သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခရီးသည္တင္ေလယာဥ္ ပစ္ခ်မႈ တာ၀န္ရွိသူေတြ အီရန္ဖမ္းဆီး


ခရီးသည္တင္ေလယာဥ္ ပစ္ခ်မႈကို ဆန္႔က်င္ဆႏၵျပသူမ်ား

(Zawgyi / Unicode)

အီရန္ႏိုင္ငံအေနနဲ႔ ယူကရိန္းခရီးသည္တင္ေလယာဥ္ကို မွားယြင္းပစ္ခ်ခဲ့မူအတြက္ လိုအပ္တဲ့ အေရးယူမူေတြ စလုပ္ေနၿပီလို႔ ဒီေန႔ ထုတ္ေျပာလိုက္ပါတယ္။

ဒီခရီးသည္တင္ ေလယာဥ္ကို ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က မွားယြင္း ပစ္ခ်ခဲ့တာကို အီရန္ဘက္က ေနာက္ဆုံး ဝန္ခံခဲ့အၿပီး၊ အီရန္ျပည္သူေတြရဲ႕ မေက်နပ္မူေတြနဲ႔ ဆန႔္က်င္ဆႏၵျပမူေတြ မၾကာခင္ရက္ပိုင္းတြင္း ျမင့္မားလာေနခ်ိန္မွာ၊ ခုလို အေရးယူမူစတင္ေနေၾကာင္း ေၾကညာခဲ့တာပါ။

အီရန္ ထိပ္တန္းအရာရွိေတြအေနနဲ႔ ဒီ ေလယာဥ္ပစ္ခ်ခဲ့ရျခင္း အေၾကာင္းရင္းကို ဖုံးကြယ္ႏိုင္ဖို႔ ခုလို အေရးယူခဲ့ပုံရတယ္လို႔ သုံးသပ္မူေတြလည္း ထြက္ေပၚေနပါတယ္။

အီရန္တရားေရး ေျပာခြင့္ရ Gholamhossein Esmaili က၊ ဒီအမူနဲ႔ပတ္သက္ၿပီး စစ္ေဆးမူေတြ လုပ္ေနၿပီး လူတခ်ိဳ႕ကိုလည္းဖမ္းထားတယ္လို႔ အီရန္အစိုးရပိုင္သတင္းဌာနကေန ေျပာခဲ့ေပမယ့္၊ ဘယ္သူေတြနဲ႔ ဘယ္ႏွစ္ေယာက္ကို ဖမ္းထားတယ္လို႔ေတာ့ မေျပာခဲ့ပါဘူး။

ယူကရိန္းႏိုင္ငံ Kyiv ၿမိဳ႕ေတာ္ကိုသြားဖို႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာပဲ တီဟီရန္ၿမိဳ႕ေတာ္ ေလဆိပ္ကေန ပ်ံတက္ၿပီး သိပ္မၾကာခင္မွာပဲ missile ဒုံးနဲ႔ ပစ္ခ်ခံခဲ့ရတဲ့ ဒီေလယာဥ္ေပၚလိုက္ပါလာသူ ၁၇၆ ဦးလံုးေသဆံုးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............................

ခရီးသည်တင်လေယာဉ် ပစ်ချမှု တာဝန်ရှိသူတွေ အီရန်ဖမ်းဆီး

(Unicode)

အီရန်နိုင်ငံအနေနဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချခဲ့မူအတွက် လိုအပ်တဲ့ အရေးယူမူတွေ စလုပ်နေပြီလို့ ဒီနေ့ ထုတ်ပြောလိုက်ပါတယ်။

ဒီခရီးသည်တင် လေယာဉ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မှားယွင်း ပစ်ချခဲ့တာကို အီရန်ဘက်က နောက်ဆုံး ဝန်ခံခဲ့အပြီး၊ အီရန်ပြည်သူတွေရဲ့ မကျေနပ်မူတွေနဲ့ ဆန့်ကျင်ဆန္ဒပြမူတွေ မကြာခင်ရက်ပိုင်းတွင်း မြင့်မားလာနေချိန်မှာ၊ ခုလို အရေးယူမူစတင်နေကြောင်း ကြေညာခဲ့တာပါ။

အီရန် ထိပ်တန်းအရာရှိတွေအနေနဲ့ ဒီ လေယာဉ်ပစ်ချခဲ့ရခြင်း အကြောင်းရင်းကို ဖုံးကွယ်နိုင်ဖို့ ခုလို အရေးယူခဲ့ပုံရတယ်လို့ သုံးသပ်မူတွေလည်း ထွက်ပေါ်နေပါတယ်။

အီရန်တရားရေး ပြောခွင့်ရ Gholamhossein Esmaili က၊ ဒီအမူနဲ့ပတ်သက်ပြီး စစ်ဆေးမူတွေ လုပ်နေပြီး လူတချို့ကိုလည်းဖမ်းထားတယ်လို့ အီရန်အစိုးရပိုင်သတင်းဌာနကနေ ပြောခဲ့ပေမယ့်၊ ဘယ်သူတွေနဲ့ ဘယ်နှစ်ယောက်ကို ဖမ်းထားတယ်လို့တော့ မပြောခဲ့ပါဘူး။

ယူကရိန်းနိုင်ငံ Kyiv မြို့တော်ကိုသွားဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ တီဟီရန်မြို့တော် လေဆိပ်ကနေ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ missile ဒုံးနဲ့ ပစ်ချခံခဲ့ရတဲ့ ဒီလေယာဉ်ပေါ်လိုက်ပါလာသူ ၁၇၆ ဦးလုံးသေဆုံးခဲ့ပါတယ်။

XS
SM
MD
LG