(Zawgyi / Unicode)
နာဇီဂ်ာမနီေတြကို ေအာင္ႏိုင္တဲ့ ၇၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ကို ႐ုရွားက စေနေန႔မွာ က်င္းပပါတယ္။ ဒါေပမယ့္ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါ ကူးစက္ျပန္႔ပြားမႈ အေျခအေန သိပ္ဆိုးလာေနတာမို႔ အခမ္းအနားကို ႀကီးႀကီးက်ယ္က်ယ္ မလုပ္ႏိုင္ခဲ့ပါဘူး။
႐ုရွားႏုိင္ငံမွာ ၂၄ နာရီအတြင္း ဒီေရာဂါ ကူးစက္ခံရသူ တေသာင္းေက်ာ္ ရွိခဲ့တယ္လို႔ စေနေန႔က အစိုးရက ထုတ္ျပန္တာေၾကာင့္ အခုဆို ကူးစက္ခံရသူဟာ ၂ သိန္းနီးပါး ရွိသြားၿပီ ျဖစ္ပါတယ္။
ဒီသီတင္းပတ္ထဲမွာပဲ ေန႔တိုင္းလိုလို တေန႔ကို ကူးစက္ခံရသူ တေသာင္းေက်ာ္ ရွိေနတာျဖစ္ၿပီး အခုဆို ျပင္သစ္နဲ႔ ဂ်ာမနီႏိုင္ငံေတြထက္ ကူးစက္ခံရသူ ပိုမ်ားသြားၿပီး ကမာၻမွာ ပၪၥမေျမာက္ အမ်ားဆံုး ျဖစ္သြားတာပါ။
ေမာ္စကို ရင္ျပင္နီမွာ က်င္းပမယ့္ နာဇီဂ်ာမနီ ေအာင္ပြဲေန႔ ခ်ီတက္ပြဲကို ႐ုရွားက ဖ်က္သိမ္းခဲ့ပါတယ္။ ဒါေပမယ့္ အိမ္နီးခ်င္း Belarus ႏိုင္ငံကေတာ့ ပြဲၾကည့္ပရိသတ္ေတြနဲ႔အတူ ေထာင္နဲ႔ခ်ီတဲ့ စစ္သားေတြ ခ်ီတက္ၿပီး ေအာင္ပြဲေန႔ကို Minsk မွာ ခမ္းခမ္းနားနား က်င္းပခဲ့ပါတယ္။
ကမာၻမွာ ဒီေရာဂါပိုး ကူးစက္ခံရမႈ အမ်ားဆံုးျဖစ္ေနတဲ့ အေမရိကန္ႏုိင္ငံမွာေတာ့ ကပ္ေရာဂါျဖစ္ပြားတဲ့ အေစာပိုင္းကာလမွာ ဝယ္လို႔မရတဲ့ တကိုယ္ေရ ကာကြယ္ေရးပစၥည္းေတြနဲ႔ လိုအပ္တဲ့ေဆးေတြကို တိုးထုတ္ဖုိ႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး တခ်ိဳ႕က ႀကိဳးပမ္းေနၾကပါတယ္။
စီးပြားေရး အျမန္ဆံုး နာလန္ထေအာင္ လုပ္ငန္းေတြ ျပန္ဖြင့္ႏုိင္ဖို႔ ႀကိဳးစားေနတဲ့ သမၼတ Donald Trump ကေတာ့ ႏုိင္ငံသားေတြအတြက္ ေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြ တိုးလုပ္ေပးဖို႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ တြန္းအားေတြ ေပးေနတာ ျဖစ္ပါတယ္။
ဂ်ာမနီနဲ႔ ေတာင္ကိုရီးယားႏုိင္ငံေတြမွာ ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္တဲ့ ကန္႔သတ္မႈေတြ စၿပီး ေျဖေလွ်ာ့ေပးခ်ိန္မွာပဲ ထပ္ျဖစ္ပြားလာတာ ေတြ႔ရတဲ့အတြက္ ဒီ္္ ကပ္ေရာဂါ ေနာက္တခ်ီ ျပန္ျဖစ္ပြားလာမွာကို စိုးရိမ္ေနၾကပါတယ္။
ကို႐ုိနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရသူ စေနေန႔က ကမာၻတလႊားမွာ ၄ သန္းနီးပါးနဲ႔ ေသဆံုးရသူက ၂၇၆,၈၁၅ ရွိၿပီး အေမရိကန္ႏိုင္ငံမွာေတာ့ ၇၇,၇၄၄ ေသဆံုးရေၾကာင္း Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။
-------------------------------
(Unicode)
COVID-19 အခြေအနေ ဆိုးလာတဲ့ ရုရှားမှာ ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ကို အကျဉ်းချုံးကျင်းပ
နာဇီဂျာမနီတွေကို အောင်နိုင်တဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရုရှားက စနေနေ့မှာ ကျင်းပပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေ သိပ်ဆိုးလာနေတာမို့ အခမ်းအနားကို ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ခဲ့ပါဘူး။
ရုရှားနိုင်ငံမှာ ၂၄ နာရီအတွင်း ဒီရောဂါ ကူးစက်ခံရသူ တသောင်းကျော် ရှိခဲ့တယ်လို့ စနေနေ့က အစိုးရက ထုတ်ပြန်တာကြောင့် အခုဆို ကူးစက်ခံရသူဟာ ၂ သိန်းနီးပါး ရှိသွားပြီ ဖြစ်ပါတယ်။
ဒီသီတင်းပတ်ထဲမှာပဲ နေ့တိုင်းလိုလို တနေ့ကို ကူးစက်ခံရသူ တသောင်းကျော် ရှိနေတာဖြစ်ပြီး အခုဆို ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေထက် ကူးစက်ခံရသူ ပိုများသွားပြီး ကမ္ဘာမှာ ပဉ္စမမြောက် အများဆုံး ဖြစ်သွားတာပါ။
မော်စကို ရင်ပြင်နီမှာ ကျင်းပမယ့် နာဇီဂျာမနီ အောင်ပွဲနေ့ ချီတက်ပွဲကို ရုရှားက ဖျက်သိမ်းခဲ့ပါတယ်။ ဒါပေမယ့် အိမ်နီးချင်း Belarus နိုင်ငံကတော့ ပွဲကြည့်ပရိသတ်တွေနဲ့အတူ ထောင်နဲ့ချီတဲ့ စစ်သားတွေ ချီတက်ပြီး အောင်ပွဲနေ့ကို Minsk မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။
ကမ္ဘာမှာ ဒီရောဂါပိုး ကူးစက်ခံရမှု အများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာတော့ ကပ်ရောဂါဖြစ်ပွားတဲ့ အစောပိုင်းကာလမှာ ဝယ်လို့မရတဲ့ တကိုယ်ရေ ကာကွယ်ရေးပစ္စည်းတွေနဲ့ လိုအပ်တဲ့ဆေးတွေကို တိုးထုတ်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး တချို့က ကြိုးပမ်းနေကြပါတယ်။
စီးပွားရေး အမြန်ဆုံး နာလန်ထအောင် လုပ်ငန်းတွေ ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေတဲ့ သမ္မတ Donald Trump ကတော့ နိုင်ငံသားတွေအတွက် ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ တိုးလုပ်ပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တွန်းအားတွေ ပေးနေတာ ဖြစ်ပါတယ်။
ဂျာမနီနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ရောဂါကူးစက်မှု ထိန်းချုပ်တဲ့ ကန့်သတ်မှုတွေ စပြီး ဖြေလျှော့ပေးချိန်မှာပဲ ထပ်ဖြစ်ပွားလာတာ တွေ့ရတဲ့အတွက် ဒီ် ကပ်ရောဂါ နောက်တချီ ပြန်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ စနေနေ့က ကမ္ဘာတလွှားမှာ ၄ သန်းနီးပါးနဲ့ သေဆုံးရသူက ၂၇၆,၈၁၅ ရှိပြီး အမေရိကန်နိုင်ငံမှာတော့ ၇၇,၇၄၄ သေဆုံးရကြောင်း Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။