သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္နဲ႔ ခ်င္းမွာ ရာဇဝတ္မႈက်ဴးလြန္တဲ့ စြပ္စြဲခ်က္ေတြ စံုစမ္းဖို႔ ယန္ဟီးလီေတာင္းဆို


ကုလသမဂၢ အထူးကိုယ္စားလွယ္ ယန္ဟီးလီ

(Zawgyi/Unicode)

ျမန္မာႏုိင္ငံ ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြမွာ ဆက္ျဖစ္ေနတဲ့ စစ္ရာဇ၀တ္မႈေတြနဲ႔ လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇ၀တ္မႈဆိုင္ရာ စြပ္စြဲခ်က္ေတြကို စံုစမ္းစစ္ေဆးဖို႔ ကုလသမဂၢ အထူးကိုယ္စားလွယ္ ယန္ဟီးလီက ေတာင္းဆိုလိုက္ပါတယ္။

တကမၻာလုံး COVID-19 ကပ္ေရာဂါေဘး ရင္ဆုိင္ေျဖရွင္းေနရခ်ိန္မွာ ျမန္မာစစ္တပ္ကေတာ့ ရခုိင္ျပည္နယ္ထဲက အရပ္သားေတြအေပၚ ပစ္မွတ္ထားတုိက္ခိုက္မႈေတြ တိုးလုပ္လာေနတယ္လို႔ မစၥယန္ဟီးလီက ဧၿပီလ ၂၉ ရက္ေန႔မွာပဲ ေျပာဆုိခဲ့တာပါ။

ျမန္မာ့ လူ႔အခြင့္အေရးအေျခအေနဆုိင္ရာ ကုလသမဂၢ အထူးစံုစမ္းစစ္ေဆးသူအျဖစ္ သူ႔ရဲ႕တာဝန္ ၿပီးဆံုးေတာ့မွာျဖစ္တဲ့ ပါေမာကၡယန္ဟီးလီက ရခုိင့္တပ္မေတာ္ AA အပါအ၀င္ လက္နက္ကိုင္တပ္ဖဲြ႔ေတြအေနနဲ႔ အပစ္အခတ္ရပ္စဲေရး ေတာင္းဆိုခ်က္ကိုလည္း အေလးမထားၾကတဲ့အျပင္ ျမန္မာတပ္မေတာ္ရဲ ႔ လက္ခ်က္ေၾကာင့္ ရခုိင္နဲ႔ ခ်င္းျပည္နယ္ထဲက ျပည္သူေတြ အႀကီးအက်ယ္ ထိခုိက္ေနရတယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

လူသားခ်င္းစာနာမႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာက ေစာင့္ထိန္းရမယ့္ အေျခခံျပဌာန္းခ်က္ေတြနဲ႔ လူ႔အခြင့္အေရးေတြကို တပ္မေတာ္က စနစ္တက် ခ်ိဳးေဖာက္ေနတဲ့အတြက္ ရခုိင္နဲ႔ ခ်င္းျပည္နယ္ထဲက အရပ္သားေတြအေပၚ က်ဴးလြန္တဲ့ စစ္ရာဇ၀တ္မႈေတြနဲ႔ လူသားထုအေပၚက်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြ တိုးလာေနတယ္လို႔လည္း အထူးကုိယ္စားလွယ္ ယန္ဟီးလီက ေျပာဆိုခဲ့ပါတယ္။

AA အပါအ၀င္ လက္နက္ကိုင္တပ္ဖြဲ႔အားလုံး အရပ္သားေတြကို ကာကြယ္ေပးဖို႔လည္း သူက တုိက္တြန္းသြားပါတယ္။ ပဋိပကၡ အဆုံးသတ္ေရးအတြက္ တာ၀န္ခံမႈ တာ၀န္ယူမႈရွိဖိ႔ု အလြန္အေရးႀကီးတယ္လို႔လည္းေျပာပါတယ္။ တာ၀န္ခံမႈ၊ တာ၀န္ယူမႈွမရွိတဲ့ ျမန္မာတပ္မေတာ္အေနနဲ႔ ျပစ္ဒဏ္ကေန ကင္းလြတ္ခြင့္ရေနတဲ့အတြက္ေၾကာင့္လည္း ျမန္မာအရပ္သားေတြအေနနဲ႔ တပ္မေတာ္ရဲ ႔ ရည္ရြယ္ခ်က္နဲ႔ က်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြကို ဆယ္စုႏွစ္ေတြနဲ႔ခ်ီ ရင္ဆုိင္ခံစားေနရတယ္လိုလည္း ပါေမာကၡ ယန္ဟီးလီရဲ ႔ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကုလသမဂၢအဖြဲ႔အစည္းေတြအေနနဲ႔ ရခုိင္နဲ႔ ခ်င္းျပည္နယ္ထဲက အရပ္သားေတြကို အကာအကြယ္တိုးေပးဖို႔လည္း မစၥယန္ဟီးလီက တုိက္တြန္းေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်နဲ့ ချင်းမှာ ရာဇဝတ်မှုကျူးလွန်တဲ့ စွပ်စွဲချက်တွေစုံစမ်းဖို့ ယန်ဟီးလီတောင်းဆို

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဆက်ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက တောင်းဆိုလိုက်ပါတယ်။

တကမ္ဘာလုံး COVID-19 ကပ်ရောဂါဘေး ရင်ဆိုင်ဖြေရှင်းနေရချိန်မှာ မြန်မာစစ်တပ်ကတော့ ရခိုင်ပြည်နယ်ထဲက အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုးလုပ်လာနေတယ်လို့ မစ္စယန်ဟီးလီက ဧပြီလ ၂၉ ရက်နေ့မှာပဲ ပြောဆိုခဲ့တာပါ။

မြန်မာ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးသူအဖြစ် သူ့ရဲ့တာဝန် ပြီးဆုံးတော့မှာဖြစ်တဲ့ ပါမောက္ခယန်ဟီးလီက ရခိုင့်တပ်မတော် AA အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကိုလည်း အလေးမထားကြတဲ့အပြင် မြန်မာတပ်မတော်ရဲ့ လက်ချက်ကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်ထဲက ပြည်သူတွေ အကြီးအကျယ် ထိခိုက်နေရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

လူသားချင်းစာနာမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စောင့်ထိန်းရမယ့် အခြေခံပြဌာန်းချက်တွေနဲ့ လူ့အခွင့်အရေးတွေကို တပ်မတော်က စနစ်တကျ ချိုးဖောက်နေတဲ့အတွက် ရခိုင်နဲ့ ချင်းပြည်နယ်ထဲက အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ တိုးလာနေတယ်လို့လည်း အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုခဲ့ပါတယ်။

AA အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံး အရပ်သားတွေကို ကာကွယ်ပေးဖို့လည်း သူက တိုက်တွန်းသွားပါတယ်။ ပဋိပက္ခ အဆုံးသတ်ရေးအတွက် တာဝန်ခံမှု တာဝန်ယူမှုရှိဖိ့ု အလွန်အရေးကြီးတယ်လို့လည်းပြောပါတယ်။ တာဝန်ခံမှု၊ တာဝန်ယူမှုှမရှိတဲ့ မြန်မာတပ်မတော်အနေနဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့အတွက်ကြောင့်လည်း မြန်မာအရပ်သားတွေအနေနဲ့ တပ်မတော်ရဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆယ်စုနှစ်တွေနဲ့ချီ ရင်ဆိုင်ခံစားနေရတယ်လိုလည်း ပါမောက္ခ ယန်ဟီးလီရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်ထဲက အရပ်သားတွေကို အကာအကွယ်တိုးပေးဖို့လည်း မစ္စယန်ဟီးလီက တိုက်တွန်းတောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG