သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတပူတင် သက်ဆိုးရှည်စေမယ့် ဖွဲ့စည်းပုံအသစ်ကို အတည်ပြု


ရုရှားသမ္မတ Vladimir Putin
ရုရှားသမ္မတ Vladimir Putin

(Zawgyi/Unicode)

လက်ရှိ သမ္မတ Vladimir Putin အနေနဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထပ်မံ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုနိုင်တဲ့ ရုရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အပါအဝင် အခြား ပြင်ဆင်မယ့် အချက်တွေကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ချက်တွေကို လာမယ့် ဧပြီလမှာ တနိုင်ငံလုံး ဆန္ဒမဲပေးရမှာဖြစ်ပါတယ်။

ဇန်နဝါရီလက သမ္မတ Putin ဟာ ရုရှား နိုင်ငံရေးနဲ့ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေး အဓိက အပြောင်းအလဲ တရပ်ကို ကြေညာခဲ့ပြီး ဒီလုပ်ရပ်ဟာ သမ္မတ လက်ထဲက အာဏာကို လွှတ်တော်နဲ့ ခွဲယူဖို့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ရုရှားအစိုးရက ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လို့ ပြီးခဲ့တဲ့ သတင်းပတ်က ရုရှားအောက်လွှတ်တော်စည်းဝေးပွဲကို တက်ရောက်လာတဲ့ သမ္မတ Putin ဟာ သူ့ကို နောက်ထပ် သမ္မတ လေးနှစ်သက်တမ်းအတွက် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရရှိစေမယ့် ဖွဲ့စည်းပုံ ပြင်ဆင်မယ့် အချက်ကို ထောက်ခံခဲ့ပါတယ်။

Putin ဟာ သမ္မအာဏာ သက်တမ်း လေးကြိမ်မြောက်ရှိနေပြီး နှစ်ပေါင်း ၂၀ ကြာ သမ္မတ အဖြစ် ဒါမှမဟုတ် ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့အနေနဲ့ နောက်ထပ် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အခွင့်အလမ်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်


[Unicode Version]






XS
SM
MD
LG