သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ျဖစ္ေစခ်င္တဲ႔ အီရန္ အေျခအေန


အီရန္ႏုိင္ငံတြင္းမွာ အစိုးရ ဆန္႔က်င္ဆႏၵျပပြဲ

(Zawgyi / Unicode)

ယူကရိန္း ခရီးသည္တင္ ေလယာဥ္ကို အီရန္ ေတာ္လွန္ေရး ျပည္ေစာင့္တပ္က မွားယြင္း ပစ္ခ်ခဲ႔မိေၾကာင္း ၀န္ခံခဲ႔ၿပီးေနာက္ အီရန္ႏုိင္ငံတြင္းမွာ အစိုးရ ဆန္႔က်င္ဆႏၵျပပြဲေတြ ျဖစ္ေနပါတယ္။

အီရန္ႏုိင္ငံတြင္း လက္ရွိ အေျခအေနေတြန႔ဲ ပတ္သက္ၿပီး အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Morgan Ortagus နဲ႔ ဗီြအိုေအ ပါရွန္ဌာနက Guita Aryan တို႔ ေတြ႔ဆံုေမးျမန္းထားတဲ့ထဲကေန မသိဂၤ ီထုိက္ ေကာက္ႏုတ္တင္ျပထားပါတယ္။

ယူကရိန္း ခရီးသည္တင္ ေလယာဥ္ကို ပစ္ခ်ခဲ႔တယ္လို႔ အီရန္ အစိုးရက ၀န္ခံခဲ႔ၿပီးေနာက္ ျဖစ္လာတဲ႔ အီရန္ ဆႏၵျပပြဲေတြဟာဆိုရင္ အစိုးရက လိမ္ညာခံရတာေၾကာင့္ အမ်ားစုက ဆႏၵျပၾကတာလို႔ ယူဆတဲ႔ အေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Morgan Ortagus က ေျဖၾကားခဲ႔ပါတယ္။

Morgan Ortagus
Morgan Ortagus

“အေၾကာင္းရင္း တခုကေတာ့ အစိုးရဘက္က ရက္နဲ႔ခ်ီၿပီး သူတို႔ကို လိမ္ညာခဲ႔တာေၾကာင့္ အီရန္ ျပည္သူ အမ်ားအျပား ထြက္ၿပီး ဆႏၵျပၾကတာလို႔ က်မတို႔က ယံုၾကည္ပါတယ္။ လက္ပူးလက္က်ပ္ မိတဲ႔ အခ်ိန္မွာ အစိုးရဘက္က သူတို႔ ပါ၀င္ပတ္သက္မႈ မရွိဘူးဆိုၿပီး ေျပာခဲ႔တာပါ။ ကေနဒါ၊ ယူကရိန္း၊ ၿဗိတိန္ စတဲ႔ ေလယာဥ္ေပၚမွာ လိုက္ပါသြားၾကသူေတြရဲ႕ ႏုိင္ငံ အစိုးရေတြတိုင္းက ဒီကိစၥကို ရွင္းရွင္းလင္းလင္း သိထားၿပီးပါၿပီ။ ဒံုးက်ည္နဲ႔ ေလယာဥ္ကို ပစ္ခ်ခဲ႔မႈမွာ အစိုးရမွာ အျပစ္ရွိတယ္ဆိုတာကို ကမၻာက သိရွိထားပါၿပီ။

တျခားႏုိင္ငံက လူေတြနည္းတူဘဲ အီရန္ ျပည္သူေတြကလည္း ဒါကို မႀကိဳက္ပါဘူး၊ ေနာက္ သူတို႔ အစိုးရက သူတို႔ကို လိမ္ညာတာကိုလည္း မေက်နပ္ပါဘူး။ ဒီသီတင္းပတ္ကုန္ပိုင္းမွာ ဆႏၵျပပြဲေတြ ေတြ႔ရတာဟာဆိုရင္ ဒါက အေၾကာင္းရင္း တရပ္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီ ဆႏၵျပမႈေတြဟာဆိုရင္ ၿပီးခဲ႔တဲ႔ လပိုင္းေတြ အတြင္းက ျဖစ္ခဲ႔တဲ႔ ဆႏၵျပပြဲေတြထက္ ပိုၿပီး ျပင္းထန္ပါတယ္။ ဒီအေပၚမွာ ႏုိင္ငံျခားေရး ၀န္ႀကီးဌာန အေနနဲ႔ သိပ္ၿပီး အေလးထား အာရံုစိုက္ ေစာင့္ၾကည့္ေနပါတယ္။”

အီရတ္ႏုိင္ငံတြင္း အေမရိကန္ရဲ႕ အေ၀းထိန္း ဒရုန္းယာဥ္နဲ႔ တိုက္ခုိက္မႈ အတြင္း အီရန္ေတာ္လွန္ေရး ျပည္ေစာင့္တပ္ရဲ႕ တပ္မွဴး Qassem Soleimani ေသဆံုးခဲ႔ၿပီးေနာက္ အီရန္နဲ႔ အေမရိကန္ၾကား တင္းတင္းမာမာ ျဖစ္ေနခ်ိန္မွာဘဲ အီရန္ႏုိင္ငံတြင္းမွာ ယူကရိန္း ခရီးသည္တင္ ေလယာဥ္ ပ်က္က်ၿပီး ေလယာဥ္ေပၚပါသူ ၁၇၆ ဦးစလံုး ေသဆံုးခဲ႔ရတာပါ။ ကနဦးမွာေတာ့ အီရန္က သူတို႔ လက္ခ်က္ မဟုတ္ေၾကာင္း ျငင္းဆိုခဲ႔ၿပီးေနာက္ ရက္ပိုင္း အၾကာမွာဘဲ အီရန္ ေတာ္လွန္ေရး ျပည္ေစာင့္တပ္က မွားယြင္း ပစ္ခ်ခဲ႔မိေၾကာင္း ၀န္ခံခဲ႔တာ ျဖစ္ပါတယ္။

အီရန္ အေရး ေဆာင္ရြက္ခ်က္ေတြ အေပၚ သမၼတ Trump ဘက္က လိုလားခ်က္ကို ေမးတဲ႔ အခါမွာေတာ့ ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရက အခုလို ေျပာပါတယ္။

“အီရန္ အစိုးရကို ရိုးရွင္းတဲ႔ အစိုးရတရပ္လို ျပဳမူေဆာင္ရြက္ဖို႔ သမၼတက လိုလားေနတယ္လို႔ ထင္ပါတယ္။ ဒါကလည္း အီရန္ အစိုးရ ေပၚမွာ မူတည္ပါတယ္။ သူတို႔ဘက္က မဆံုးျဖတ္ေသးပါဘူး။ သူတို႔ရဲ႕ လုပ္ရပ္ေတြ အရေတာ့ ရွင္းေနတာပါဘဲ။ သူတို႔ အေနနဲ႔ ႏုိင္ငံတခု အေနနဲ႔ ျပဳမူေဆာင္ရြက္ဖို႔ ေတာ္လွန္ေရး ပံုစံကို စြန္႔လႊတ္မလားဆိုတာကို သူတို႔ မဆံုးျဖတ္ရေသးပါဘူး။”

ဒါ႔အျပင္ အီရန္ အစိုးရ အေနနဲ႔ ဆႏၵျပသူေတြကို ႏွိပ္ကြပ္တာေတြ မလုပ္ဖို႔လည္း အေမရိကန္ သမၼတက သတိေပးထားဆိုေတာ့ တကယ္လို႔ လုပ္လာခဲ႔ရင္ သမၼတ Trump ဘက္က အေရးယူ ေဆာင္ရြက္မလား၊ အေရးယူ ေဆာင္ရြက္ဖို႔ေရာ အဆင္သင့္ ရွိေနပါသလားလို႔ ေမးတာမွာေတာ့ ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရ Ortagus က အခုလို ေျဖၾကားပါတယ္။

“အစိုးရဘက္က ေဆာင္ရြက္ခ်က္ေတြကိုေတာ့ ႀကိဳတင္ၿပီး မခန္႔မွန္းလိုပါဘူး။ သမၼတ အေနနဲ႔ေတာ့ ဆံုးျဖတ္ေဆာင္ရြက္ႏုိင္တာ အမ်ားႀကီး ရွိပါတယ္။ ဒီသီတင္းပတ္ကုန္ပိုင္းတုန္းက သမၼတက အဂၤလိပ္လို မဟုတ္ပါဘူး၊ ပါရွန္ ဘာသာစကားနဲ႔ တြစ္တာလူမႈကြန္ရက္မွာ ေရးသားခဲ႔တာက အေရးႀကီးတယ္လို႔ ထင္ပါတယ္။ ႏုိင္ငံျခားေရး၀န္ႀကီး Pompeo လည္း အလားတူ ေရးသားခဲ႔ပါတယ္။ အေမရိကန္ ျပည္ေထာင္စုတြင္းက ပလက္ေဖာင္းေတြကို အသံုးခ်ၿပီး ဒီဆႏၵျပမႈေတြကို ရွင္းရွင္းလင္းလင္း ေျပာခ်င္တာပါ။ က်မတို႔ ေစာင့္ၾကည့္ေနတယ္၊ ေနာက္ ကမၻာကလည္း ေစာင့္ၾကည့္ ေနတယ္ဆိုတာကို အီရန္ အစိုးရကို အသိေပးခ်င္တာေၾကာင့္ ျဖစ္ပါတယ္။”

အီရန္ႏုိင္ငံတြင္းက အျပစ္မဲ႔ ဆႏၵျပသူေတြကို သတ္ျဖတ္ဖို႔ ႀကိဳးစားမယ္၊ ေနာက္ ၿငိမ္းခ်မ္းစြာ ဆႏၵျပၾကတဲ႔ ေထာင္နဲ႔ခ်ီတဲ႔ ျပည္သူေတြကို ေထာင္ခ်ဖို႔ ႀကိဳးစားမယ္၊ အင္တာနက္ ျဖတ္ေတာက္မယ္ ဆိုတာမ်ိဳးေတြ လုပ္လာရင္ေတာ့ အီရန္ အစိုးရ လုပ္ခ်င္တိုင္း လုပ္လို႔ မရဘူလို႔လည္း အေမရိကန္ ႏုိင္ငံျခားေရး ဌာန ေျပာခြင့္ရက ဗီြအိုေအ ပါရွန္ ဌာနနဲ႔ သီးသန္႔ ေတြ႔ဆံုေမးျမန္းခန္း အတြင္းမွာ ေျပာဆိုသြားပါတယ္။

အေမရိကန္ ျဖစ္ေစခ်င္တဲ႔ အီရန္ အေျခအေန
please wait

No media source currently available

0:00 0:03:35 0:00
တိုက္႐ိုက္ လင့္ခ္


......................

အမေရိကန် ဖြစ်စေချင်တဲ့ အီရန် အခြေအနေ

(Unicode)

ယူကရိန်း ခရီးသည်တင် လေယာဉ်ကို အီရန် တော်လှန်ရေး ပြည်စောင့်တပ်က မှားယွင်း ပစ်ချခဲ့မိကြောင်း ဝန်ခံခဲ့ပြီးနောက် အီရန်နိုင်ငံတွင်းမှာ အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။ အီရန်နိုင်ငံတွင်း လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus နဲ့ ဗွီအိုအေ ပါရှန်ဌာနက Guita Aryan တို့ တွေ့ဆုံမေးမြန်းထားတဲ့ထဲကနေ မသိင်္ဂ ီထိုက် ကောက်နုတ်တင်ပြထားပါတယ်။

ယူကရိန်း ခရီးသည်တင် လေယာဉ်ကို ပစ်ချခဲ့တယ်လို့ အီရန် အစိုးရက ဝန်ခံခဲ့ပြီးနောက် ဖြစ်လာတဲ့ အီရန် ဆန္ဒပြပွဲတွေဟာဆိုရင် အစိုးရက လိမ်ညာခံရတာကြောင့် အများစုက ဆန္ဒပြကြတာလို့ ယူဆတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Morgan Ortagus က ဖြေကြားခဲ့ပါတယ်။

“အကြောင်းရင်း တခုကတော့ အစိုးရဘက်က ရက်နဲ့ချီပြီး သူတို့ကို လိမ်ညာခဲ့တာကြောင့် အီရန် ပြည်သူ အများအပြား ထွက်ပြီး ဆန္ဒပြကြတာလို့ ကျမတို့က ယုံကြည်ပါတယ်။ လက်ပူးလက်ကျပ် မိတဲ့ အချိန်မှာ အစိုးရဘက်က သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး ပြောခဲ့တာပါ။ ကနေဒါ၊ ယူကရိန်း၊ ဗြိတိန် စတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားကြသူတွေရဲ့ နိုင်ငံ အစိုးရတွေတိုင်းက ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိထားပြီးပါပြီ။ ဒုံးကျည်နဲ့ လေယာဉ်ကို ပစ်ချခဲ့မှုမှာ အစိုးရမှာ အပြစ်ရှိတယ်ဆိုတာကို ကမ္ဘာက သိရှိထားပါပြီ။

တခြားနိုင်ငံက လူတွေနည်းတူဘဲ အီရန် ပြည်သူတွေကလည်း ဒါကို မကြိုက်ပါဘူး၊ နောက် သူတို့ အစိုးရက သူတို့ကို လိမ်ညာတာကိုလည်း မကျေနပ်ပါဘူး။ ဒီသီတင်းပတ်ကုန်ပိုင်းမှာ ဆန္ဒပြပွဲတွေ တွေ့ရတာဟာဆိုရင် ဒါက အကြောင်းရင်း တရပ် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ ဆန္ဒပြမှုတွေဟာဆိုရင် ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းက ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေထက် ပိုပြီး ပြင်းထန်ပါတယ်။ ဒီအပေါ်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ သိပ်ပြီး အလေးထား အာရုံစိုက် စောင့်ကြည့်နေပါတယ်။”

အီရတ်နိုင်ငံတွင်း အမေရိကန်ရဲ့ အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှု အတွင်း အီရန်တော်လှန်ရေး ပြည်စောင့်တပ်ရဲ့ တပ်မှူး Qassem Soleimani သေဆုံးခဲ့ပြီးနောက် အီရန်နဲ့ အမေရိကန်ကြား တင်းတင်းမာမာ ဖြစ်နေချိန်မှာဘဲ အီရန်နိုင်ငံတွင်းမှာ ယူကရိန်း ခရီးသည်တင် လေယာဉ် ပျက်ကျပြီး လေယာဉ်ပေါ်ပါသူ ၁၇၆ ဦးစလုံး သေဆုံးခဲ့ရတာပါ။ ကနဦးမှာတော့ အီရန်က သူတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီးနောက် ရက်ပိုင်း အကြာမှာဘဲ အီရန် တော်လှန်ရေး ပြည်စောင့်တပ်က မှားယွင်း ပစ်ချခဲ့မိကြောင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

အီရန် အရေး ဆောင်ရွက်ချက်တွေ အပေါ် သမ္မတ Trump ဘက်က လိုလားချက်ကို မေးတဲ့ အခါမှာတော့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရက အခုလို ပြောပါတယ်။

“အီရန် အစိုးရကို ရိုးရှင်းတဲ့ အစိုးရတရပ်လို ပြုမူဆောင်ရွက်ဖို့ သမ္မတက လိုလားနေတယ်လို့ ထင်ပါတယ်။ ဒါကလည်း အီရန် အစိုးရ ပေါ်မှာ မူတည်ပါတယ်။ သူတို့ဘက်က မဆုံးဖြတ်သေးပါဘူး။ သူတို့ရဲ့ လုပ်ရပ်တွေ အရတော့ ရှင်းနေတာပါဘဲ။ သူတို့ အနေနဲ့ နိုင်ငံတခု အနေနဲ့ ပြုမူဆောင်ရွက်ဖို့ တော်လှန်ရေး ပုံစံကို စွန့်လွှတ်မလားဆိုတာကို သူတို့ မဆုံးဖြတ်ရသေးပါဘူး။”

ဒါ့အပြင် အီရန် အစိုးရ အနေနဲ့ ဆန္ဒပြသူတွေကို နှိပ်ကွပ်တာတွေ မလုပ်ဖို့လည်း အမေရိကန် သမ္မတက သတိပေးထားဆိုတော့ တကယ်လို့ လုပ်လာခဲ့ရင် သမ္မတ Trump ဘက်က အရေးယူ ဆောင်ရွက်မလား၊ အရေးယူ ဆောင်ရွက်ဖို့ရော အဆင်သင့် ရှိနေပါသလားလို့ မေးတာမှာတော့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ortagus က အခုလို ဖြေကြားပါတယ်။

“အစိုးရဘက်က ဆောင်ရွက်ချက်တွေကိုတော့ ကြိုတင်ပြီး မခန့်မှန်းလိုပါဘူး။ သမ္မတ အနေနဲ့တော့ ဆုံးဖြတ်ဆောင်ရွက်နိုင်တာ အများကြီး ရှိပါတယ်။ ဒီသီတင်းပတ်ကုန်ပိုင်းတုန်းက သမ္မတက အင်္ဂလိပ်လို မဟုတ်ပါဘူး၊ ပါရှန် ဘာသာစကားနဲ့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့တာက အရေးကြီးတယ်လို့ ထင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Pompeo လည်း အလားတူ ရေးသားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုတွင်းက ပလက်ဖောင်းတွေကို အသုံးချပြီး ဒီဆန္ဒပြမှုတွေကို ရှင်းရှင်းလင်းလင်း ပြောချင်တာပါ။ ကျမတို့ စောင့်ကြည့်နေတယ်၊ နောက် ကမ္ဘာကလည်း စောင့်ကြည့် နေတယ်ဆိုတာကို အီရန် အစိုးရကို အသိပေးချင်တာကြောင့် ဖြစ်ပါတယ်။”

အီရန်နိုင်ငံတွင်းက အပြစ်မဲ့ ဆန္ဒပြသူတွေကို သတ်ဖြတ်ဖို့ ကြိုးစားမယ်၊ နောက် ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ထောင်ချဖို့ ကြိုးစားမယ်၊ အင်တာနက် ဖြတ်တောက်မယ် ဆိုတာမျိုးတွေ လုပ်လာရင်တော့ အီရန် အစိုးရ လုပ်ချင်တိုင်း လုပ်လို့ မရဘူလို့လည်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ဗွီအိုအေ ပါရှန် ဌာနနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်း အတွင်းမှာ ပြောဆိုသွားပါတယ်။

XS
SM
MD
LG