သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စီးပြားေရးလုပ္ငန္းေတြအတြက္ ေခ်းေငြအစီအစဥ္ ပမာဏနည္းလို႔ ေဝဖန္ခံရ


ရန္ကုန္ၿမိဳ႕ရွိ ဘဏ္တခုတြင္ ေငြမ်ား ေရတြက္ေနတဲ့ ဘဏ္၀န္ထမ္းမ်ား (ဇူလိုင္ ၂၁၊ ၂၁၁)

(Zawgyi/Unicode)

COVID-19 ေရာဂါေၾကာင့္ ျဖစ္ေပၚလာတဲ့ စီးပြားေရးသက္ေရာက္မႈေတြအေပၚ ျပန္လည္ကုစားႏိုင္ဖို႔ ပုဂၢလိက စီးပြားေရးလုပ္ငန္းေတြအတြက္ COVID-19 ရန္ပုံေငြက ထုတ္ေခ်းတဲ့ ေခ်းေငြ အစီအစဥ္နဲ႔ ပတ္သက္လို႔ လုပ္ငန္းရွင္ေတြရဲ႕ အျမင္ဘယ္လိုရွိသလဲဆိုတဲ့ အေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

COVID-19 အၾကပ္အတည္းေၾကာင့္ ထိခိုက္မႈရွိတဲ့ စီးပြားေရးလုပ္ငန္းေတြကို အတိုးႏႈန္း သက္သက္သာသာနဲ႔ ေခ်းေငြထုတ္ေပးတဲ့ အစီအစဥ္ကို ျမန္မာအစိုးရက စတင္ေဆာင္႐ြက္ေနပါတယ္။

ဒီအစီအစဥ္ဟာ လုပ္ငန္းေတြ လည္ပတ္ႏိုင္ေအာင္လို႔ ဆိုေပမဲ့လည္း ရရွိတဲ့ ေခ်းေငြပမာဏက နည္းလြန္းတဲ့အတြက္ လုပ္ငန္းရွင္ေတြအတြက္ အဆင္မေျပျဖစ္ၾကရပါတယ္။

တခ်ိဳ႕ ကုမၸဏီေတြက ေတာင္းခံထားတဲ့ ေခ်းေငြပမာဏနဲ႔ ရရွိလာတဲ့ ေခ်းေငြက ကြာဟေနတာေၾကာင့္ သူတို႔ရဲ႕ လုပ္ငန္းေတြ လည္ပတ္ႏိုင္တဲ့ အဆင့္ထိ ျဖစ္မလာဘူးလို႔အမည္မေဖာ္ခ်င္တဲ့ လုပ္ငန္းရွင္တစ္ဦးက VOA ကို ေျပာပါတယ္။

“အင္တာနယ္ရွင္နယ္ လုပ္ငန္းႀကီးေတြ တႏွစ္ကို သိန္း ၁,၈၀၀ ေလာက္ အခြန္ေဆာင္ေနတဲ့ လုပ္ငန္းေတြကို သိန္း ၅,၀၀၀ ေလွ်ာက္တာကို သိန္း ၆၀ ခ်ေပးတယ္။ သိန္း ၆၀ ခ်ေပးတဲ့ စာထြက္လာပါတယ္ဗ်။ ဘယ္လိုေျပာရလဲ ႏိုင္ငံသိကၡာက်ပါတယ္ဗ်ာ၊ မလုပ္ၾကပါနဲ႔။ ကြၽန္ေတာ္ေျပာတာက မေခ်းေပးႏိုင္ရင္လည္း မေခ်းေပးပါနဲ႔၊ ေခ်းေပးႏိုင္ရင္လည္း ေခ်းေပးေပါ့ဗ်ာ အဆင္ေျပေအာင္ေနာ္။ အားလုံးလူတိုင္း ရေစခ်င္တဲ့ ေစတနာနဲ႔ လုပ္လိုက္တဲ့ အခါက်ေတာ့ ဆင္ပါးစပ္ ႏွမ္းပက္သလို ျဖစ္ေနတဲ့ အခါက်ေတာ့ ရီစရာႀကီးျဖစ္ေနတာေပါ့ေနာ္။ ”

ဒီေခ်းေငြကို တလုံးတခဲနဲ႔ တကယ့္ လုပ္ငန္းေကာင္းေတြကိုေပးၿပီး လုပ္ငန္းတိုးတက္ေစဖို႔လုပ္သင့္တယ္လို႔ သူက အႀကံျပဳပါတယ္။

အခု ေခ်းေငြ ရယူခြင့္ျပဳလိုက္တဲ့ စာရင္းေတြထဲမွာ ရန္ကုန္မွာ ရွိတဲ့ လုပ္ငန္းေတြမ်ားၿပီး နီးစပ္ရာကို ေပးေနတဲ့ သေဘာမ်ိဳးျဖစ္ေနတယ္လို႔ စီးပြားေရးပညာရွင္ ဦးမင္းခင္က သုံးသပ္ပါတယ္။

သူ႔အေနနဲ႔ကေတာ့ ပိုၿပီးေတာ့ စီးပြားေရးထိခိုက္မႈရွိေနတဲ့ လုပ္ငန္းေတြကို အဓိက ထားၿပီး ပိုဦးစားေပး ေခ်းသင့္တယ္လို႔ အျမင္ရွိပါတယ္။

“ထိခိုက္တာေတာ့ လုပ္ငန္းအားလုံးထိခိုက္မွာပဲ ျမန္ျမန္ စီပြားေရး အသက္ဆက္ႏိုင္ဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့ လုပ္ငန္းေတြ ေနာက္ၿပီးေတာ့ ၿပိဳလဲသြားႏိုင္တဲ့ လုပ္ငန္းေတြေပါ့ေႏွာ္။ ေနာက္ၿပီးေတာ့ သက္ဆိုင္ရာ ဌာနေတြေပါ့၊ တစ္ဦးခ်င္းမကဘူးေလ သက္ဆိုင္ရာ ဌာနေတြက လုပ္ငန္းအားျဖည့္ႏိုင္တဲ့ လုပ္ငန္းမ်ိဳးေတြကို ဦးစားေပး ေ႐ြးခ်ယ္သင့္တယ္လို႔ ကြၽန္ေတာ္တို႔က ယူဆတယ္ေလ။ ဒါေပမဲ့ အဲ့လို ျဖစ္ပုံေတာ့ မရပါဘူး။”

Apex International Company Limited ကေတာ့ သူေလွ်ာက္ထားတဲ့ ေခ်းေငြနဲ႔ အစိုးရက ထုတ္ေခ်းတဲ့ ေခ်းေငြက ကြာဟလြန္းၿပီး လုပ္ငန္းလည္ပတ္ႏိုင္ဖို႔မျဖစ္ႏိုင္တာေၾကာင့္ ဒီေခ်းေငြကို မယူေတာ့ဘူးဆိုၿပီး ထုတ္ျပန္ထားပါတယ္။

COVID ရန္ပုံေငြအစီအစဥ္ကို ရယူဖို႔အတြက္ ေလွ်ာက္ထားရာမွာလည္း အခက္အခဲေတြ ရွိေနတဲ့ အေၾကာင္းကို လုပ္ငန္းရွင္တစ္ဦးက ခုလို ေျပာျပပါတယ္။

“အြန္လိုင္းကေနၿပီးေတာ့ က်ေနာ္တို႔ႏိုင္ငံေတာ္ကိုတိုးတက္ေအာင္ ဌာနဆိုင္ရာေတြက လုပ္ဖို႔ကို က်ေနာ္တို႔တိုက္တြန္းခ်င္တယ္။ အခုထက္ထိ က်ေနာ္တို႔က ေလွ်ာက္လႊာကို ကိုယ္တိုင္တင္ေနရတယ္။ ေလွ်ာက္လႊာကိုကိုယ္တိုင္ လက္မွတ္ထိုးၿပီး ထုတ္ေနရတယ္။ ”

COVID-19 ကပ္ေရာဂါအၾကပ္အတည္းေၾကာင့္မို႔လို႔ ထိခိုက္လာတဲ့ ႏိုင္ငံ့စီးပြားေရးကို ျပန္အဖက္ဆယ္ဖို႔ အစီအစဥ္တရပ္ကိုလည္း အစိုးရက ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီထဲမွာေတာ့ အစိုးရဌာနအသီးသီးမွာ သုံးစြဲဖို႔လ်ာထားတဲ့ အသုံးစရိတ္ထဲက ၁၀ ရာခိုင္ႏႈန္းစီကို COVID-19 ရန္ပုံေငြထဲ ေျပာင္းထည့္ဖို႔ ဆိုတာပါဝင္ပါတယ္။

ဘဏ္တိုးႏႈန္းသတ္မွတ္ခ်က္ေတြအပါအဝင္ ေငြေၾကးဆိုင္ရာ မူဝါဒအေျပာင္းအလဲ၊ အတိုးႏႈန္းသက္သက္သာသာနဲ႔ လုပ္ငန္းငယ္ေတြကို ေခ်းေငြေပးဖို႔၊ အခြန္အတုတ္ေတြ ေလွ်ာ့ေပါ့တာ သက္တမ္းတိုးတာေတြ လုပ္ဖို႔၊ စိုက္ပ်ိဳးေရးဆိုင္ရာေခ်းေငြနဲ႔အေထာက္အပံ့ေတြေပးဖို႔၊ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈပိုင္းက ကန႔္သတ္ခ်က္ေတြေလွ်ာ့ဖို႔၊ မိသားစု လူမႈအကူအညီေတြေထာက္ပံ့ဖို႔၊ ဘဏ္ေတြကို အြန္လိုင္းစနစ္သုံးလာဖို႔ စသျဖင့္ တႏွစ္စာ အစီအစဥ္ေတြ ေရးဆြဲထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စီးပွားရေးလုပ်ငန်းတွေအတွက် ချေးငွေအစီအစဉ် ပမာဏနည်းလို့ ဝေဖန်ခံရ

COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ပြန်လည်ကုစားနိုင်ဖို့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေအတွက် COVID-19 ရန်ပုံငွေက ထုတ်ချေးတဲ့ ချေးငွေ အစီအစဉ်နဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေရဲ့ အမြင်ဘယ်လိုရှိသလဲဆိုတဲ့ အကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

COVID-19 အကြပ်အတည်းကြောင့် ထိခိုက်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်း သက်သက်သာသာနဲ့ ချေးငွေထုတ်ပေးတဲ့ အစီအစဉ်ကို မြန်မာအစိုးရက စတင်ဆောင်ရွက်နေပါတယ်။

ဒီအစီအစဉ်ဟာ လုပ်ငန်းတွေ လည်ပတ်နိုင်အောင်လို့ ဆိုပေမဲ့လည်း ရရှိတဲ့ ချေးငွေပမာဏက နည်းလွန်းတဲ့အတွက် လုပ်ငန်းရှင်တွေအတွက် အဆင်မပြေဖြစ်ကြရပါတယ်။

တချို့ ကုမ္ပဏီတွေက တောင်းခံထားတဲ့ ချေးငွေပမာဏနဲ့ ရရှိလာတဲ့ ချေးငွေက ကွာဟနေတာကြောင့် သူတို့ရဲ့ လုပ်ငန်းတွေ လည်ပတ်နိုင်တဲ့ အဆင့်ထိ ဖြစ်မလာဘူးလို့အမည်မဖော်ချင်တဲ့ လုပ်ငန်းရှင်တစ်ဦးက VOA ကို ပြောပါတယ်။

“အင်တာနယ်ရှင်နယ် လုပ်ငန်းကြီးတွေ တနှစ်ကို သိန်း ၁,၈၀၀ လောက် အခွန်ဆောင်နေတဲ့ လုပ်ငန်းတွေကို သိန်း ၅,၀၀၀ လျှောက်တာကို သိန်း ၆၀ ချပေးတယ်။ သိန်း ၆၀ ချပေးတဲ့ စာထွက်လာပါတယ်ဗျ။ ဘယ်လိုပြောရလဲ နိုင်ငံသိက္ခာကျပါတယ်ဗျာ၊ မလုပ်ကြပါနဲ့။ ကျွန်တော်ပြောတာက မချေးပေးနိုင်ရင်လည်း မချေးပေးပါနဲ့၊ ချေးပေးနိုင်ရင်လည်း ချေးပေးပေါ့ဗျာ အဆင်ပြေအောင်နော်။ အားလုံးလူတိုင်း ရစေချင်တဲ့ စေတနာနဲ့ လုပ်လိုက်တဲ့ အခါကျတော့ ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်နေတဲ့ အခါကျတော့ ရီစရာကြီးဖြစ်နေတာပေါ့နော်။ ”

ဒီချေးငွေကို တလုံးတခဲနဲ့ တကယ့် လုပ်ငန်းကောင်းတွေကိုပေးပြီး လုပ်ငန်းတိုးတက်စေဖို့လုပ်သင့်တယ်လို့ သူက အကြံပြုပါတယ်။

အခု ချေးငွေ ရယူခွင့်ပြုလိုက်တဲ့ စာရင်းတွေထဲမှာ ရန်ကုန်မှာ ရှိတဲ့ လုပ်ငန်းတွေများပြီး နီးစပ်ရာကို ပေးနေတဲ့ သဘောမျိုးဖြစ်နေတယ်လို့ စီးပွားရေးပညာရှင် ဦးမင်းခင်က သုံးသပ်ပါတယ်။

သူ့အနေနဲ့ကတော့ ပိုပြီးတော့ စီးပွားရေးထိခိုက်မှုရှိနေတဲ့ လုပ်ငန်းတွေကို အဓိက ထားပြီး ပိုဦးစားပေး ချေးသင့်တယ်လို့ အမြင်ရှိပါတယ်။

“ထိခိုက်တာတော့ လုပ်ငန်းအားလုံးထိခိုက်မှာပဲ မြန်မြန် စီပွားရေး အသက်ဆက်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေ နောက်ပြီးတော့ ပြိုလဲသွားနိုင်တဲ့ လုပ်ငန်းတွေပေါ့နှော်။ နောက်ပြီးတော့ သက်ဆိုင်ရာ ဌာနတွေပေါ့၊ တစ်ဦးချင်းမကဘူးလေ သက်ဆိုင်ရာ ဌာနတွေက လုပ်ငန်းအားဖြည့်နိုင်တဲ့ လုပ်ငန်းမျိုးတွေကို ဦးစားပေး ရွေးချယ်သင့်တယ်လို့ ကျွန်တော်တို့က ယူဆတယ်လေ။ ဒါပေမဲ့ အဲ့လို ဖြစ်ပုံတော့ မရပါဘူး။”

Apex International Company Limited ကတော့ သူလျှောက်ထားတဲ့ ချေးငွေနဲ့ အစိုးရက ထုတ်ချေးတဲ့ ချေးငွေက ကွာဟလွန်းပြီး လုပ်ငန်းလည်ပတ်နိုင်ဖို့မဖြစ်နိုင်တာကြောင့် ဒီချေးငွေကို မယူတော့ဘူးဆိုပြီး ထုတ်ပြန်ထားပါတယ်။

COVID ရန်ပုံငွေအစီအစဉ်ကို ရယူဖို့အတွက် လျှောက်ထားရာမှာလည်း အခက်အခဲတွေ ရှိနေတဲ့ အကြောင်းကို လုပ်ငန်းရှင်တစ်ဦးက ခုလို ပြောပြပါတယ်။

“အွန်လိုင်းကနေပြီးတော့ ကျနော်တို့နိုင်ငံတော်ကိုတိုးတက်အောင် ဌာနဆိုင်ရာတွေက လုပ်ဖို့ကို ကျနော်တို့တိုက်တွန်းချင်တယ်။ အခုထက်ထိ ကျနော်တို့က လျှောက်လွှာကို ကိုယ်တိုင်တင်နေရတယ်။ လျှောက်လွှာကိုကိုယ်တိုင် လက်မှတ်ထိုးပြီး ထုတ်နေရတယ်။ ”

COVID-19 ကပ်ရောဂါအကြပ်အတည်းကြောင့်မို့လို့ ထိခိုက်လာတဲ့ နိုင်ငံ့စီးပွားရေးကို ပြန်အဖက်ဆယ်ဖို့ အစီအစဉ်တရပ်ကိုလည်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာတော့ အစိုးရဌာနအသီးသီးမှာ သုံးစွဲဖို့လျာထားတဲ့ အသုံးစရိတ်ထဲက ၁၀ ရာခိုင်နှုန်းစီကို COVID-19 ရန်ပုံငွေထဲ ပြောင်းထည့်ဖို့ ဆိုတာပါဝင်ပါတယ်။

ဘဏ်တိုးနှုန်းသတ်မှတ်ချက်တွေအပါအဝင် ငွေကြေးဆိုင်ရာ မူဝါဒအပြောင်းအလဲ၊ အတိုးနှုန်းသက်သက်သာသာနဲ့ လုပ်ငန်းငယ်တွေကို ချေးငွေပေးဖို့၊ အခွန်အတုတ်တွေ လျှော့ပေါ့တာ သက်တမ်းတိုးတာတွေ လုပ်ဖို့၊ စိုက်ပျိုးရေးဆိုင်ရာချေးငွေနဲ့အထောက်အပံ့တွေပေးဖို့၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းက ကန့်သတ်ချက်တွေလျှော့ဖို့၊ မိသားစု လူမှုအကူအညီတွေထောက်ပံ့ဖို့၊ ဘဏ်တွေကို အွန်လိုင်းစနစ်သုံးလာဖို့ စသဖြင့် တနှစ်စာ အစီအစဉ်တွေ ရေးဆွဲထားပါတယ်။

XS
SM
MD
LG