သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏ်ဴကလီယားသေဘာတူညီခ်က္ EU အေပၚ တည္ေနဟု အီရန္၀န္ႀကီးေျပာဆို


အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Mohammad Javad Zarif

(Zawgyi / Unicode)

၂၀၁၅ ခုႏွစ္ကရ႐ွိထားတဲ့ အီရန္ Nuclear သေဘာတူညီခ်က္ရဲ႕ ေ႐ွ႕ေရးဟာ ဥေရာပအေပၚ မူတည္ေနတယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Mohammad Javad Zarif ကဒီကေန႔ ေျပာၾကားလိုက္ပါတယ္။ သေဘာတူညီမႈထဲမွာ အဓိကကန္႔သတ္ထားတဲ့ အခ်က္ေတြကို အီရန္က ခ်ဳိးေဖာက္ေနတယ္လို႔ ပါဝင္လက္မွတ္ထိုးထားတဲ့ ဥေရာပ ၃ ႏုိင္ငံက စြပ္စြဲခဲ့ၿပီးေနာက္ အီရန္က ခုလိုတံု႔ျပန္လိုက္တာျဖစ္ပါတယ္။

ဘေဘာတူခ်က္ထဲမွာပါတဲ့ စီးပြားေရးဆိုင္ရာ ကတိကဝတ္ေတြအတိုင္း ဥေရာပႏုိင္ငံေတြက မလုပ္ဘူးလို႔ India ႏိုင္ငံမွာေရာက္ေနတဲ့ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Zarif ကဒီကေန႔ ထပ္ေျပာပါတယ္။ ဥေရာပႏိုင္ငံေတြအေနနဲ႔ အီရန္ဆီက ေရနံကို အလံုအေလာက္ မဝယ္သလို၊ အီရန္ထဲကေန စီးပြားေရးလုပ္ငန္းေတြ ႏုတ္ထြက္ကုန္တာကို သူကေထာက္ျပပါတယ္။

အီရန္ဘက္က စာခ်ဳပ္ပါ ကတိျပဳထားခ်က္ေတြကို မလိုက္နာေတာ့ဘူးဆုိတာကို ဝန္ႀကီး Azrif ကအသိအမွတ္ျပဳေပမဲ့ စာခ်ဳပ္ကေန ႏုတ္ထြက္သြားတဲ့ အေမရိကန္ရဲ႕ စီးပြားေရးအရ ပိတ္ဆို႔ဒဏ္ခတ္မႈေတြရဲ႕ သက္ေရာက္မႈေတြ႐ွိေနတယ္ဆုိတဲ့ အီရန္ရဲ႕ေျပာၾကားမႈကို ဥေရာပႏုိင္ငံေတြက လွစ္လ်ဴ႐ႈခဲ့ၾကတယ္လို႔ ေထာက္ျပပါတယ္။

ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း အီရန္အေနနဲ႔ ေဒၚလာ ဘီလ်ံ သန္းနဲ႔ခ်ီ ဆံုး႐ႈံးခဲ့ၾကတယ္လို႔ သူကေျပာပါတယ္။ စာခ်ဳပ္ထဲမွာ Nuclear ဆိုင္ရာ ကန္႔သတ္ထားခ်က္အားလံုးကို အီရန္က ေဖာက္ဖ်က္ခဲ့ၿပီးေနာက္ အီရန္ရဲ႕လုပ္ရပ္ဟာ Nuclear လက္နက္ မပ်ံ႕ပြားေရးမွာ ျပင္ဆင္လို႔မရတဲ့ ျပႆနာေတြ၊ စိုးရိမ္စရာေတြ႐ွိလာတယ္လို႔ ၿဗိတိန္၊ ျပင္သစ္နဲ႔ ဂ်ာမနီႏိုင္ငံေပါင္းၿပီး အဂၤါေန႔က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၾကတာပါ။

၂၀၁၅ ခုႏွစ္မွာ သေဘာတူခဲ့ၾကတုန္းက အဲဒီ ဥေရာပ ၃ ႏိုင္ငံနဲ႔ အီရန္အျပင္၊ အေမရိကန္၊ ႐ု႐ွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ကလည္း ပါဝင္လက္မွတ္ထုိးခဲ့ၾကပါတယ္။ စာခ်ဳပ္အရ အီရန္ဘက္က Nuclear အေရးေဆာင္႐ြက္မႈေတြကို ေလွ်ာ့ခ်၊ ကန္႔သတ္ရမွာျဖစ္သလို အီရန္အေပၚ အေနာက္ႏိုင္ငံေတြဘက္က ပိတ္ဆို႔ ဒဏ္ခတ္မႈေတြကို ေလွ်ာ့ခ်ေပးရမွာျဖစ္ပါတယ္။ ဥေရာပ ၃ ႏိုင္ငံရဲ႕ ပူးတြဲေၾကညာခ်က္ထဲမွာေတာ့ အီရန္အေပၚ စီးပြားေရးအရ ဒဏ္ခတ္မႈေတြ ဖယ္႐ွားေပးခဲ့သလို အီရန္နဲ႔ တရားဝင္ကုန္သြယ္ေရးလုပ္ဖုိ႔ အားေပးခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

နျူကလီယားသဘောတူညီချက် EU အပေါ် တည်နေဟု အီရန်ဝန်ကြီးပြောဆို

(Unicode)

၂၀၁၅ ခုနှစ်ကရရှိထားတဲ့ အီရန် Nuclear သဘောတူညီချက်ရဲ့ ရှေ့ရေးဟာ ဥရောပအပေါ် မူတည်နေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကဒီကနေ့ ပြောကြားလိုက်ပါတယ်။ သဘောတူညီမှုထဲမှာ အဓိကကန့်သတ်ထားတဲ့ အချက်တွေကို အီရန်က ချိုးဖောက်နေတယ်လို့ ပါဝင်လက်မှတ်ထိုးထားတဲ့ ဥရောပ ၃ နိုင်ငံက စွပ်စွဲခဲ့ပြီးနောက် အီရန်က ခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

ဘဘောတူချက်ထဲမှာပါတဲ့ စီးပွားရေးဆိုင်ရာ ကတိကဝတ်တွေအတိုင်း ဥရောပနိုင်ငံတွေက မလုပ်ဘူးလို့ India နိုင်ငံမှာရောက်နေတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif ကဒီကနေ့ ထပ်ပြောပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ အီရန်ဆီက ရေနံကို အလုံအလောက် မဝယ်သလို၊ အီရန်ထဲကနေ စီးပွားရေးလုပ်ငန်းတွေ နုတ်ထွက်ကုန်တာကို သူကထောက်ပြပါတယ်။

အီရန်ဘက်က စာချုပ်ပါ ကတိပြုထားချက်တွေကို မလိုက်နာတော့ဘူးဆိုတာကို ဝန်ကြီး Azrif ကအသိအမှတ်ပြုပေမဲ့ စာချုပ်ကနေ နုတ်ထွက်သွားတဲ့ အမေရိကန်ရဲ့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေရဲ့ သက်ရောက်မှုတွေရှိနေတယ်ဆိုတဲ့ အီရန်ရဲ့ပြောကြားမှုကို ဥရောပနိုင်ငံတွေက လှစ်လျူရှုခဲ့ကြတယ်လို့ ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အီရန်အနေနဲ့ ဒေါ်လာ ဘီလျံ သန်းနဲ့ချီ ဆုံးရှုံးခဲ့ကြတယ်လို့ သူကပြောပါတယ်။ စာချုပ်ထဲမှာ Nuclear ဆိုင်ရာ ကန့်သတ်ထားချက်အားလုံးကို အီရန်က ဖောက်ဖျက်ခဲ့ပြီးနောက် အီရန်ရဲ့လုပ်ရပ်ဟာ Nuclear လက်နက် မပျံ့ပွားရေးမှာ ပြင်ဆင်လို့မရတဲ့ ပြဿနာတွေ၊ စိုးရိမ်စရာတွေရှိလာတယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံပေါင်းပြီး အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ကြတာပါ။

၂၀၁၅ ခုနှစ်မှာ သဘောတူခဲ့ကြတုန်းက အဲဒီ ဥရောပ ၃ နိုင်ငံနဲ့ အီရန်အပြင်၊ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကလည်း ပါဝင်လက်မှတ်ထိုးခဲ့ကြပါတယ်။ စာချုပ်အရ အီရန်ဘက်က Nuclear အရေးဆောင်ရွက်မှုတွေကို လျှော့ချ၊ ကန့်သတ်ရမှာဖြစ်သလို အီရန်အပေါ် အနောက်နိုင်ငံတွေဘက်က ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို လျှော့ချပေးရမှာဖြစ်ပါတယ်။ ဥရောပ ၃ နိုင်ငံရဲ့ ပူးတွဲကြေညာချက်ထဲမှာတော့ အီရန်အပေါ် စီးပွားရေးအရ ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးခဲ့သလို အီရန်နဲ့ တရားဝင်ကုန်သွယ်ရေးလုပ်ဖို့ အားပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG