သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လုပ္ခလစာရရွိေရး ဘဂၤလားေဒ့ရွ္မွာ အထည္ခ်ဳပ္လုပ္သားေတြ ဆႏၵျပ


ဘဂၤလားေဒ့ရွ္ႏုိင္ငံ ၿမိဳ႕ေတာ္ ဒါကာတြင္ ဆႏၵျပေနသည့္ အထည္ခ်ဳပ္လုပ္သားမ်ား။ (ဧၿပီ ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔ေနတာေၾကာင့္ အိမ္ျပင္မထြက္ရအမိန္႔ ခ်မွတ္ထားတဲ့ၾကားမွာပဲ စေနေန႔က ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ စစ္တေကာင္းမွာ ရာနဲ႔ခ်ီတဲ့ အလုပ္သမားေတြ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။

လူတဦးနဲ႔တဦး ခပ္ခြာခြာေနရမယ္ဆိုတဲ့ အမိန္႔ကို မလိုက္နာဘဲ အလုပ္လုပ္ရဖို႔နဲ႔ လုပ္ခလစာေတြရဖို႔ အခုလို စုေဝး ဆႏၵျပ ေတာင္းဆိုခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့လက လုပ္ခလစာေတြ မရေသးဘူးလို႔ စစ္တေကာင္းၿမိဳ႕က ဆႏၵျပသူေတြက ေျပာပါတယ္။

COVID-19 ကပ္ေဘးကာလအတြင္း အထည္ခ်ဳပ္လုပ္ငန္းေတြက ၀န္ထမ္းေတြကို လစာေပးႏိုင္ေရးအတြက္ ၿပီးခဲ့တဲ့လအတြင္းမွာပဲ အစိုးရက ေဒၚလာ ၅၈၈ သန္း အကူအညီေပးေရး အစီအစဥ္ စတင္ခဲ့တာပါ။ ဒါေပမယ့္ စက္႐ုံေတြဘက္ကေတာ့ အစိုးရရဲ႕ အကူအညီက မလံုေလာက္ဘူးလို႔ ေျပာဆိုေနၾကပါတယ္။

တ႐ုတ္ႏုိင္ငံၿပီးရင္ ကမၻာေပၚမွာ အထည္ခ်ဳပ္လုပ္ငန္း ဒုတိယအမ်ားဆုံး လုပ္ကိုင္တဲ့ ဘဂၤလားေဒ့ရွ္မွာ ကပ္ေရာဂါကာလ ျပည္ပႏုိင္ငံေတြက အဝတ္အစား မွာယူထားတာေတြကို ဖ်က္သိမ္းေနၾကတဲ့အတြက္ ၂၀၂၀ ဘ႑ာေရးႏွစ္အတြင္း အေမရိကန္ေဒၚလာ ၆ ဘီလီယံေလာက္ ဆုံး႐ႈံးလိမ့္မယ္လို႔ အထည္ခ်ဳပ္ အဖြဲ႔အစည္းေတြက ေျပာပါတယ္။

စေနေန႔ကအထိ ဘဂၤလားေဒ့ရွ္မွာ ကို႐ုိနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ ၂၁၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၈၄ ဦး ရွိပါတယ္။ ေရာဂါကူးစက္မႈ ျဖစ္ပြားေနတဲ့ တခ်ိဳ႕ႏုိင္ငံႀကီးေတြနဲ႔ ႏႈိင္းယွဥ္ရင္ အေရအတြက္ နည္းေသးတယ္ဆိုေပမယ့္ ဘဂၤလားေဒ့ရွ္ဟာ ကမၻာမွာ ပၪၥမေျမာက္ လူဦးေရမ်ားတဲ့ႏုိင္ငံ ျဖစ္သလို သန္းနဲ႔ခ်ီတဲ့သူေတြဟာ ဆင္းရဲသားရပ္ကြက္ေတြမွာ စုေဝး ေနထိုင္ေနၾကရတာပါ။

က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္အားျဖင့္လည္း အားနည္းတဲ့အတြက္ အိမ္နီးခ်င္းႏုိင္ငံေတြကတဆင့္ ေရာဂါ အလွ်င္အျမန္ ကူးစက္ပ်ံ႕ႏွံ႔ႏုိင္တယ္လို႔ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြက သတိေပးေနၾကပါတယ္။

အိမ္နီးခ်င္း အိႏၵိယႏုိင္ငံမွာေတာ့ စေနတေန႔တည္းမွာပဲ ကူးစက္ခံရသူ လူနာအသစ္ ၉၉၁ ဦးနဲ႔ ေသဆုံးသူ ၄၂ ဦး ရွိပါတယ္။ တခ်ိဳ႕ျပည္နယ္ေတြမွာ အသစ္ကူးစက္မႈစာရင္း မရွိေပမယ့္ ေရာဂါမကူးစက္ရေအာင္ လူခ်င္း ခပ္ခြာခြာေနၾကဖို႔အတြက္ ဆက္ၿပီး သတိရွိၾကဖို႔ အိႏၵိယ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူ Lav Agarwal က တိုက္တြန္းပါတယ္။

သိရိလကၤာႏုိင္ငံမွာေတာ့ ဧၿပီ ၂၀ ရက္ေန႔က စလို႔ ကန္႔သတ္တားျမစ္ခ်က္ တခ်ိဳ႕ကို ေျဖေလၽွာ့ေပးသြားမယ္လို႔ အစိုးရက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------------

(Unicode)

လုပ်ခလစာရရှိရေး ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေတာကြောင့် အိမ်ပြင်မထွက်ရအမိန့် ချမှတ်ထားတဲ့ကြားမှာပဲ စနေနေ့က ဆိပ်ကမ်းမြို့ဖြစ်တဲ့ စစ်တကောင်းမှာ ရာနဲ့ချီတဲ့ အလုပ်သမားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

လူတဦးနဲ့တဦး ခပ်ခွာခွာနေရမယ်ဆိုတဲ့ အမိန့်ကို မလိုက်နာဘဲ အလုပ်လုပ်ရဖို့နဲ့ လုပ်ခလစာတွေရဖို့ အခုလို စုဝေး ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

ပြီးခဲ့တဲ့လက လုပ်ခလစာတွေ မရသေးဘူးလို့ စစ်တကောင်းမြို့က ဆန္ဒပြသူတွေက ပြောပါတယ်။

COVID-19 ကပ်ဘေးကာလအတွင်း အထည်ချုပ်လုပ်ငန်းတွေက ဝန်ထမ်းတွေကို လစာပေးနိုင်ရေးအတွက် ပြီးခဲ့တဲ့လအတွင်းမှာပဲ အစိုးရက ဒေါ်လာ ၅၈၈ သန်းအကူအညီပေးရေး အစီအစဉ် စတင်ခဲ့တာပါ။ ဒါပေမယ့် စက်ရုံတွေဘက်ကတော့ အစိုးရရဲ့ အကူအညီက မလုံလောက်ဘူးလို့ ပြောဆိုနေကြပါတယ်။

တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ အထည်ချုပ်လုပ်ငန်း ဒုတိယအများဆုံး လုပ်ကိုင်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကပ်ရောဂါကာလ ပြည်ပနိုင်ငံတွေက အဝတ်အစား မှာယူထားတာတွေကို ဖျက်သိမ်းနေကြတဲ့အတွက် ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံလောက် ဆုံးရှုံးလိမ့်မယ်လို့ အထည်ချုပ် အဖွဲ့အစည်းတွေက ပြောပါတယ်။

စနေနေ့ကအထိ ဘင်္ဂလားဒေ့ရှ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၁၀၀ ကျော်နဲ့ သေဆုံးသူ ၈၄ ဦး ရှိပါတယ်။ ရောဂါကူးစက်မှု ဖြစ်ပွားနေတဲ့ တချို့နိုင်ငံကြီးတွေနဲ့ နှိုင်းယှဉ်ရင် အရေအတွက် နည်းသေးတယ်ဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာမှာ ပဉ္စမမြောက် လူဦးရေများတဲ့နိုင်ငံ ဖြစ်သလို သန်းနဲ့ချီတဲ့သူတွေဟာ ဆင်းရဲသားရပ်ကွက်တွေမှာ စုဝေး နေထိုင်နေကြရတာပါ။

ကျန်းမာရေးစောင့်ရှောက်မှု စနစ်အားဖြင့်လည်း အားနည်းတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကတဆင့် ရောဂါ အလျှင်အမြန် ကူးစက်ပျံ့နှံ့နိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးနေကြပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ စနေတနေ့တည်းမှာပဲ ကူးစက်ခံရသူ လူနာအသစ် ၉၉၁ ဦးနဲ့ သေဆုံးသူ ၄၂ ဦး ရှိပါတယ်။ တချို့ပြည်နယ်တွေမှာ အသစ်ကူးစက်မှုစာရင်း မရှိပေမယ့် ရောဂါမကူးစက်ရအောင် လူချင်း ခပ်ခွာခွာနေကြဖို့အတွက် ဆက်ပြီး သတိရှိကြဖို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ Lav Agarwal က တိုက်တွန်းပါတယ်။

သိရိလင်္ကာနိုင်ငံမှာတော့ ဧပြီ ၂၀ ရက်နေ့က စလို့ ကန့်သတ်တားမြစ်ချက် တချို့ကို ဖြေလျှော့ပေးသွားမယ်လို့ အစိုးရက ပြောပါတယ်။

XS
SM
MD
LG