သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံတြင္း ႐ုိဟင္ဂ်ာေတြ အေျခအေန တိုးတက္ေျပာင္းလဲလာတာ မရွိဘူးလို႔ AI ေ၀ဖန္


စစ္ေတြၿမိဳ႕အနီးရွိ ဒုကၡသည္စခန္းတြင္းက ႐ိုဟင္ဂ်ာဒုကၡသည္တခ်ဳိ႕။ (ေအာက္တိုဘာ ၁၀၊ ၂၀၁၂)

(Zawgyi / Unicode)

႐ုိဟင္ဂ်ာေတြကို အကာအကြယ္ေပးေရးအတြက္ Provisional Measures ၾကားျဖတ္ေဆာင္ရြက္ခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ႏုိင္ငံတကာတရား႐ုံး (ICJ) က အမိန္႔ခ်မွတ္ထားေပမယ့္ ျမန္မာႏုိင္ငံအတြင္းက ႐ုိဟင္ဂ်ာေတြရဲ႕ အေျခအေန ေျပာင္းလဲေအာင္ အစိုးရက အေရးယူေဆာင္ရြက္တာ မရွိဘူးလို႔ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖြ႔ဲႀကီး Amnesty International က ေျပာပါတယ္။

ျမန္မာႏုိင္ငံအတြင္းက ၆ သိန္းနီးပါးရွိတဲ့ ႐ုိဟင္ဂ်ာေတြနဲ႔ ကယ္ဆယ္ေရး စခန္းေတြမွာ အခ်ိန္အကန္႔အသတ္မရွိ ေနထိုင္ေနရတဲ့ တျခား ႐ုိဟင္ဂ်ာ ၁ သိန္း ၂ ေသာင္းေက်ာ္အတြက္ ေျပာင္းလဲမႈ တစုံတရာ မရွိဘူးလို႔ Amnesty International ရဲ႕ အာရွေဒသဆိုင္ရာ ညႊန္ၾကားေရးမွဴး Nicholas Bequelin က ေမလ ၂၂ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားလိုက္တာပါ။

ရခိုင္ျပည္နယ္တြင္းက ႐ုိဟင္ဂ်ာေတြဟာ ႏုိင္ငံသားျဖစ္ခြင့္၊ လြတ္လပ္စြာ သြားလာခြင့္နဲ႔ က်န္းမာေရးဝန္ေဆာင္မႈဆိုင္ရာ အခြင့္အေရးေတြ ျငင္းဆိုခံထားရဆဲ ရွိေၾကာင္းနဲ႔ အခုအခါ အစိုးရနဲ႔ ရခိုင္လက္နက္ကိုင္တပ္ (AA) တို႔ရဲ႕ တိုက္ပြဲေတြအၾကား ပိတ္မိေနတယ္လို႔လည္း ဆိုပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ မက်ဴးလြန္ဖို႔နဲ႔ အေထာက္အထားေတြကို မဖ်က္ဆီးဖို႔ မၾကာေသးမီက ထုတ္ျပန္ခဲ့တဲ့ ႏုိင္ငံေတာ္သမၼတရဲ႕ ညႊန္ၾကားခ်က္က ႏုိင္ငံတကာ တရား႐ုံးရဲ႕ အမိန္႔နဲ႔ လိုက္ေလ်ာညီေထြ ရွိပုံရေပမယ့္ လက္ေတြ႔မွာေတာ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြ ရပ္ဆိုင္းေစဖို႔ အႏွစ္သာရရွိရွိ လုပ္ေဆာင္တာ မရွိဘူးလို႔လည္း Amnesty International က ေျပာပါတယ္။

စစ္မွန္တဲ့ တာဝန္ခံမႈ မရွိသေရြ႕ ႐ုိဟင္ဂ်ာေတြနဲ႔ ရခိုင္၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းက တိုင္းရင္းသား လူနည္းစုေတြရဲ႕ ဘဝေတြ တိုးတက္ဖို႔ ေမၽွာ္လင့္ခ်က္မရွိဘဲ ျမန္မာအာဏာပိုင္ေတြရဲ႕ လက္ေအာက္မွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရဦးမွာ ျဖစ္တာေၾကာင့္ ျမန္မာႏုိင္ငံကိစၥကို ႏုိင္ငံတကာ ရာဇဝတ္ခုံ႐ုံး (ICC) ကို လႊဲေျပာင္းတင္ျပေပးဖို႔ကိုလည္း Amnesty International က လုံၿခဳံေရးေကာင္စီကို ထပ္မံ ေတာင္းဆိုထားပါတယ္။

႐ုိဟင္ဂ်ာ အသုံးအႏႈန္းကို လက္ခံျခင္းမရွိတဲ့ ျမန္မာအစိုးရက ႏုိင္ငံတကာတရား႐ုံး (ICJ) ကို ေမလ ၂၃ ရက္ေန႔ ေနာက္ဆုံးထား တင္သြင္းဖို႔ရွိတဲ့ အစီရင္ခံစာကို တင္သြင္းထားၿပီးျဖစ္ေၾကာင္း ႏုိင္ငံျခားေရးဝန္ႀကီးဌာန၊ အျပည္ျပည္ဆိုင္ရာ အဖြဲ႔အစည္းမ်ားနဲ႔ စီးပြားေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအးက ဗြီအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတွေ အခြေအနေ တိုးတက်ပြောင်းလဲလာတာ မရှိဘူးလို့ AI ဝေဖန်

ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေးအတွက် Provisional Measures ကြားဖြတ်ဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော်ဖို့ နိုင်ငံတကာတရားရုံး (ICJ) က အမိန့်ချမှတ်ထားပေမယ့် မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေ ပြောင်းလဲအောင် အစိုးရက အရေးယူဆောင်ရွက်တာ မရှိဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွ့ဲကြီး Amnesty International က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက ၆ သိန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေနဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ အချိန်အကန့်အသတ်မရှိ နေထိုင်နေရတဲ့ တခြား ရိုဟင်ဂျာ ၁ သိန်း ၂ သောင်းကျော်အတွက် ပြောင်းလဲမှု တစုံတရာ မရှိဘူးလို့ Amnesty Internationalရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Nicholas Bequelin က မေလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာပါ။

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေဟာ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ အခွင့်အရေးတွေ ငြင်းဆိုခံထားရဆဲ ရှိကြောင်းနဲ့ အခုအခါ အစိုးရနဲ့ ရခိုင်လက်နက်ကိုင်တပ် (AA) တို့ရဲ့ တိုက်ပွဲတွေအကြား ပိတ်မိနေတယ်လို့လည်း ဆိုပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ဖို့နဲ့ အထောက်အထားတွေကို မဖျက်ဆီးဖို့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်က နိုင်ငံတကာ တရားရုံးရဲ့ အမိန့်နဲ့ လိုက်လျောညီထွေ ရှိပုံရပေမယ့် လက်တွေ့မှာတော့ ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်ဆိုင်းစေဖို့ အနှစ်သာရရှိရှိ လုပ်ဆောင်တာ မရှိဘူးလို့လည်း Amnesty International က ပြောပါတယ်။

စစ်မှန်တဲ့ တာဝန်ခံမှု မရှိသရွေ့ ရိုဟင်ဂျာတွေနဲ့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသား လူနည်းစုတွေရဲ့ ဘဝတွေ တိုးတက်ဖို့ မျှော်လင့်ချက်မရှိဘဲ မြန်မာအာဏာပိုင်တွေရဲ့ လက်အောက်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဦးမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံကိစ္စကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းတင်ပြပေးဖို့ကိုလည်း Amnesty International က လုံခြုံရေးကောင်စီကို ထပ်မံ တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်ခံခြင်းမရှိတဲ့ မြန်မာအစိုးရက နိုင်ငံတကာတရားရုံး (ICJ) ကို မေလ ၂၃ ရက်နေ့ နောက်ဆုံးထား တင်သွင်းဖို့ရှိတဲ့ အစီရင်ခံစာကို တင်သွင်းထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG