(Zawgyi / Unicode)
အီရန္ႏုိင္ငံ ၿမိဳ႕ေတာ္ တီဟီရန္မွာ စေနေန႔ကလုပ္တဲ့ ေတြ႔ဆံုေမးျမန္းခန္းအတြင္း ဂ်ာမနီက Der Spiegel မဂၢဇင္းကို ေျပာၾကားတာမွာေတာ့ အီရန္ ႏုိင္ငံျခားေရး၀န္ႀကီး Mohammed Javad Zarif က လူေတြအေနနဲ႔ လက္ေတြ႔ အမွန္တကယ္ ျဖစ္ပ်က္ေနတာေတြကို အသိအမွတ္ျပဳၿပီး ခ်ဥ္းကပ္မႈ ေျပာင္းလဲသြားႏုိင္ေျခ ရွိတယ္ဆိုတာကို သူ႔အေနနဲ႔ ဘယ္ေတာ့မွ ျငင္းမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာပါ။
အေမရိကန္သမၼတ Donald Trump က အီရန္ ႏ်ဴးကလီးယား သေဘာတူစာခ်ဳပ္ကေန အေမရိကန္ ႏုတ္ထြက္ေၾကာင္း ေၾကညာခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကတည္းက အေမရိကန္နဲ႔ အီရန္ၾကား တင္းမာမႈက တိုးလာခဲ့တာပါ။
အေမရိကန္ဘက္က အီရန္အေပၚ ျပင္းထန္တဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ျပန္လည္ခ်မွတ္ခဲ့ၿပီးေနာက္မွာ အီရန္ရဲ႕ စီးပြားေရးလည္း အထိနာေစခဲ့ပါတယ္။ ဒါေပမယ့္လည္း အီရန္အေနနဲ႔ ေဆြးေႏြးဖို႔ ဆႏၵရွိေနဆဲပါဆိုတဲ့ သေဘာမ်ိဳး ႏုိင္ငံျခားေရး၀န္ႀကီးက ေျပာပါတယ္။
သူ႔ႏုိင္ငံအေနနဲ႔ အရင္ကေတာင္းဆိုခ်က္ အတိုင္းပဲ အေမရိကန္တို႔ဘက္က ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို အရင္ဆံုး ဖယ္ရွားေပးရမွာ ျဖစ္တယ္လို႔ Zarif က ေျပာပါတယ္။
အေမရိကန္သမၼတ အိမ္ျဖဴေတာ္မွာ ဘယ္သူပဲ တာ၀န္ယူေနသည္ျဖစ္ေစ အီရန္အတြက္ အေရးမႀကီးေၾကာင္း၊ ျပဳမူေဆာင္ရြက္ခ်က္ေတြကသာ အေရးႀကီးေၾကာင္း ေျပာတယ္လို႔ Der Spiegel က ေဖာ္ျပပါတယ္။
သမၼတ Trump အစိုးရအေနနဲ႔ အတိတ္ကို ျပန္ျပင္ႏုိင္ေၾကာင္း၊ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ဖယ္ရွားၿပီး ေတြ႔ဆံုေဆြးေႏြးေရးစားပြဲကို ျပန္လာႏုိင္ေၾကာင္း၊ အီရန္အေနနဲ႔ ေဆြးေႏြးပြဲ စားပြဲ၀ိုင္းမွာ ဆက္ရွိေနဆဲျဖစ္ၿပီး အေမရိကန္ကသာ ထြက္ခြာသြားတာ ျဖစ္တယ္လို႔ အီရန္ ႏုိင္ငံျခားေရး၀န္ႀကီးက ေျပာဆိုတဲ့အေၾကာင္းလည္း Der Spiegel က ေဖာ္ျပထားပါတယ္။
--------------------------------------
(Unicode)
အမေရိကန်နဲ့ ဆွေးနွေးဖို့ ပယ်ချမထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးပြော
အမေရိကန်ရဲ့ အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အီရန် ထိပ်တန်း စစ်ဗိုလ်ချုပ်တဦး ကျဆုံးခဲ့ရပေမယ်လို့လည်း အမေရိကန်နဲ့ စေ့စပ်ဆွေးနွေးမှုကို အီရန်ဘက်က အပြတ်ပယ်ချမထားဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့ထုတ် တွေ့ဆုံမေးမြန်းမှုတခုမှာ ပြောဆိုထားပါတယ်။
အီရန်နိုင်ငံ မြို့တော် တီဟီရန်မှာ စနေနေ့ကလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ဂျာမနီက Der Spiegel မဂ္ဂဇင်းကို ပြောကြားတာမှာတော့ အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammed Javad Zarif က လူတွေအနေနဲ့ လက်တွေ့ အမှန်တကယ် ဖြစ်ပျက်နေတာတွေကို အသိအမှတ်ပြုပြီး ချဉ်းကပ်မှု ပြောင်းလဲသွားနိုင်ခြေ ရှိတယ်ဆိုတာကို သူ့အနေနဲ့ ဘယ်တော့မှ ငြင်းမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။
အမေရိကန်သမ္မတ Donald Trump က အီရန် နျူးကလီးယား သဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်ကြောင်း ကြေညာခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုက တိုးလာခဲ့တာပါ။
အမေရိကန်ဘက်က အီရန်အပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့ပြီးနောက်မှာ အီရန်ရဲ့ စီးပွားရေးလည်း အထိနာစေခဲ့ပါတယ်။ ဒါပေမယ့်လည်း အီရန်အနေနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိနေဆဲပါဆိုတဲ့ သဘောမျိုး နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
သူ့နိုင်ငံအနေနဲ့ အရင်ကတောင်းဆိုချက် အတိုင်းပဲ အမေရိကန်တို့ဘက်က ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အရင်ဆုံး ဖယ်ရှားပေးရမှာ ဖြစ်တယ်လို့ Zarif က ပြောပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ဘယ်သူပဲ တာဝန်ယူနေသည်ဖြစ်စေ အီရန်အတွက် အရေးမကြီးကြောင်း၊ ပြုမူဆောင်ရွက်ချက်တွေကသာ အရေးကြီးကြောင်း ပြောတယ်လို့ Der Spiegel က ဖော်ပြပါတယ်။
သမ္မတ Trump အစိုးရအနေနဲ့ အတိတ်ကို ပြန်ပြင်နိုင်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပြီး တွေ့ဆုံဆွေးနွေးရေးစားပွဲကို ပြန်လာနိုင်ကြောင်း၊ အီရန်အနေနဲ့ ဆွေးနွေးပွဲ စားပွဲဝိုင်းမှာ ဆက်ရှိနေဆဲဖြစ်ပြီး အမေရိကန်ကသာ ထွက်ခွာသွားတာ ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုတဲ့အကြောင်းလည်း Der Spiegel က ဖော်ပြထားပါတယ်။