သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားသြားမယ့္ ႐ိုဟင္ဂ်ာ ၁၂ ဦး ထိုင္းမွာ ဖမ္းဆီးခံရ


ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕မွာ လူကုန္ကူးမႈ တုိက္ဖ်က္ေရးအဖဲြေတြနဲ့ နယ္ျခားေစာင့္စစ္တပ္က ဖမ္းဆီးလိုက္တဲ့ ရခုိင္ျပည္နယ္ကလာတဲ့ ရိုဟင္ဂ်ာ တခ်ိဳ႕ (ေမ ၂၀၊ ၂၀၂၀)

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕မွာ လူကုန္ကူးမႈ တုိက္ဖ်က္ေရးအဖဲြ႔ေတြနဲ႔ နယ္ျခားေစာင့္စစ္တပ္က ရခုိင္ျပည္နယ္က လာတဲ့ ရိုဟင္ဂ်ာ ၁၂ ဦိးကုိ ဖမ္းဆီးလိုက္တဲ့သတင္းကို တင္ျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ထိုင္းျမန္မာနယ္စပ္မွာ မဲေဆာက္ျမိဳ႕မွာ ေမလ ၁၉ ရက္ေန႔က ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ စစ္ေတြကေန လာျပီး ထိုင္း - မေလးနယ္စပ္အထိ သြားဖို႔အတြက္ လာၾကတဲ့သူ ၁၂ ဦးကို ထုိင္းလ၀ကနဲ႔ ထုိင္းနယ္ျခားေစာင့္တပ္က ဖမ္းဆီးလိုက္တာပါ။ လူပဲြစားေတြနဲ႔ လူကုန္ကူးခံရသူေတြကို ထုိင္းအာဏာပုိင္ေတြက အင္အား ၅၀ ထက္မနည္းနဲ႔ ၀ိုင္း၀န္းပိတ္ဆို႔ၿပီး ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။ အဖမ္းခံရတဲ့ ရိုဟင္ဂ်ာ ၁၂ ဦးထဲမွာ ကေလးငယ္ႏွစ္ဦး ပါ၀င္တယ္လို႔ သိရပါတယ္။

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕မွာ လူကုန္ကူးမႈ တုိက္ဖ်က္ေရးအဖဲြေတြနဲ့ နယ္ျခားေစာင့္စစ္တပ္က ဖမ္းဆီးလိုက္တဲ့ ရခုိင္ျပည္နယ္ကလာတဲ့ ရိုဟင္ဂ်ာ တခ်ိဳ႕ (ေမ ၂၀၊ ၂၀၂၀)
ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕မွာ လူကုန္ကူးမႈ တုိက္ဖ်က္ေရးအဖဲြေတြနဲ့ နယ္ျခားေစာင့္စစ္တပ္က ဖမ္းဆီးလိုက္တဲ့ ရခုိင္ျပည္နယ္ကလာတဲ့ ရိုဟင္ဂ်ာ တခ်ိဳ႕ (ေမ ၂၀၊ ၂၀၂၀)

သူတို႔ေတြဟာ ရခိုင္ျပည္နယ္ကေန ျမ၀တီ၊ ျမ၀တီကေန မဲေဆာက္ အဲဒီကေန တဆင့္ မေလးရွားနယ္စပ္အထိ ေရာက္ဖို႔အတြက္ လူပဲြစားကို အခေၾကးေငြ တဦးကို ဘတ္ေငြ ၁၄,၀၀၀ ေလာက္ ေပးျပီးလာခဲ့ၾကတာလု႔ိ ဆိုပါတယ္။ ဖမ္းဆီးမႈ အေျခအေနနဲ႔ ပတ္သက္လုိ႔ ေရာင္ျခည္ဦးအလုပ္သမားအဖဲြ႔ရဲ႕ မဲေဆာက္တာ၀န္ခံ ဦးမုိးေက်ာ္က အခုလိုေျပာပါတယ္။

"မေန႔က က်ေနာ္တုိ႔ တာခ့္ခရိုင္ ထဆိုုင္လု၀ပ္နယ္ေျမကမ္းနား မဲေဆာက္ကမ္းနားနားက ခ်စ္ၾကည္ေရးတံတားနားက ရပ္ကြက္က လူကုန္ကူး တားဆီးတိုက္ဖ်က္ေရးအဖဲြ႔ေတြ၊ လ၀ကေတြ၊ နယ္ျခားေစာင့္တပ္ေတြနဲ႔ ထုိ္င္းအာဏာပုိင္ ၅၀ ေက်ာ္ေလာက္က မသကၤာ တဲ့ အိမ္္ေတြကို ရွာေဖြတဲ့အခါမွာ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ထဲက လာတဲ့ လူ ၁၂ ဦးကုိ ဖမ္းဆီးလိုက္တယ္။ သူတို႔ကို ေခၚလာတဲ့ ထုိင္းႏို္င္ငံသား လူပဲြစား ၂ ဦးကိုလည္း ဖမ္းဆီးလိုက္တယ္။ ဖမ္းဆီးခံရတဲ့အထဲမွာ ၉ ႏွစ္နဲ႔ ၃ ႏွစ္အရြယ္ ကေလး ၂ ဦးလည္းပါတယ္။ ဖမ္းဆီးခံရသူေတြကို ေနရပ္ရင္းကို ျပန္ပို႔မယ္လုိ႔ေတာ့ ထုိင္းအာဏာပုိင္ေတြက ေျပာတယ္။"

ထုိင္းသတင္းေတြမွာ သူတုိ႔ဟာ ျမန္မာႏိုင္ငံကလာတဲ့ ရိုဟင္ဂ်ာေတြ ျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။

ျမန္မာအစိုးရကေတာ့ ရိုဟင္ဂ်ာဆုိတဲ့အသံုးအႏႈန္းကို လက္မခံပါဘူး။ သူတို႔ အားလုံုးဟာ ျမန္မာႏို္င္ငံကေန ထိုင္းနိုင္ငံကိုျဖတ္ျပီး မေလးရွားအထိ သြားေရာက္ အလုပ္လုပ္ၾကဖို႔ လာႀကရင္းနဲ႔ ထိုင္းနဲ ့ ျမန္မာ လူပြဲစားေတြကို ေငြေပးျပီး လာခဲ့ၾကတာပါ။ ပြဲစားေတြက တိုက္ခန္းတစ္ခုမွာ လူစုထားတဲ့အခ်ိန္ ဖမ္းဆီးခံရတာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္က ရိုဟင္ဂ်ာမြတ္ဆလင္ေတြဟာ ျမန္မာႏိုင္ငံတြင္းမွာလည္း နယ္ေက်ာ္သြားလာခြင့္ မရိွတာေၾကာင့္ လူ၀င္မႈႀကီးၾကပ္ေရးဥပေဒနဲ႔ ျမန္မာႏိုင္ငံထဲမွာလည္း အလားတူ ဖမ္းဆီးခံရတာေတြ ရိွခဲ့ပါတယ္။ သူတို႔ဟာ ရခိုင္ျပည္နယ္က ဒုကၡသည္ေတြစခန္းေတြအတြင္းမွာ နွစ္ရွည္ေနထိုင္ရၿပီး နယ္စပ္ျဖတ္ေက်ာ္ အျခားႏိုင္ငံေတြကို ထြက္ဖို႔ ႀကိဳးစားရာက အခုလို ဖမ္းဆီးခံၾကရတာပါ။

မဲေဆာက္မွာ ဖမ္းမိရတဲ့အထဲ ထိုင္းနိုင္ငံသား လက္မွတ္ ကိုင္ေဆာက္ထားတဲ့ လူပြဲစားႏွစ္ဦးကိုလည္း ဖမ္းဆီးလိုက္ေၾကာင္း ထိုင္းသတင္းေတြမွာ ေဖၚျပပါတယ္။ အခုလို COVID-19 အေရးေပၚကာလမွာ နယ္ေျမတခုနဲ႔ တခု ျဖတ္သန္းသြားလာခြင့္ေတြ ပိတ္ဆို႔ကန္႔သတ္ထားခ်ိန္မွာ သြားလာခြင့္မရတာေၾကာင့္ မဲေဆာက္ထဲမွာပဲ သူတို့႔ကိုဖမ္းမိခဲ့တာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့လတုန္းကလည္း ရိုဟင္ဂ်ာတခ်ိဳ႕ကို မဲေဆာက္မွာ ဖမး္မိခဲ့တယ္လို့ထုိင္းအာဏာပုိင္ေတြက ဆုိပါတယ္။

ထိုင္း လူကုန္ကူးမွႈ တိုက္ဖ်က္ေရးအဖြဲ႔ေတြရဲ႕ ရရွိထားတဲ့ သတင္းအခ်က္အလက္ ေတြအရ ရိုဟင္ဂ်ာေတြကို လူပြဲစားေတြဟာ မဲေဆာက္ျမိဳ႕ကေနတဆင့္ မေလးနယ္စပ္ကို ပို႔ေနေၾကာင္း သတင္းရရွိထားတဲ့အတြက္ ၀င္ေရာက္ စစ္ေဆးခဲ့တာလို႔ ထုိင္းအာဏာပုိင္ေတြက ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၁၂ ဦး ထိုင်းမှာ ဖမ်းဆီးခံရ

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ နယ်ခြားစောင့်စစ်တပ်က ရခိုင်ပြည်နယ်က လာတဲ့ ရိုဟင်ဂျာ ၁၂ ဦိးကို ဖမ်းဆီးလိုက်တဲ့သတင်းကို တင်ပြပါမယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းမြန်မာနယ်စပ်မှာ မဲဆောက်မြို့မှာ မေလ ၁၉ ရက်နေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေကနေ လာပြီး ထိုင်း - မလေးနယ်စပ်အထိ သွားဖို့အတွက် လာကြတဲ့သူ ၁၂ ဦးကို ထိုင်းလဝကနဲ့ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်တာပါ။ လူပွဲစားတွေနဲ့ လူကုန်ကူးခံရသူတွေကို ထိုင်းအာဏာပိုင်တွေက အင်အား ၅၀ ထက်မနည်းနဲ့ ဝိုင်းဝန်းပိတ်ဆို့ပြီး ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့ ရိုဟင်ဂျာ ၁၂ ဦးထဲမှာ ကလေးငယ်နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ်ကနေ မြဝတီ၊ မြဝတီကနေ မဲဆောက် အဲဒီကနေ တဆင့် မလေးရှားနယ်စပ်အထိ ရောက်ဖို့အတွက် လူပွဲစားကို အခကြေးငွေ တဦးကို ဘတ်ငွေ ၁၄,၀၀၀ လောက် ပေးပြီးလာခဲ့ကြတာလု့ိ ဆိုပါတယ်။ ဖမ်းဆီးမှု အခြေအနေနဲ့ ပတ်သက်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ မဲဆောက်တာဝန်ခံ ဦးမိုးကျော်က အခုလိုပြောပါတယ်။

"မနေ့က ကျနော်တို့ တာခ့်ခရိုင် ထဆိုင်လုဝပ်နယ်မြေကမ်းနား မဲဆောက်ကမ်းနားနားက ချစ်ကြည်ရေးတံတားနားက ရပ်ကွက်က လူကုန်ကူး တားဆီးတိုက်ဖျက်ရေးအဖွဲ့တွေ၊ လဝကတွေ၊ နယ်ခြားစောင့်တပ်တွေနဲ့ ထိုင်းအာဏာပိုင် ၅၀ ကျော်လောက်က မသင်္ကာ တဲ့ အိမ်တွေကို ရှာဖွေတဲ့အခါမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက လာတဲ့ လူ ၁၂ ဦးကို ဖမ်းဆီးလိုက်တယ်။ သူတို့ကို ခေါ်လာတဲ့ ထိုင်းနိုင်ငံသား လူပွဲစား ၂ ဦးကိုလည်း ဖမ်းဆီးလိုက်တယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ ၉ နှစ်နဲ့ ၃ နှစ်အရွယ် ကလေး ၂ ဦးလည်းပါတယ်။ ဖမ်းဆီးခံရသူတွေကို နေရပ်ရင်းကို ပြန်ပို့မယ်လို့တော့ ထိုင်းအာဏာပိုင်တွေက ပြောတယ်။"

ထိုင်းသတင်းတွေမှာ သူတို့ဟာ မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕မွာ လူကုန္ကူးမႈ တုိက္ဖ်က္ေရးအဖဲြေတြနဲ့ နယ္ျခားေစာင့္စစ္တပ္က ဖမ္းဆီးလိုက္တဲ့ ရခုိင္ျပည္နယ္ကလာတဲ့ ရိုဟင္ဂ်ာ တခ်ိဳ႕ (ေမ ၂၀၊ ၂၀၂၀)
ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕မွာ လူကုန္ကူးမႈ တုိက္ဖ်က္ေရးအဖဲြေတြနဲ့ နယ္ျခားေစာင့္စစ္တပ္က ဖမ္းဆီးလိုက္တဲ့ ရခုိင္ျပည္နယ္ကလာတဲ့ ရိုဟင္ဂ်ာ တခ်ိဳ႕ (ေမ ၂၀၊ ၂၀၂၀)

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပါဘူး။ သူတို့ အားလုံးဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားအထိ သွားရောက် အလုပ်လုပ်ကြဖို့ လာကြရင်းနဲ့ ထိုင်းနဲ့ မြန်မာ လူပွဲစားတွေကို ငွေပေးပြီး လာခဲ့ကြတာပါ။ ပွဲစားတွေက တိုက်ခန်းတစ်ခုမှာ လူစုထားတဲ့အချိန် ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေဟာ မြန်မာနိုင်ငံတွင်းမှာလည်း နယ်ကျော်သွားလာခွင့် မရှိတာကြောင့် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ မြန်မာနိုင်ငံထဲမှာလည်း အလားတူ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေစခန်းတွေအတွင်းမှာ နှစ်ရှည်နေထိုင်ရပြီး နယ်စပ်ဖြတ်ကျော် အခြားနိုင်ငံတွေကို ထွက်ဖို့ ကြိုးစားရာက အခုလို ဖမ်းဆီးခံကြရတာပါ။

မဲဆောက်မှာ ဖမ်းမိရတဲ့အထဲ ထိုင်းနိုင်ငံသား လက်မှတ် ကိုင်ဆောက်ထားတဲ့ လူပွဲစားနှစ်ဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖေါ်ပြပါတယ်။ အခုလို COVID-19 အရေးပေါ်ကာလမှာ နယ်မြေတခုနဲ့ တခု ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ဆို့ကန့်သတ်ထားချိန်မှာ သွားလာခွင့်မရတာကြောင့် မဲဆောက်ထဲမှာပဲ သူတို့ကိုဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း ရိုဟင်ဂျာတချို့ကို မဲဆောက်မှာ ဖမ်းမိခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်း လူကုန်ကူးမှှု တိုက်ဖျက်ရေးအဖွဲ့တွေရဲ့ ရရှိထားတဲ့ သတင်းအချက်အလက် တွေအရ ရိုဟင်ဂျာတွေကို လူပွဲစားတွေဟာ မဲဆောက်မြို့ကနေတဆင့် မလေးနယ်စပ်ကို ပို့နေကြောင်း သတင်းရရှိထားတဲ့အတွက် ဝင်ရောက် စစ်ဆေးခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

XS
SM
MD
LG