သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေနာက္ႏုိင္ငံကဖက္ရွင္ကုမၸဏီတခ်ဳိ႕ကုိ အမည္ပ်က္စာရင္းသြင္းမည္ဟု ဘဂၤလားေဒ့ရွ္ စက္မႈလုပ္ငန္းရွင္အသင္းၿခိမ္းေျခာက္


Bangladesh garment factory -AP

Zawgyi/Unicode

ၿဗိတိန္ကုန္တိုက္ႀကီး တစ္ခုကို တရားစြဲမယ္လို႔ ၿခိမ္းေျခာက္အၿပီး ေနာက္တစ္ရက္မွာ ဘဂၤလားေဒ့ရွ္နိုင္ငံ စက္မႈလုပ္ငန္းရွင္ေတြက ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေငြရွင္းေပးဖို႔ ပ်က္ကြက္တဲ့ နာမည္ႀကီး အေနာက္တိုင္း ဖက္ရွင္ကုမၸဏီေတြကို အမည္ပ်က္စာရင္းထဲ ထည့္သြင္းမယ္လို႔ ဗုဒၶဟူးေန႔က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္နိုင္ငံရဲ့ အထည္ခ်ဳပ္နဲ႔ ပို႔ကုန္လုပ္ငန္းရွင္မ်ား အသင္း (BGMEA) က ျဗတိန္ ကုမၸဏီ တစ္ခုျဖစ္တဲ့ Edinburgh Woollen Mill (EWM) အုပ္စုကို မတ္လ ၁၅ ရက္ေန႔မတိုင္ခင္က တင္ပို႔ၿပီျဖစ္တဲ့ အဝတ္အထည္ေတြအတြက္ ေသာၾကာေန႔ ေနာက္ဆုံး ေငြရွင္းေပးဖို႔လည္း စာေရးသား ေတာင္းဆိုထားပါတယ္။

အေနာက္တိုင္း ဖက္ရွင္ ကုမၸဏီေတြနဲ႔ စီးပြားျဖတ္ပစ္ဖို႔ကို မရည္ရြယ္ေပမဲ့ ဝယ္လက္ေတြက ေရာင္းသူေတြအေပၚ ေခါင္းပုံျဖတ္တဲ့ အေနအထားကို တုန္႔ျပန္ရမယ္လို႔လည္း BGMEA အသင္းခ်ဳပ္ ဥကၠဌRubana Huq က ရိုက္တာ သတင္းကို ေျပာပါတယ္။

ကမၻာေပၚမွာ တ႐ုတ္နိုင္ငံၿပီးရင္ ဘဂၤလားေဒ့ရွ္နိုင္ငံဟာ အေနာက္နိုင္ငံေတြကို အဝတ္အထည္ ဒုတိယ အမ်ားဆုံး တင္ပို႔တဲ့နိုင္ငံျဖစ္ပါ တယ္။ ပို႔ကုန္ရဲ့ ၈၀ ရာခိုင္ႏႈန္းဟာ အဝတ္အထည္ ျဖစ္ၿပီး အထည္ခ်ဳပ္ စက္႐ုံေပါင္း ၄ ေထာင္ေက်ာ္မွာ အမ်ိဳးသမီး အမ်ားစု ပါဝင္တဲ့ အထည္ခ်ဳပ္ အလုပ္သမား ၄ သန္းေက်ာ္က ဒီ လုပ္ငန္းအေပၚ မွီခိုေနရတာလည္း ျဖစ္ပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ကမၻာတစ္ဝွမ္း ကုန္တိုက္နဲ႔စတိုးဆိုင္ေတြ ပိတ္ခဲ့တာေၾကာင့္ အေနာက္နိုင္ငံေတြက အထည္ခ်ဳပ္ အမွာစာ ေအာ္ဒါေတြ ရပ္ဆိုင္းခဲ့လို႔ အာရွ တစ္လႊားကအထည္ခ်ဳပ္ အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ခဲ့ရပါတယ္။ အထည္ခ်ဳပ္ လုပ္ငန္းရဲ့ ေရရွည္ ရပ္တည္နိုင္မႈအေပၚမွာလည္း သံသယရွိစရာ ျဖစ္လာခဲ့တာပါ။

ဘဂၤလားေဒ့ရွ္ နိုင္ငံမွာေတာ့ ဧၿပီလ အေစာပိုင္းမွာ အဝတ္အထည္ တင္ပို႔မႈ ၈၄ ရာခိုင္ႏႈန္း က်ဆင္းခဲ့သလို ၃ ဘီလီယံ တန္ဖိုးရွိတဲ့ ေအာ္ဒါေတြ ဖ်က္သိမ္း ဒါမွမဟုတ္ ရပ္ဆိုင္း ခဲ့တယ္ လို႔ အထည္ခ်ဳပ္ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။

[Unicode]

ဗြိတိန်ကုန်တိုက်ကြီး တစ်ခုကို တရားစွဲမယ်လို့ ခြိမ်းခြောက်အပြီး နောက်တစ်ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စက်မှုလုပ်ငန်းရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငွေရှင်းပေးဖို့ ပျက်ကွက်တဲ့ နာမည်ကြီး အနောက်တိုင်း ဖက်ရှင်ကုမ္ပဏီတွေကို အမည်ပျက်စာရင်းထဲ ထည့်သွင်းမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အထည်ချုပ်နဲ့ ပို့ကုန်လုပ်ငန်းရှင်များ အသင်း (BGMEA) က ဗြတိန် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Edinburgh Woollen Mill (EWM) အုပ်စုကို မတ်လ ၁၅ ရက်နေ့မတိုင်ခင်က တင်ပို့ပြီဖြစ်တဲ့ အဝတ်အထည်တွေအတွက် သောကြာနေ့ နောက်ဆုံး ငွေရှင်းပေးဖို့လည်း စာရေးသား တောင်းဆိုထားပါတယ်။

အနောက်တိုင်း ဖက်ရှင် ကုမ္ပဏီတွေနဲ့ စီးပွားဖြတ်ပစ်ဖို့ကို မရည်ရွယ်ပေမဲ့ ဝယ်လက်တွေက ရောင်းသူတွေအပေါ် ခေါင်းပုံဖြတ်တဲ့ အနေအထားကို တုန့်ပြန်ရမယ်လို့လည်း BGMEA အသင်းချုပ် ဥက္ကဌRubana Huq က ရိုက်တာ သတင်းကို ပြောပါတယ်။

ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အနောက်နိုင်ငံတွေကို အဝတ်အထည် ဒုတိယ အများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်ပါ တယ်။ ပို့ကုန်ရဲ့ ၈၀ ရာခိုင်နှုန်းဟာ အဝတ်အထည် ဖြစ်ပြီး အထည်ချုပ် စက်ရုံပေါင်း ၄ ထောင်ကျော်မှာ အမျိုးသမီး အများစု ပါဝင်တဲ့ အထည်ချုပ် အလုပ်သမား ၄ သန်းကျော်က ဒီ လုပ်ငန်းအပေါ် မှီခိုနေရတာလည်း ဖြစ်ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း ကုန်တိုက်နဲ့စတိုးဆိုင်တွေ ပိတ်ခဲ့တာကြောင့် အနောက်နိုင်ငံတွေက အထည်ချုပ် အမှာစာ အော်ဒါတွေ ရပ်ဆိုင်းခဲ့လို့ အာရှ တစ်လွှားကအထည်ချုပ် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ အထည်ချုပ် လုပ်ငန်းရဲ့ ရေရှည် ရပ်တည်နိုင်မှုအပေါ်မှာလည်း သံသယရှိစရာ ဖြစ်လာခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ ဧပြီလ အစောပိုင်းမှာ အဝတ်အထည် တင်ပို့မှု ၈၄ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ၃ ဘီလီယံ တန်ဖိုးရှိတဲ့ အော်ဒါတွေ ဖျက်သိမ်း ဒါမှမဟုတ် ရပ်ဆိုင်း ခဲ့တယ် လို့ အထည်ချုပ် လုပ်ငန်းရှင်တွေက ပြောပါတယ်။


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG