သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ နောက်ထပ်တစ်ဦး သေဆုံး


ရန်ကုန်မြို့လမ်းနေရာတွင် ပိုးသတ်ဆေးဖျန်းနေတဲ့ မီးသတ်ဝန်ထမ်းတချို့ (ဧပြီ ၂၃၊ ၂၀၂၀)
ရန်ကုန်မြို့လမ်းနေရာတွင် ပိုးသတ်ဆေးဖျန်းနေတဲ့ မီးသတ်ဝန်ထမ်းတချို့ (ဧပြီ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံထားရသူ လူနာတစ်ဦး သေဆုံးသွားကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ပဲ ကြေညာလိုက်တဲ့အတွက် အခုဆိုရင် သေဆုံးသူ စုစုပေါင်း ၆ ဦး ရှိသွားပါပြီ။ ဧပြီလ ၁၄ ရက်နေ့က ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို အတည်ပြုခဲ့ပြီး နောက်တစ်ရက်ကစလို့ တောင်ဥက္ကလာပ အထူးကုဆေးရုံက အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသား ဒီနေ့ပဲ သေဆုံးခဲ့တာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးမှု၊ အသက်ရှုလမ်းကြောင်းမှာ ဘက်တီးရီးယားပိုးဝင်ရောက်မှုနဲ့ ရုတ်တရက် ကျောက်ကပ်ပျက်စီးမှုတွေကြောင့် လူနာသေဆုံးခဲ့ရတာလို့လည်း ပြောပါတယ်။

မကြာသေးခင်က ပြည်ပကို ခရီးသွားခဲ့ဖူးသူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာ တွေ့ရှိခဲ့ရကြောင်း ဒီနေ့အစောပိုင်းမှာပဲ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တဲ့အတွက် အခုဆိုရင် ကူးစက်ခံခဲ့ရသူ စုစုပေါင်း ၁၅၀ အထိ ရှိသွားပါပြီ။

ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကတော့ ရောဂါကူးစက်မှု ရှိမရှိ စောင့်ကြည့်နေသူတွေနဲ့ အသွားအလာကန့်သတ်ထားသူတွေရဲ့ ဓာတ်ခွဲနမူနာတွေ၊ COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေကို ပုံမှန်စစ်ဆေးနေကြောင်းလည်း ပြောဆိုထားပါတယ်။

[Unicode Version]






XS
SM
MD
LG