သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရုရွားမွာ ကုိဗစ္ စစ္ေဆးမႈေတြအရွိန္ျမင့္လုပ္ေဆာင္ဖုိ႔ သမၼတ ပူတင္ ညြန္ၾကား


ရုရွားသမၼတ VladimirPutin

Zawgyi/Unicode

ရုရွားမွာ Covid-19 အကူးစက္ခံရမႈရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြ တိုးျမွင့္ လုပ္ေဆာင္ဖို႔ သမၼတ Vladimir Putin က အစိုးရတာဝန္ရွိသူေတြကို ေသာၾကာေန႔က ေျပာၾကားခဲ့ပါတယ္။ အခုလို စမ္းသပ္ စစ္ေဆးမႈေတြ တိုးလုပ္ခိုင္းေပမဲ့ ႏုိင္ငံတြင္း ဒီကပ္ေရာဂါ အေျခေနဟာ တည္ၿငိမ္ေနၿပီလို႔လည္း ေျပာပါတယ္။

ရုရွားဟာ အခုဆိုရင္ ကမာၻမွာ အေမရိကန္ၿပီးရင္ ကိုရိုနာဗုိင္းရပ္ေရာဂါပိုး အကူးစက္ခံရသူ ၃၂၆,၄၄၈ ေက်ာ္နဲ႔ ဒုတိယ အမ်ားးဆံုးျဖစ္လာေနတာပါ။ ေသာၾကာေန႔က ဒီေရာဂါနဲ႔ ေနာက္ထပ္ေသဆံုးသူ ၁၅၀ ရွိခဲ့တာေၾကာင့္ ခုဆို ေသဆံုးသူစုစုေပါင္း ၃,၂၄၉ ရွိေနပါတယ္။

ရုရွားမွာ မၾကာခင္ရက္ပိုင္းအတြင္း ေန႔စဥ္လိုလို ေရာဂါအကူးစက္ခံရသူ အေရအတြက္ တေျဖးေျဖး က်ဆင္းလာေနတာေၾကာင့္ အေျခေန တည္ၿငိမ္ေနတယ္လို႔ ေျပာလို႔ရေၾကာင္း အစိုးရအဖြဲ႔ အစည္းေဝးမွာ သမၼတ Putin က ေျပာၾကားခဲ့တာပါ။ ဒါ့အျပင္ ေရာဂါပိုးရွိမရွိ စမ္းသပ္မႈေတြ သိသိသာသာ တိုးျမွင့္လုပ္ေဆာင္ ေနတဲ့ၾကားက အခုလို အကူးစက္ခံရသူ အေရအတြက္ က်ဆင္းေနတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ေမာ္စကိုၿမိဳ႕သားေတြမွာ ဗိုင္းရပ္စ္ပိုးကို ခုခံတဲ့ ပဋိဇီဝပစၥည္း ကိုယ္ခံအား ရွိမရွိ ဒီသီတင္းပတ္ထဲမွာပဲ အမ်ားအျပား စတင္ စစ္ေဆးေပးေနၿပီ ျဖစ္ပါတယ္။ ေရာဂါအကူးစက္ခံရတဲ့ လကၡဏာ ျပသမႈ မရွိသူ ေလးေသာင္းထဲက ၁၄ % မွာ သူတို႔ကိုယ္တြင္း ေသြးေတြထဲမွာ အကူးစက္ခံရေၾကာင္း ေတြ႔ရတယ္လု႔ိ ရုရွား အစိုးရကို ေဝဖန္ေလ့ရွိတဲ့ Open Media သတင္းမွာ ေဖၚျပထးပါတယ္။

[Unicode]

ရုရှားမှာ Covid-19 အကူးစက်ခံရမှုရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေတိုးမြှင့် လုပ်ဆောင်ဖို့ သမ္မတ Vladimir Putin က အစိုးရတာဝန်ရှိသူတွေကို သောကြာနေ့က ပြောကြားခဲ့ပါတယ်။ အခုလို စမ်းသပ် စစ်ဆေးမှုတွေ တိုးလုပ်ခိုင်းပေမဲ့ နိုင်ငံတွင်း ဒီကပ်ရောဂါ အခြေနေဟာ တည်ငြိမ်နေပြီလို့လည်း ပြောပါတယ်။

ရုရှားဟာ အခုဆိုရင် ကမ္ဘာမှာ အမေရိကန်ပြီးရင် ကိုရိုနာဗိုင်းရပ်ရောဂါပိုး အကူးစက်ခံရသူ ၃၂၆,၄၄၈ ကျော်နဲ့ ဒုတိယ အများးဆုံးဖြစ်လာနေတာပါ။ သောကြာနေ့က ဒီရောဂါနဲ့ နောက်ထပ်သေဆုံးသူ ၁၅၀ ရှိခဲ့တာကြောင့် ခုဆို သေဆုံးသူစုစုပေါင်း ၃,၂၄၉ ရှိနေပါတယ်။

ရုရှားမှာ မကြာခင်ရက်ပိုင်းအတွင်း နေ့စဉ်လိုလို ရောဂါအကူးစက်ခံရသူ အရေအတွက် တဖြေးဖြေး ကျဆင်းလာနေတာကြောင့် အခြေနေ တည်ငြိမ်နေတယ်လို့ ပြောလို့ရကြောင်း အစိုးရအဖွဲ့ အစည်းဝေးမှာ သမ္မတ Putin က ပြောကြားခဲ့တာပါ။ဒါ့အပြင် ရောဂါပိုးရှိမရှိ စမ်းသပ်မှုတွေ သိသိသာသာ တိုးမြှင့်လုပ်ဆောင် နေတဲ့ကြားက အခုလို အကူးစက်ခံရသူ အရေအတွက် ကျဆင်းနေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မော်စကိုမြို့သားတွေမှာ ဗိုင်းရပ်စ်ပိုးကို ခုခံတဲ့ ပဋိဇီဝပစ္စည်း ကိုယ်ခံအား ရှိမရှိ ဒီသီတင်းပတ်ထဲမှာပဲ အများအပြား စတင် စစ်ဆေးပေးနေပြီ ဖြစ်ပါတယ်။ ရောဂါအကူးစက်ခံရတဲ့ လက္ခဏာ ပြသမှု မရှိသူ လေးသောင်းထဲက ၁၄ % မှာ သူတို့ကိုယ်တွင်း သွေးတွေထဲမှာ အကူးစက်ခံရကြောင်း တွေ့ရတယ်လု့ိ ရုရှား အစိုးရကို ဝေဖန်လေ့ရှိတဲ့Open Media သတင်းမှာ ဖေါ်ပြထးပါတယ်။

တိုက္႐ိုက္ လင့္ခ္



ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG