(Zawgyi / Unicode)
ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါ စတင္ခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာ ပထမဆံုးအႀကိမ္အျဖစ္ ေသာၾကာေန႔က ေနာက္ထပ္ကူးစက္ခံရသူ လံုးဝမေတြ႔ရဘူးလို႔ NHC တ႐ုတ္ က်န္းမာေရးေကာ္မရွင္က စေနေန႔မွာ ေျပာပါတယ္။
ၾကာသပေတးေန႔ကေန ေသာၾကာေန႔အတြင္း ကူးစက္ခံရသူ ၄ ဦးကေန လံုး၀ မေတြ႔ရေတာ့တဲ့အထိ ကူးစက္ခံရမႈ က်ဆင္းခဲ့တာျဖစ္ေၾကာင္း တ႐ုတ္ က်န္းမာေရး ေကာ္မရွင္က ေျပာဆိုခဲ့တာပါ။
တ႐ုတ္မွာ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၄,၆၀၀ ေက်ာ္ရွိၿပီး ကူးစက္ခံ အတည္ျပဳလူနာ ၈၃,၀၀၀ နီးပါးရွိေၾကာင္း တ႐ုတ္အစိုးရ တရား၀င္စာရင္းေတြက ေဖာ္ျပပါတယ္။
ခရီးသြားကန္႔သတ္မႈေတြ ခ်မွတ္ခဲ့တဲ့ေနာက္ တ႐ုတ္ႏုိင္ငံမွာ မတ္လကစၿပီး ေရာဂါကူးစက္ခံရသူ အေရတြက္ သိသိသာသာ က်ဆင္းသြားတာ ျဖစ္ပါတယ္။
ကမာၻ႔ႏိုင္ငံေတြဟာ ဒီကပ္ေရာဂါ ျပန္႔ပြားမႈမရွိေအာင္ လုံးပန္းေနရတာနဲ႔ တခ်ိန္တည္းမွာပဲ စီးပြားေရး ျပန္လည္ပတ္ဖို႔ပါ ႀကိဳးစားေနရတာပါ။
မြတ္စလင္ေတြအတြက္ ဘာသာေရးအရ အေရးပါတဲ့ Ramadan ဥပုသ္လအၿပီး က်င္းပတဲ့ အိဒ္ပြဲေတာ္ကို လြတ္လြတ္လပ္လပ္ မက်င္းပႏိုင္ၾကသလို အေမရိကန္ႏိုင္ငံမွာလည္း ေႏြရာသီအားလပ္ရက္ စတင္တဲ့ Memorial Day ေအာက္ေမ့ဖြယ္ေန႔ဟာ တနလၤာေန႔မွာ စတင္မွာျဖစ္ေပမယ့္ အရင္လို မဆင္ႏႊဲႏုိင္ၾကပါဘူး။
အေမရိကန္ႏုိင္ငံမွာ လူေပါင္း ၁.၆ သန္းေက်ာ္ ဒီေရာဂါ ကူးစက္ခံရၿပီး ကမာၻမွာ အမ်ားဆံုးျဖစ္ေနေပမယ့္ ေရာဂါမကူးစက္ေအာင္ ခ်မွတ္ထားတဲ့ ကန္႔သတ္မႈေတြကို ပိုၿပီး ေျဖေလွ်ာ့ေပးဖို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြကို သမၼတ Donald Trump က တိုက္တြန္းေနတာပါ။
႐ုရွားႏုိင္ငံကေတာ့ ကမာၻမွာ ကူးစက္ခံရမႈ ဒုတိယအမ်ားဆံုး ျဖစ္ေနၿပီး တတိယအမ်ားဆံုး ကူးစက္ခံရတာက ဘရာဇီးႏိုင္ငံ ျဖစ္ပါတယ္။
အိႏၵိယႏိုင္ငံမွာေတာ့ ဒီေရာဂါ မျပန္႔ပြားေအာင္ ၂ လၾကာ အသြားအလာ ပိတ္ပင္ထားရာကေန ဖြင့္ေပးလိုက္ၿပီးတဲ့ေနာက္ ကူးစက္ခံရသူ အေရအတြက္ တိုးလာေနၿပီး ေသာၾကာနဲ႔ စေနေန႔ေတြမွာ တေန႔ကို ၆၀၀၀ ေက်ာ္နဲ႔ ကူးစက္မႈအမ်ားဆံုးေန႔ေတြ ရွိလာေနပါတယ္။
----------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာသစ် မရှိတော့ကြောင်း တရုတ်ကြေညာ၊ ကမ္ဘာတလွှား ကူးစက်မှု ဆက်လက်မြင့်တက်
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ခဲ့တဲ့ တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့က နောက်ထပ်ကူးစက်ခံရသူ လုံးဝမတွေ့ရဘူးလို့ NHC တရုတ် ကျန်းမာရေးကော်မရှင်က စနေနေ့မှာ ပြောပါတယ်။
ကြာသပတေးနေ့ကနေ သောကြာနေ့အတွင်း ကူးစက်ခံရသူ ၄ ဦးကနေ လုံး၀ မတွေ့ရတော့တဲ့အထိ ကူးစက်ခံရမှု ကျဆင်းခဲ့တာဖြစ်ကြောင်း တရုတ် ကျန်းမာရေး ကော်မရှင်က ပြောဆိုခဲ့တာပါ။
တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄,၆၀၀ ကျော်ရှိပြီး ကူးစက်ခံ အတည်ပြုလူနာ ၈၃,၀၀၀ နီးပါးရှိကြောင်း တရုတ်အစိုးရ တရားဝင်စာရင်းတွေက ဖော်ပြပါတယ်။
ခရီးသွားကန့်သတ်မှုတွေ ချမှတ်ခဲ့တဲ့နောက် တရုတ်နိုင်ငံမှာ မတ်လကစပြီး ရောဂါကူးစက်ခံရသူ အရေတွက် သိသိသာသာ ကျဆင်းသွားတာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေဟာ ဒီကပ်ရောဂါ ပြန့်ပွားမှုမရှိအောင် လုံးပန်းနေရတာနဲ့ တချိန်တည်းမှာပဲ စီးပွားရေး ပြန်လည်ပတ်ဖို့ပါ ကြိုးစားနေရတာပါ။
မွတ်စလင်တွေအတွက် ဘာသာရေးအရ အရေးပါတဲ့ Ramadan ဥပုသ်လအပြီး ကျင်းပတဲ့ အိဒ်ပွဲတော်ကို လွတ်လွတ်လပ်လပ် မကျင်းပနိုင်ကြသလို အမေရိကန်နိုင်ငံမှာလည်း နွေရာသီအားလပ်ရက် စတင်တဲ့ Memorial Day အောက်မေ့ဖွယ်နေ့ဟာ တနင်္လာနေ့မှာ စတင်မှာဖြစ်ပေမယ့် အရင်လို မဆင်နွှဲနိုင်ကြပါဘူး။
အမေရိကန်နိုင်ငံမှာ လူပေါင်း ၁.၆ သန်းကျော် ဒီရောဂါ ကူးစက်ခံရပြီး ကမ္ဘာမှာ အများဆုံးဖြစ်နေပေမယ့် ရောဂါမကူးစက်အောင် ချမှတ်ထားတဲ့ ကန့်သတ်မှုတွေကို ပိုပြီး ဖြေလျှော့ပေးဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို သမ္မတ Donald Trump က တိုက်တွန်းနေတာပါ။
ရုရှားနိုင်ငံကတော့ ကမ္ဘာမှာ ကူးစက်ခံရမှု ဒုတိယအများဆုံး ဖြစ်နေပြီး တတိယအများဆုံး ကူးစက်ခံရတာက ဘရာဇီးနိုင်ငံ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ဒီရောဂါ မပြန့်ပွားအောင် ၂ လကြာ အသွားအလာ ပိတ်ပင်ထားရာကနေ ဖွင့်ပေးလိုက်ပြီးတဲ့နောက် ကူးစက်ခံရသူ အရေအတွက် တိုးလာနေပြီး သောကြာနဲ့ စနေနေ့တွေမှာ တနေ့ကို ၆၀၀၀ ကျော်နဲ့ ကူးစက်မှုအများဆုံးနေ့တွေ ရှိလာနေပါတယ်။