သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံျခားေလေၾကာင္းလုိင္းေတြ တရုတ္ႏုိင္ငံထဲ ၀င္ေရာက္ခြင့္ျပဳေတာ့မည္


Air Canada ေလယာဥ္

Zawgyi/Unicode

နိုင္ငံျခား ေလေၾကာင္းလိုင္းေတြက ေလယာဥ္ေတြ နိုင္ငံထဲ ဝင္ေရာက္ခြင့္ ပိတ္ပင္ထားတာကို ေျဖေလၽွာ့ေပးမယ္လို႔ တ႐ုတ္ နိုင္ငံက ၾကာသပေတးေန႔ က ေၾကညာလိုက္ပါတယ္။ တ႐ုတ္ေလေၾကာင္းလိုင္းေတြ အေမရိကန္နိုင္ငံတြင္း ဝင္ေရာက္ခြင့္ ပိတ္ပင္ မယ္လို႔ ဗုဒၶဟူးေန႔က အေမရိကန္တို႔က ေၾကညာလိုက္ၿပီးတဲ့ ေနာက္မွာ တ႐ုတ္ဘက္က အခုလို ေျဖေလၽွာ့ေပးလိုက္တာလည္းျဖစ္ပါတယ္။

နိုင္ငံတကာေလေၾကာင္းလိုင္း ေလယာဥ္ေတြပ်ံသန္းခြင့္ကို အဲဒီ ေလေၾကာင္းလိုင္းေတြရဲ့ မတ္လ ၁၂ ရက္ေနာက္ပိုင္း ပ်ံသန္းမႈ ခရီးစဥ္ေတြေပၚမူတည္ၿပီး ကန္႔သတ္ သြားမယ္လို႔ တ႐ုတ္ ေလေၾကာင္းဌာနက ကနဦး စၿပီး ေၾကညာခဲ့ၿပီးေနာက္ အခုလို အေျခအတင္ ျဖစ္ခဲ့တာပါ။

COVID-19 ကပ္ေရာဂါစျဖစ္တဲ့ အခ်ိန္အေစာပိုင္း ေဖေဖာ္ဝါရီလကတည္းက အေမရိကန္ ေလေၾကာင္းလိုင္း အေတာ္မ်ားမ်ားက တ႐ုတ္နိုင္ငံ ခရီးစဥ္ေတြကို ရပ္နားထားတာပါ။ ဒါေၾကာင့္ တ႐ုတ္နိုင္ငံရဲ့ ကနဦး ေၾကညာခ်က္အရ အေမရိကန္ ေလေၾကာင္းလိုင္းေတြ တ႐ုတ္ေလယာဥ္ခရီးစဥ္ေတြကို ရပ္ဆိုင္းရမယ့္ သေဘာသက္ေရာက္ခဲ့ပါတယ္။

ဒါကို တုံ႔ျပန္တဲ့အေနနဲ႔ တ႐ုတ္ေလေၾကာင္းလိုင္း ခရီးသည္ တင္ေလယာဥ္ေတြ အေမရိကန္ျပည္ေထာင္စုထဲ ဝင္ေရာက္ ခြင့္ကို ဇြန္လ ၁၆ရက္ေန႔က စၿပီး ပိတ္မယ္လို႔ အေမရိကန္ အစိုးရက ဗုဒၶဟူးေန႔က ေၾကညာခဲ့ၿပီး ဖိအားေပးခဲ့ပါတယ္။

တ႐ုတ္နိုင္ငံရဲ့ ေနာက္ဆုံး ေၾကညာခ်က္အရ တ႐ုတ္နိုင္ငံကို ခရီးစဥ္ေတြျပန္ စခြင့္ရမယ့္ နိုင္ငံျခားေလေၾကာင္းလိုင္းေတြအေနနဲ႔ အစပိုင္းမွာ တပတ္ ၁ ရက္ ပ်ံသန္းခြင့္ရမွာ ျဖစ္ၿပီး ၃ ပတ္အၾကာမွာ အဲဒီ ေလေၾကာင္းလိုင္းေတြရဲ့ ခရီးသည္ေတြမွာ ကိုရိုနာ ဗိုင္းရပ္စ္ပိုး မေတြ႕ဘူးဆိုရင္ တပတ္ ၂ ႀကိမ္ ေျပးဆြဲနိုင္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

နိုင်ငံခြား လေကြောင်းလိုင်းတွေက လေယာဉ်တွေ နိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပင်ထားတာကို ဖြေလျှော့ပေးမယ်လို့ တရုတ် နိုင်ငံက ကြာသပတေးနေ့ က ကြေညာလိုက်ပါတယ်။ တရုတ်လေကြောင်းလိုင်းတွေ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင် မယ်လို့ ဗုဒ္ဓဟူးနေ့က အမေရိကန်တို့က ကြေညာလိုက်ပြီးတဲ့ နောက်မှာ တရုတ်ဘက်က အခုလို ဖြေလျှော့ပေးလိုက်တာလည်းဖြစ်ပါတယ်။

နိုင်ငံတကာလေကြောင်းလိုင်း လေယာဉ်တွေပျံသန်းခွင့်ကို အဲဒီ လေကြောင်းလိုင်းတွေရဲ့ မတ်လ ၁၂ ရက်နောက်ပိုင်း ပျံသန်းမှု ခရီးစဉ်တွေပေါ်မူတည်ပြီး ကန့်သတ် သွားမယ်လို့ တရုတ် လေကြောင်းဌာနက ကနဦး စပြီး ကြေညာခဲ့ပြီးနောက် အခုလို အခြေအတင် ဖြစ်ခဲ့တာပါ။

COVID-19 ကပ်ရောဂါစဖြစ်တဲ့ အချိန်အစောပိုင်း ဖေဖော်ဝါရီလကတည်းက အမေရိကန် လေကြောင်းလိုင်း အတော်များများက တရုတ်နိုင်ငံ ခရီးစဉ်တွေကို ရပ်နားထားတာပါ။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ ကနဦး ကြေညာချက်အရ အမေရိကန် လေကြောင်းလိုင်းတွေ တရုတ်လေယာဉ်ခရီးစဉ်တွေကို ရပ်ဆိုင်းရမယ့် သဘောသက်ရောက်ခဲ့ပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်လေကြောင်းလိုင်း ခရီးသည် တင်လေယာဉ်တွေ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက် ခွင့်ကို ဇွန်လ ၁၆ရက်နေ့က စပြီး ပိတ်မယ်လို့ အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီး ဖိအားပေးခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ နောက်ဆုံး ကြေညာချက်အရ တရုတ်နိုင်ငံကို ခရီးစဉ်တွေပြန် စခွင့်ရမယ့် နိုင်ငံခြားလေကြောင်းလိုင်းတွေအနေနဲ့ အစပိုင်းမှာ တပတ် ၁ ရက် ပျံသန်းခွင့်ရမှာ ဖြစ်ပြီး ၃ ပတ်အကြာမှာ အဲဒီ လေကြောင်းလိုင်းတွေရဲ့ ခရီးသည်တွေမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး မတွေ့ဘူးဆိုရင် တပတ် ၂ ကြိမ် ပြေးဆွဲနိုင်မှာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG