သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမှာကျောင်းတက်နေတဲ့ မြန်မာ့တပ်မတော်သား ၃ ဦး COVID-19 ကူးစက်နေ


မှတ်တမ်းဓါတ်ပုံ- ဧပြီ ၂၃ရက်က (တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၃) သီဟတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနား။ (ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
မှတ်တမ်းဓါတ်ပုံ- ဧပြီ ၂၃ရက်က (တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၃) သီဟတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနား။ (ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

(Zawgyi/Unicode)

မြန်မာ့တပ်မတော်က ရုရှားနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သင်တန်းသား ၃ ဦး COVID -19 ကူးစက်နေကြောင်း ရုရှားမှာရှိတဲ့ စစ်သံရုံးရဲ့ တင်ပြချက်ကို ကိုးကားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

COVID -19 ကူးစက်နေတဲ့ ၃ ဦးထဲက ၂ ဦးကတော့ မော်စကိုမြို့က Russia University of Transport (MIIT/RUT) မှာ တက်နေကြတဲ့ သင်တန်းသားတွေဖြစ်ပြီး ကျန်တဦးကတော့ Moscow Power Engineering Institute (MPEI) မှာ တက်နေတဲ့ သင်တန်းသားဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံမှာ COVID -19 ကူးစက် ပြန့်နှံ့နေတာကြောင့် မြန်မာစစ်တပ်ကစေလွတ်ထားတဲ့ သင်တန်းသား အရာရှိတွေအပါအင် ကျောင်းသားအားလုံးဟာ မတ်လ ၁၉ ရက်နေ့ကစပြီး သက်ဆိုင်ရာအဆောင်တွေကနေ အဝေးရောက်သင်ကြားမှုစံနစ်နဲ့ သင်ယူနေကြတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် MIIT/RUT ကျောင်းသားတွေနေတဲ့အဆောင်က နိုင်ဂျီးရီးယားကျောင်းသားတဦးမှာ COVID -19 ကူးစက်နေတာကို ဧပြီလ ၈ ရက်နေ့မှာ တွေ့ရှိခဲ့ရာက Lockdown - အဝင်အထွက်မလုပ်ရ အမိန့်ထုတ်ပြန်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ခဲ့ကြောင်း၊ အဲဒီနောက် တဆောင်ထဲနေကျောင်းသားတွေအားလုံးကိုလည်း ကျန်းမာရေး စစ်ဆေးမှုတွေလုပ်ခဲ့တာမှာ ဧပြီလ ၂၇ ရက်နေ့မှာ မြန်မာသင်တန်းသား ၂ ဦးမှာ COVID -19 ကူးစက်နေတာကို စမ်းသပ် တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားပါတယ်။

အလားတူဘဲ MPEI ကျောင်းမှာတက်နေတဲ့ ရုရှားကျောင်းသားတဦးမှာ ဧပြီလ ၁၂ ရက်နေ့က COVID -19 ကူးစက်နေတာကို စတင်တွေ့ရှိခဲ့ရာက Lockdown လုပ်တာ၊ ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဧပြီလ ၂၇ ရက်နေ့မှာ အဲဒီ ရုရှားကျောင်းသားနဲ့တဆောင်ထဲနေ မြန်မာကျောင်းသား တဦးမှာပါ COVID -19 ကူးစက်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သူတို့ ၃ ဦးစလုံးဟာ ထူးခြားပြီး ဖျားနာတဲ့အနေအထား မရှိကြောင်းနဲ့ ရုရှားကျန်းမာရေးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ အဆောင်မှာဘဲ သီးခြားခွဲပြီး နေထိုင်နေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)







XS
SM
MD
LG