သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား နဲ႔ ႏ်ဴးကလီးယားေဆြးေႏြးပြဲ တ႐ုတ္ပါဝင္ဖို႔ ကန္ တိုက္တြန္း


႐ုရွားႏိုင္ငံနဲ႔ န်ဴကလီးယားလက္နက္အေရး ေဆြးေႏြးမႈေတြမွာ တ႐ုတ္ႏိုင္ငံပါ ပူးေပါင္းပါဝင္ဖို႔ အေမရိကန္သမၼတ Donald Trump ရဲ႕ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးပုဂၢိဳလ္က တိုက္တြန္းလိုက္ပါတယ္။ ေဆြးေႏြးမႈေတြမွာ အေမရိကန္နဲ႔ ႐ုရွားသာမက တ႐ုတ္ႏိုင္ငံလည္း ပါဝင္သင့္တယ္လို႔ ယုံၾကည္ထားေၾကာင္း အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Robert O’Brien ကေျပာဆိုလိုက္တာပါ။

န်ဴကလီးယား လက္နက္ေတြရဲ႕ ၿခိမ္းေျခာက္မႈေတြ ေလွ်ာ့ခ်ႏိုင္ေရး အေမရိကန္အစိုးရ တာဝန္ရွိသူေတြ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္ကို သြားေရာက္မွာ ျဖစ္ေၾကာင္းလည္း ႏိုင္ငံတကာ သံတမန္ ၅၀ ေလာက္နဲ႔ ေတြ႕ဆုံရာမွာ ေျပာဆိုခဲ့ပါတယ္။ လက္နက္ဖ်က္သိမ္းေရးအတြက္ အေမရိကန္က တႏိုင္ငံခ်င္း ေဆြးေႏြးေနတဲ့ေခတ္ ကုန္ၿပီျဖစ္ေၾကာင္းလည္း သမၼတ Trump ရဲ႕ ႏိုင္ငံျခားေရးရာ မူဝါဒကို အေလးထား ေျပာၾကားခဲ့တာပါ။

န်ဴကလီးယားလက္နက္ ေလွ်ာ့ခ်ေရး စာခ်ဳပ္သစ္တရပ္ ေရးဆြဲႏိုင္ဖို႔ ႐ုရွားသမၼတ Vladimir Putin နဲ႔ ေဆြးေႏြးခဲ့ေၾကာင္း ၿပီးခဲ့တဲ့ ႏွစ္ထဲမွာပဲ သမၼတ Trump ကေျပာဆိုထားၿပီး၊ တ႐ုတ္ႏိုင္ငံလည္း ပါဝင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ေပမဲ့ တ႐ုတ္ႏိုင္ငံဘက္ကေတာ့ ပါဝင္ဖို႔ လက္မခံေသးပါဘူး။ လက္နက္ေလွ်ာ့ခ်ေရး ၃ ႏိုင္ငံ ေဆြးေႏြးျဖစ္မယ္ဆိုရင္ ပါဝင္မွာျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov ၿပီးခဲ့တဲ့လထဲမွာပဲ ေျပာဆိုထားေပမဲ့ တ႐ုတ္ႏိုင္ငံရဲ႕ ရပ္တည္ခ်က္ ေျပာင္းလဲေအာင္ ဖိအားေပးမွာ မဟုတ္ေၾကာင္းလည္း ေျပာဆိုထားပါတယ္။

လက္နက္ေလွ်ာ့ခ်ေရးမွာ တ႐ုတ္ႏိုင္ငံ ပူးေပါင္းပါဝင္ဖို႔ ဖိတ္ေခၚေနတဲ့ တခ်ိန္တည္းမွာပဲ ပစိဖိတ္နဲ႔ အိႏၵိယသမုဒၵရာေဒသမွာ တ႐ုတ္ႏိုင္ငံက စစ္အင္အား တည္ေဆာက္ေနတဲ့အေပၚ အေမရိကန္က စိုးရိမ္စိတ္နဲ႔ ေစာင့္ၾကည့္ေနတာပါ။ သမၼတ Trump ရဲ႕ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးပုဂၢိဳလ္ O’Brien ကေတာ့ ႐ုရွားႏိုင္ငံက စစ္ေရးမွာ ပိုမိုအကုန္အက်ခံသုံးစြဲေနတာေတြ၊ ယူကရိန္း၊ ဆီးရီးယားနဲ႔ လစ္ဗ်ားႏိုင္ငံေတြမွာ စစ္ေရးအရ ဆက္လက္ ပတ္သက္ေနတာေတြကိုလည္း ထည့္သြင္းေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

( Unicode)

ရုရှား နဲ့ နျူကလီးယားဆွေးနွေးပွဲ တရုတ်ပါဝင်ဖို့ ကန် တိုက်တွန်း

ရုရှားနိုင်ငံနဲ့ နျူကလီးယားလက်နက်အရေး ဆွေးနွေးမှုတွေမှာ တရုတ်နိုင်ငံပါ ပူးပေါင်းပါဝင်ဖို့ အမေရိကန်သမ္မတ Donald Trump ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။ ဆွေးနွေးမှုတွေမှာ အမေရိကန်နဲ့ ရုရှားသာမက တရုတ်နိုင်ငံလည်း ပါဝင်သင့်တယ်လို့ ယုံကြည်ထားကြောင်း အမျိုးသားလုံခြုံရေးအကြံပေး Robert O’Brien ကပြောဆိုလိုက်တာပါ။

နျူကလီးယား လက်နက်တွေရဲ့ ခြိမ်းခြောက်မှုတွေ လျှော့ချနိုင်ရေး အမေရိကန်အစိုးရ တာဝန်ရှိသူတွေ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို သွားရောက်မှာ ဖြစ်ကြောင်းလည်း နိုင်ငံတကာ သံတမန် ၅၀ လောက်နဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။ လက်နက်ဖျက်သိမ်းရေးအတွက် အမေရိကန်က တနိုင်ငံချင်း ဆွေးနွေးနေတဲ့ခေတ် ကုန်ပြီဖြစ်ကြောင်းလည်း သမ္မတ Trump ရဲ့ နိုင်ငံခြားရေးရာ မူဝါဒကို အလေးထား ပြောကြားခဲ့တာပါ။

နျူကလီးယားလက်နက် လျှော့ချရေး စာချုပ်သစ်တရပ် ရေးဆွဲနိုင်ဖို့ ရုရှားသမ္မတ Vladimir Putin နဲ့ ဆွေးနွေးခဲ့ကြောင်း ပြီးခဲ့တဲ့ နှစ်ထဲမှာပဲ သမ္မတ Trump ကပြောဆိုထားပြီး၊ တရုတ်နိုင်ငံလည်း ပါဝင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပေမဲ့ တရုတ်နိုင်ငံဘက်ကတော့ ပါဝင်ဖို့ လက်မခံသေးပါဘူး။ လက်နက်လျှော့ချရေး ၃ နိုင်ငံ ဆွေးနွေးဖြစ်မယ်ဆိုရင် ပါဝင်မှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ပြီးခဲ့တဲ့လထဲမှာပဲ ပြောဆိုထားပေမဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် ပြောင်းလဲအောင် ဖိအားပေးမှာ မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။

လက်နက်လျှော့ချရေးမှာ တရုတ်နိုင်ငံ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်နေတဲ့ တချိန်တည်းမှာပဲ ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာဒေသမှာ တရုတ်နိုင်ငံက စစ်အင်အား တည်ဆောက်နေတဲ့အပေါ် အမေရိကန်က စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေတာပါ။ သမ္မတ Trump ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် O’Brien ကတော့ ရုရှားနိုင်ငံက စစ်ရေးမှာ ပိုမိုအကုန်အကျခံသုံးစွဲနေတာတွေ၊ ယူကရိန်း၊ ဆီးရီးယားနဲ့ လစ်ဗျားနိုင်ငံတွေမှာ စစ်ရေးအရ ဆက်လက် ပတ်သက်နေတာတွေကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

XS
SM
MD
LG