သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြ COVID-19 ကာကြယ္ေရး အျပင္းအထန္ လုပ္ေဆာင္ေန


ကုတုပေလာင္ ဒုကၡသည္စခန္းတြင္း ျမင္ကြင္း။ (မတ္ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားေဒသက ဒုကၡသည္စခန္းေတြမွာ COVID-19 ေရာဂါ ကာကြယ္ေရး လုပ္ေဆာင္ထားတာေတြနဲ႔ ပတ္သက္ၿပီး မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံ ရခိုင္ျပည္နယ္ကေန အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးတိမ္းေရွာင္သြားၾကတဲ့ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြ ခုိလႈံေနတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ဒုကၡသည္စခန္းေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈနဲ႔ ႀကံဳရမယ္ဆုိရင္ အလြန္ကို အႏၱရာယ္ ႀကီးမားလာႏုိင္တဲ့အေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ံုး (UNHCR) စတဲ့ ကုလသမဂၢ အဖြဲ႔အစည္းေတြနဲ႔ ဒုကၡသည္ဆုိင္ရာ ႏုိင္ငံတကာ NGO အဖြဲ႔ေတြ၊ အကူအညီေပးေရး အဖဲြ႔အစည္းေတြက သတိေပးထားပါတယ္။

ဒါေၾကာင့္ ဘဂၤလားေဒ့ရွ္ အစိုးရကေရာ ဒုကၡသည္စခန္း တာဝန္ရွိသူေတြကပါ ကိုဗစ္ေရာဂါ ကူးစက္ျပန္႔ပြားမႈ မရွိေစေရး ဒုကၡသည္စခန္း အသီးသီးမွာ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြ လုိက္နာၾကဖို႔ စည္းကမ္းခ်က္ေတြထုတ္ျပန္ၿပီး အထူးသျဖင့္ လူစုလူေဝး မလုပ္ၾကဖို႔ အပါအဝင္ စခန္းေတြထဲလည္း လူအဝင္အထြက္ တင္းက်ပ္ ကန္႔သတ္လိုက္တာပါ။

အဲဒီစခန္းေတြထဲက ဘာလုခါလီ ဒုကၡသည္စခန္းမွာ ဗိုင္းရပ္စ္ကာကြယ္ေရး ဘယ္လိုၫႊန္ၾကားခ်က္ေတြ ထုတ္ထားတယ္ဆုိတာကို အဲဒီမွာရွိတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ ဦးအီစလံက ေျပာျပပါတယ္။

“ဟုတ္ကဲ့ WFP ကမာၻ႔စားနပ္ရိကၡာ အစီအစဥ္ကေန တလတႀကိမ္ေတာ့ စားနပ္ရိကၡာေတြ ထုတ္ေပးေနပါတယ္။ စားနပ္ရိကၡာေတြ ထုတ္ေပးခ်ိန္ လူစုလူေဝး မလုပ္ၾကဖို႔ ညႊန္ၾကားထားတယ္။ အိမ္ေထာင္တစုကေန အိမ္ေထာင္ဦးစီးတဦးကပဲ စားနပ္ရိကၡာေတြ သြားထုတ္ရပါတယ္ခင္ဗ်ာ။ တဦးနဲ႔တဦးလည္း သံုးေပခြာၿပီးေတာ့ ရိကၡာေတြ ထုတ္ေနၾကရပါတယ္ခင္ဗ်ာ။ ဒီကေန႔အခ်ိန္အထိေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားခ႐ုိင္မွာ ရွိေနၾကတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းေတြမွာ ကိုဗစ္ ၁၉ နဲ႔ပတ္သက္ၿပီး ကူးစက္ျခင္း တဦးတေယာက္မွ မရွိေသးပါဘူး။ ဘဂၤလားေဒ့ရွ္ႏုိင္ငံ အျပင္ပိုင္းမွာ လူေသဆံုးတယ္၊ လူေတြ ကူးစက္ခံရတယ္ဆိုတာ ၾကားသိေနရေတာ့ အဲ့ေတာ့ ႐ုိဟင္ဂ်ာ ဒုကၡသည္စခန္းထဲမွာ ရွိေနၾကတဲ့ ဒုကၡသည္ေတြက အလြန္ကို စိုးရိမ္ေနၾကပါတယ္ခင္ဗ်။ ဒီလို ကူးစက္မႈ ျဖစ္လာေနတဲ့အတြက္ ဘဂၤလားေဒ့ရွ္ အစိုးရနဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က ထုတ္ျပန္တဲ့ စည္းကမ္းခ်က္ေတြကို က်ေနာ္တို႔ ႐ုိဟင္ဂ်ာဒုကၡသည္ေတြက လိုက္နာၾကပါတယ္။”

ဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး အသိပညာေပးတာေတြကို ႐ိုဟင္ဂ်ာ၊ ဗမာ၊ ဘဂၤါလီ ဘာသာစကားသံုးမ်ဳိးနဲ႔ ေရဒီယိုကေန ထုတ္လႊင့္တာ၊ ဗီြဒီယိုနဲ႔ ျပသတာအျပင္ ပိုစတာနဲ႔ လက္ကမ္းစာေစာင္ ျဖန္႔ေဝတာေတြကို UNHCR က ဦးေဆာင္ၿပီး က်န္းမာေရးလုပ္သားေတြနဲ႔ ေဆာင္ရြက္ေနၾကပါတယ္။

လတ္တေလာမွာေတာ့ ဒုကၡသည္စခန္းေတြမွာ ဘာသာေရး ဝတ္ျပဳဆုေတာင္းပြဲေတြ အပါအ၀င္ လူစုလူေ၀းေတြကုိ တားျမစ္ထားသလို ဗလီေတြမွာလည္း လူဦးေရ အကန္႔အသတ္နဲ႔ ဝတ္ျပဳၾကရတယ္လို႔ ဦးအီစလံက ေျပာပါတယ္။

“လူေတြ လူစုလူေဝးေတြ မလုပ္ၾကဖို႔ စာသင္ေက်ာင္းေတြ ပိတ္ထားဖို႔ ပိတ္ပင္ထားတယ္။ ေနာက္ ေစ်းဆိုင္ေတြလည္း အကုန္ပိတ္ထားပါတယ္။ ေနာက္ လူေတြ အိမ္ထဲကေန အိမ္ျပင္မထြက္ၾကဖို႔လည္း ညႊန္ၾကားထားပါတယ္ခင္ဗ်ာ။ ေနာက္ တဦးနဲ႔တဦး သံုးေပအကြာအေဝးမွာ ေနၾကဖို႔၊ ေခ်ာင္းဆိုးရင္ ႏွာေခ်ရင္ မ်က္ႏွာေတြကို ကာထားဖို႔ ပဝါေတြကာထားဖို႔ Mask ႏွာေခါင္းစီးေတြတပ္ဖို႔လည္း ညႊန္ၾကားထားပါတယ္ခင္ဗ်ာ။ ေနာက္ တကိုယ္ေရသန္႔ရွင္းေရးအတြက္ လက္ကို မၾကာခဏ ဆပ္ျပာနဲ႔ေဆးေၾကာဖို႔ အဲ့လို က်န္းမာေရးပညာေပး ညႊန္ၾကားမႈေတြ ရွိေနပါတယ္ခင္ဗ်ာ။ အခု ကမ့္ပ္ထဲမွာ ဘုရားရွိခိုးရင္ လူငါးဦးထက္ပိုၿပီး မစုေဝးေစရဘူးလို႔ ေျပာထား ညႊန္ၾကားထားပါတယ္။ ဗလီမွာေတာ့ ဗလီဦးေဆာင္ဆရာနဲ႔ လူအနည္းငယ္ပဲ ဝတ္ျပဳဆုေတာင္းပါတယ္။ တျခားသူေတြဆိုရင္ေတာ့ ကိုယ့္အိမ္မွာပဲ ကိုယ္ဝတ္ျပဳၾကပါတယ္ခင္ဗ်ာ။ အခုဆိုရင္ ဘဂၤလားေဒ့ရွ္ အစိုးရကလည္း အသံခ်ဲ႕စက္ေတြနဲ႔ မၾကာခဏ ေၾကညာခ်က္ေတြ ထုတ္ျပန္တာ ရွိပါတယ္။ စခန္းပတ္လည္ကိုလည္း လိုက္လံႏႈိးေဆာ္ေနတာေတြ ရွိပါတယ္။ အထူးသျဖင့္ ဖ်ားနာရင္ ေခ်ာင္းဆိုးရင္ ေနမေကာင္းျဖစ္လာရင္ သက္ဆိုင္ရာ ေဆး႐ုံကို အျမန္ဆံုးေျပးျပၾကဖို႔ကိုလည္း ညႊန္ၾကားထားပါတယ္။”

အခုလို သိန္းခ်ီတဲ့လူေတြ စုေဝးခိုလံႈေနထိုင္ရတဲ့ စခန္းေတြထဲ COVID-19 လို ကပ္ေရာဂါ ျဖစ္ပြားလာမွာ စိုးရိမ္ေနၾကခ်ိန္မွာပဲ ဘဂၤလားပင္လယ္ေအာ္ကိုျဖတ္ၿပီး ေလွစီးထြက္ေျပးလာၾကတဲ့ ႐ုိဟင္ဂ်ာမြတ္စလင္ေတြရဲ႕ ေလွတစီး ပင္လယ္ထဲ ေမ်ာေနခ်ိန္ အစာေရစာ ျပတ္လပ္မႈေၾကာင့္ အနည္းဆံုး လူ ၃၀ ေသဆံုးခဲ့ရပါတယ္။

အဲဒီထဲက အသက္မေသ က်န္ရစ္သူေတြကို ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္က ကယ္တင္လိုက္ၿပီးတဲ့ေနာက္ အဲဒီထဲက ႐ုိဟင္ဂ်ာတခ်ိဳ႕ကို ကုတုပေလာင္စခန္းထဲ ေခၚယူေစာင့္ေရွာက္ထားၿပီး ေဆးကုေပးေနတယ္လို႔လည္း ဦးအီစလံက ေျပာျပပါတယ္။

“အခု အဲ့ဒီ့ ဒုကၡသည္ေတြကို ဧၿပီလ ၁၆ ရက္ေန႔ မနက္ပိုင္းက ဘဂၤလားေဒ့ရွ္ လုံၿခံဳေရးအဖြဲ႔ေတြနဲ႔ ကုလအဖြဲ႔အစည္းေတြ အပါအဝင္ အဖြဲ႔ေတြက သူတို႔ကို ကုတုပေလာင္ ဒုကၡသည္စခန္းထဲက ဒုကၡသည္လက္ခံေရး စခန္းထဲမွာ ေစာင့္ေရွာက္ထားပါတယ္ခင္ဗ်ာ။ ေနမေကာင္းတဲ့သူေတြကို ေဆး႐ုံတင္ၿပီးေတာ့ သူတို႔ ေဆးဝါးကုသမႈ ေပးေနပါတယ္။ တျခားသူေတြကိုလည္း အစားအေသာက္ေတြေပးၿပီး ေဆးကုေပးေနပါတယ္။ ေနာက္ သူတို႔ကို ကိုဗစ္ ၁၉ နဲ႔ ပတ္သက္ၿပီးေတာ့ ကူးစက္ခံထားရတာ ရွိမရွိ ရက္ေပါင္း ၁၄ ရက္ ထားၿပီးေတာ့ ေစာင့္ၾကည့္မယ္ဆိုၿပီးေတာ့ ၾကားသိရပါတယ္။ ဒုကၡသည္စခန္းေတြမွာပဲ ေနမယ္ဆိုရင္လည္း အခက္အခဲေတြက ပိုၿပီးႀကံဳလာရႏိုင္တယ္။

“အခုက ျမန္မာျပည္ျပန္ေရး လုပ္ငန္းစဥ္ အိမ္ျပန္ဖို႔လမ္းကလည္း မျမင္ေတာ့ အခုေတာင္ လူေတြက မေလးရွားဘက္သြားလုိက္ ဟိုဘက္သြားလိုက္ ဒီဘက္သြားလုိက္နဲ႔ ပင္လယ္ထဲမွာေသလိုက္ အဲ့လိုေတြျဖစ္ေနတယ္။ ဒါေၾကာင့္ က်ေနာ္တို႔အေရးကို ႏုိင္ငံတကာကေရာ ျမန္မာအစိုးရကပါ ေျပလည္ေအာင္ ေျဖရွင္းေပးဖို႔ အေလးအနက္ ေတာင္းဆိုခ်င္ပါတယ္။”

႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္ခံမထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ကမာၻအႏွံ႔ COVID-19 ဗိုင္းရပ္ေရာဂါကူးစက္မႈ ကာကြယ္တဲ့အေနနဲ႔ သြားလာမႈ ကန္႔သတ္ေနတဲ့ တခ်ိန္တည္းမွာပဲ ရခိုင္ျပည္နယ္ ေမာင္ေတာခ႐ုိင္ဘက္မွာလည္း ဘဂၤလားေဒ့ရွ္ကေန ျပန္လာတဲ့သူေတြကို လက္မခံေတာ့တဲ့အေၾကာင္း ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ စည္ပင္သာယာေရးဝန္ႀကီးက ဗီြအိုေအျမန္မာပိုင္းကို ေျပာဆိုထားသလို နယ္စပ္ဂိတ္ေတြကေန ျပန္ဝင္လာသူေတြ ဧၿပီလဆန္းကစၿပီး မရွိေတာ့ဘူးလို႔လည္း အတည္ျပဳထားပါတယ္။ စေနေန႔ထိဆိုရင္ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ COVID-19 ကူးစက္ခံထားရသူ ၂၁၀၀ ေက်ာ္ရွိၿပီး ေသဆံုးသူ ၈၀ ေက်ာ္ရွိတဲ့အေၾကာင္း ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ COVID-19 ကာကွယ်ရေး အပြင်းအထန် လုပ်ဆောင်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ COVID-19 ရောဂါ ကာကွယ်ရေး လုပ်ဆောင်ထားတာတွေနဲ့ ပတ်သက်ပြီး မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ကြုံရမယ်ဆိုရင် အလွန်ကို အန္တရာယ် ကြီးမားလာနိုင်တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ NGO အဖွဲ့တွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရကရော ဒုက္ခသည်စခန်း တာဝန်ရှိသူတွေကပါ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ဒုက္ခသည်စခန်း အသီးသီးမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ လိုက်နာကြဖို့ စည်းကမ်းချက်တွေထုတ်ပြန်ပြီး အထူးသဖြင့် လူစုလူဝေး မလုပ်ကြဖို့ အပါအဝင် စခန်းတွေထဲလည်း လူအဝင်အထွက် တင်းကျပ် ကန့်သတ်လိုက်တာပါ။

အဲဒီစခန်းတွေထဲက ဘာလုခါလီ ဒုက္ခသည်စခန်းမှာ ဗိုင်းရပ်စ်ကာကွယ်ရေး ဘယ်လိုညွှန်ကြားချက်တွေ ထုတ်ထားတယ်ဆိုတာကို အဲဒီမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက ပြောပြပါတယ်။

“ဟုတ်ကဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကနေ တလတကြိမ်တော့ စားနပ်ရိက္ခာတွေ ထုတ်ပေးနေပါတယ်။ စားနပ်ရိက္ခာတွေ ထုတ်ပေးချိန် လူစုလူဝေး မလုပ်ကြဖို့ ညွှန်ကြားထားတယ်။ အိမ်ထောင်တစုကနေ အိမ်ထောင်ဦးစီးတဦးကပဲ စားနပ်ရိက္ခာတွေ သွားထုတ်ရပါတယ်ခင်ဗျာ။ တဦးနဲ့တဦးလည်း သုံးပေခွာပြီးတော့ ရိက္ခာတွေ ထုတ်နေကြရပါတယ်ခင်ဗျာ။ ဒီကနေ့အချိန်အထိတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်မှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီး ကူးစက်ခြင်း တဦးတယောက်မှ မရှိသေးပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြင်ပိုင်းမှာ လူသေဆုံးတယ်၊ လူတွေ ကူးစက်ခံရတယ်ဆိုတာ ကြားသိနေရတော့ အဲ့တော့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေက အလွန်ကို စိုးရိမ်နေကြပါတယ်ခင်ဗျ။ ဒီလို ကူးစက်မှု ဖြစ်လာနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကို ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေက လိုက်နာကြပါတယ်။”

ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေကို ရိုဟင်ဂျာ၊ ဗမာ၊ ဘင်္ဂါလီ ဘာသာစကားသုံးမျိုးနဲ့ ရေဒီယိုကနေ ထုတ်လွှင့်တာ၊ ဗွီဒီယိုနဲ့ ပြသတာအပြင် ပိုစတာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို UNHCR က ဦးဆောင်ပြီး ကျန်းမာရေးလုပ်သားတွေနဲ့ ဆောင်ရွက်နေကြပါတယ်။

လတ်တလောမှာတော့ ဒုက္ခသည်စခန်းတွေမှာ ဘာသာရေး ဝတ်ပြုဆုတောင်းပွဲတွေ အပါအဝင် လူစုလူဝေးတွေကို တားမြစ်ထားသလို ဗလီတွေမှာလည်း လူဦးရေ အကန့်အသတ်နဲ့ ဝတ်ပြုကြရတယ်လို့ဦးအီစလံက ပြောပါတယ်။

“လူတွေ လူစုလူဝေးတွေ မလုပ်ကြဖို့ စာသင်ကျောင်းတွေ ပိတ်ထားဖို့ ပိတ်ပင်ထားတယ်။ နောက် ဈေးဆိုင်တွေလည်း အကုန်ပိတ်ထားပါတယ်။ နောက် လူတွေ အိမ်ထဲကနေ အိမ်ပြင်မထွက်ကြဖို့လည်း ညွှန်ကြားထားပါတယ်ခင်ဗျာ။ နောက် တဦးနဲ့တဦး သုံးပေအကွာအဝေးမှာ နေကြဖို့၊ ချောင်းဆိုးရင် နှာချေရင် မျက်နှာတွေကို ကာထားဖို့ ပဝါတွေကာထားဖို့ Mask နှာခေါင်းစီးတွေတပ်ဖို့လည်း ညွှန်ကြားထားပါတယ်ခင်ဗျာ။ နောက် တကိုယ်ရေသန့်ရှင်းရေးအတွက် လက်ကို မကြာခဏ ဆပ်ပြာနဲ့ဆေးကြောဖို့ အဲ့လို ကျန်းမာရေးပညာပေး ညွှန်ကြားမှုတွေ ရှိနေပါတယ်ခင်ဗျာ။ အခု ကမ့်ပ်ထဲမှာ ဘုရားရှိခိုးရင် လူငါးဦးထက်ပိုပြီး မစုဝေးစေရဘူးလို့ ပြောထား ညွှန်ကြားထားပါတယ်။ ဗလီမှာတော့ ဗလီဦးဆောင်ဆရာနဲ့ လူအနည်းငယ်ပဲ ဝတ်ပြုဆုတောင်းပါတယ်။ တခြားသူတွေဆိုရင်တော့ ကိုယ့်အိမ်မှာပဲ ကိုယ်ဝတ်ပြုကြပါတယ်ခင်ဗျာ။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း အသံချဲ့စက်တွေနဲ့ မကြာခဏ ကြေညာချက်တွေ ထုတ်ပြန်တာ ရှိပါတယ်။ စခန်းပတ်လည်ကိုလည်း လိုက်လံနှိုးဆော်နေတာတွေ ရှိပါတယ်။ အထူးသဖြင့် ဖျားနာရင် ချောင်းဆိုးရင် နေမကောင်းဖြစ်လာရင် သက်ဆိုင်ရာ ဆေးရုံကို အမြန်ဆုံးပြေးပြကြဖို့ကိုလည်း ညွှန်ကြားထားပါတယ်။”

အခုလို သိန်းချီတဲ့လူတွေ စုဝေးခိုလှုံနေထိုင်ရတဲ့ စခန်းတွေထဲ COVID-19 လို ကပ်ရောဂါ ဖြစ်ပွားလာမှာ စိုးရိမ်နေကြချိန်မှာပဲ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီး လှေစီးထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ လှေတစီး ပင်လယ်ထဲ မျောနေချိန် အစာရေစာ ပြတ်လပ်မှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ရပါတယ်။

အဲဒီထဲက အသက်မသေ ကျန်ရစ်သူတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကယ်တင်လိုက်ပြီးတဲ့နောက် အဲဒီထဲက ရိုဟင်ဂျာတချို့ကို ကုတုပလောင်စခန်းထဲ ခေါ်ယူစောင့်ရှောက်ထားပြီး ဆေးကုပေးနေတယ်လို့လည်း ဦးအီစလံက ပြောပြပါတယ်။

“အခု အဲ့ဒီ့ ဒုက္ခသည်တွေကို ဧပြီလ ၁၆ ရက်နေ့ မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအဖွဲ့တွေနဲ့ ကုလအဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့တွေက သူတို့ကို ကုတုပလောင် ဒုက္ခသည်စခန်းထဲက ဒုက္ခသည်လက်ခံရေး စခန်းထဲမှာ စောင့်ရှောက်ထားပါတယ်ခင်ဗျာ။ နေမကောင်းတဲ့သူတွေကို ဆေးရုံတင်ပြီးတော့ သူတို့ ဆေးဝါးကုသမှု ပေးနေပါတယ်။ တခြားသူတွေကိုလည်း အစားအသောက်တွေပေးပြီး ဆေးကုပေးနေပါတယ်။ နောက် သူတို့ကို ကိုဗစ် ၁၉ နဲ့ ပတ်သက်ပြီးတော့ ကူးစက်ခံထားရတာ ရှိမရှိ ရက်ပေါင်း ၁၄ ရက် ထားပြီးတော့ စောင့်ကြည့်မယ်ဆိုပြီးတော့ ကြားသိရပါတယ်။ ဒုက္ခသည်စခန်းတွေမှာပဲ နေမယ်ဆိုရင်လည်း အခက်အခဲတွေက ပိုပြီးကြုံလာရနိုင်တယ်။

“အခုက မြန်မာပြည်ပြန်ရေး လုပ်ငန်းစဉ် အိမ်ပြန်ဖို့လမ်းကလည်း မမြင်တော့ အခုတောင် လူတွေက မလေးရှားဘက်သွားလိုက် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်နဲ့ ပင်လယ်ထဲမှာသေလိုက် အဲ့လိုတွေဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့အရေးကို နိုင်ငံတကာကရော မြန်မာအစိုးရကပါ ပြေလည်အောင် ဖြေရှင်းပေးဖို့ အလေးအနက် တောင်းဆိုချင်ပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ကမ္ဘာအနှံ့ COVID-19 ဗိုင်းရပ်ရောဂါကူးစက်မှု ကာကွယ်တဲ့အနေနဲ့ သွားလာမှု ကန့်သတ်နေတဲ့ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် မောင်တောခရိုင်ဘက်မှာလည်း ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့သူတွေကို လက်မခံတော့တဲ့အကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုထားသလို နယ်စပ်ဂိတ်တွေကနေ ပြန်ဝင်လာသူတွေ ဧပြီလဆန်းကစပြီး မရှိတော့ဘူးလို့လည်း အတည်ပြုထားပါတယ်။ စနေနေ့ထိဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ကူးစက်ခံထားရသူ ၂၁၀၀ ကျော်ရှိပြီး သေဆုံးသူ ၈၀ ကျော်ရှိတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG