေကိုလည်း ၃ လတကြိမ် သမ္မတရုံးကို အစီရင်ခံတင်ပြရမယ်လို့ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သက်သေအထောက်အထားနဲ့ ပစ္စည်းတွေကို ထိန်းသိမ်းထားရှိဖို့ သီးခြားညွှန်ကြားချက်တခုကိုလည်း တရက်ထဲမှာပဲ ထုတ်ပြန်ထားပါတယ်

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့နယ်မြေရှင်းလင်းမှုတွေအတွင်း အဲဒီမှာရှိတဲ့ ရိုဟင်ဂျာမွတ်ဆလင် သိန်းနဲ့ ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ဖြစ်ရပ်နဲ့ ဆက်စပ်ပြီးတော့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး နဲ့ ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ချိုးဖောက်တယ်လို့ စွပ်စွဲပြီး OIC အဖွဲ့ဝင်ဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) မှာ ပြီးခဲ့တဲ့နှစ်က တရားစွဲဆိုထားပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေ နောက်ထပ်ဖြစ်မလာအောင် တားဆီးဖို့အပါအဝင် မြန်မာနိုင်ငံက လိုက်နာလုပ်ဆောင်ရမယ့် ကြားဖြတ်ဆောင်ရွက်ချက်တွေ ချမှတ်ပေးဖို့ ဂမ်ဘီယာက ICJ မှာ တင်ပြခဲ့ပြီး အဲဒီထဲက ဆောင်ရွက်ချက်တချို့ကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာလုပ်ဆောင်ဖို့ ICJ က ဆုံးဖြတ်ထားပါတယ်။

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရရဲ့ အခု ညွှန်ကြားချက်တွေဟာ ICJ ဆုံးဖြတ်ချက် ချမှတ်ပြီး နောက်ပိုင်း ပထမဆုံးထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေဖြစ်ပါတယ်။

XS
SM
MD
LG