သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုရွားရဲ႕ ႏ်ဴးကလီးယားစမ္းသပ္မႈေၾကာင့္ ကန္ ႏ်ဴးကလီးယားလက္နက္တပ္ဆင္


(Zawgyi/Unicode)

ႏ်ဴးကလီးယား လက္နက္ထိပ္ဖူး အငယ္စား တပ္ဆင္ထားတဲ႔ တားေ၀းပစ္ဒံုးက်ည္ တစင္း အသင့္ျပင္ထားတယ္လု႔ိ အေမရိကန္ ျပည္ေထာင္စုက ေျပာဆိုပါတယ္။ ရုရွားဘက္က အလားတူ လက္နက္ စမ္းသပ္မႈေတြကို တုံ႔ျပန္တဲ႔ အေနနဲ႔ ဖ်က္အားျပင္းမႈကို ေလ်ာ့ခ်ထားတဲ႔ ႏ်ဴးကလီးယား လက္နက္ ထိပ္ဖူး အငယ္စား တခုကို အခုလို တပ္ဆင္ အသင့္ျပင္ထားတာ ျဖစ္ပါတယ္။

အေမရိကန္ရဲ႕ လံုၿခံဳေရးကိုလည္း တိုးျမွင့္မယ္႔ အေၾကာင္း အေမရိကန္ ကာကြယ္ေရး ၀န္ႀကီးဌာနရဲ႕ အဂၤါေန႔ထုတ္ ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။ အေမရိကန္က W76-2 လို႔ ေခၚတဲ႔ ႏ်ဴးကလီးယား လက္နက္ငယ္ကို ေရငုပ္သေဘာၤက တာေ၀းပစ္ ဒံုးက်ည္မွာ တပ္ဆင္ အသင့္ျပင္ထားတာ ျဖစ္ပါတယ္။

ဒီေဆာင္ရြက္ခ်က္ေၾကာင့္ အေမရိကန္နဲ႔ မဟာမိတ္ေတြ၊ မိတ္ဖက္ေတြ အေပၚ ႏ်ဴးကလီးယား လက္နက္ အငယ္စားေလးေတြ အသင့္ျပင္ထားၿပီး အသာစီး ယူႏုိင္မယ္လို႔ ရုရွား အပါအ၀င္ ျပသနာ ရွာႏုိင္ေျခရွိတဲ႔ ႏုိင္ငံေတြက ယူဆေနတာေတြကို အဆံုးသတ္သြားေစ မယ္လို႔လည္း အေမရိကန္ ကာကြယ္ေရး ၀န္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

အေမရိကန္နဲ႔ ရုရွား မဟာဗ်ဴဟာ ဆက္ဆံေရး ျပန္လည္ တည္ေဆာက္ေနၾကခ်ိန္မွာဘဲ ေရငုပ္သေဘာၤက တားေ၀းပစ္ မစ္ဇိုင္းဒံုးမွာ ႏ်ဴးကလီးယား ထိပ္ဖူး တပ္ဆင္မႈ ျဖစ္လာတာပါ။ လာမယ့္ ေဖေဖာ္၀ါရီမွာ သက္တမ္း မကုန္ခင္ START လို႔ ေခၚတဲ႔ ဗ်ဴဟာေျမာက္ လက္နက္ေတြ ေလွ်ာ႔ခ်ေရး သေဘာတူညီခ်က္ အသစ္ တရပ္ကို သက္တမ္းတိုးဖို႔ ရုရွားရဲ႕ ကမ္းလွမ္းခ်က္ကို အေမရိကန္ သမၼတ Donald Trump အစိုးရဘက္က လက္ခံ မလားဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


..........................

ရုရှားရဲ့ နျူးကလီးယားစမ်းသပ်မှုကြောင့် ကန် နျူးကလီးယားလက်နက်တပ်ဆင်

(Unicode)

နျူးကလီးယား လက်နက်ထိပ်ဖူး အငယ်စား တပ်ဆင်ထားတဲ့ တားဝေးပစ်ဒုံးကျည် တစင်း အသင့်ပြင်ထားတယ်လု့ိ အမေရိကန် ပြည်ထောင်စုက ပြောဆိုပါတယ်။ ရုရှားဘက်က အလားတူ လက်နက် စမ်းသပ်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ဖျက်အားပြင်းမှုကို လျော့ချထားတဲ့ နျူးကလီးယား လက်နက် ထိပ်ဖူး အငယ်စား တခုကို အခုလို တပ်ဆင် အသင့်ပြင်ထားတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ လုံခြုံရေးကိုလည်း တိုးမြှင့်မယ့် အကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အင်္ဂါနေ့ထုတ် ကြေညာချက်မှာ ပြောဆိုထားပါတယ်။ အမေရိကန်က W76-2 လို့ ခေါ်တဲ့ နျူးကလီးယား လက်နက်ငယ်ကို ရေငုပ်သဘောၤက တာဝေးပစ် ဒုံးကျည်မှာ တပ်ဆင် အသင့်ပြင်ထားတာ ဖြစ်ပါတယ်။

ဒီဆောင်ရွက်ချက်ကြောင့် အမေရိကန်နဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေ အပေါ် နျူးကလီးယား လက်နက် အငယ်စားလေးတွေ အသင့်ပြင်ထားပြီး အသာစီး ယူနိုင်မယ်လို့ ရုရှား အပါအဝင် ပြသနာ ရှာနိုင်ခြေရှိတဲ့ နိုင်ငံတွေက ယူဆနေတာတွေကို အဆုံးသတ်သွားစေ မယ်လို့လည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။

အမေရိကန်နဲ့ ရုရှား မဟာဗျူဟာ ဆက်ဆံရေး ပြန်လည် တည်ဆောက်နေကြချိန်မှာဘဲ ရေငုပ်သဘောၤက တားဝေးပစ် မစ်ဇိုင်းဒုံးမှာ နျူးကလီးယား ထိပ်ဖူး တပ်ဆင်မှု ဖြစ်လာတာပါ။ လာမယ့် ဖေဖော်ဝါရီမှာ သက်တမ်း မကုန်ခင် START လို့ ခေါ်တဲ့ ဗျူဟာမြောက် လက်နက်တွေ လျှော့ချရေး သဘောတူညီချက် အသစ် တရပ်ကို သက်တမ်းတိုးဖို့ ရုရှားရဲ့ ကမ်းလှမ်းချက်ကို အမေရိကန် သမ္မတ Donald Trump အစိုးရဘက်က လက်ခံ မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

XS
SM
MD
LG