သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာဆက္လက္ထိန္းခ်ဳပ္ေရး စြပ္စြဲခ်က္ သမၼတ Putin ပယ္ခ်


႐ုရွားသမၼတ Vladimir Putin. (ဇန္နဝါရီ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

၂၀၂၄ ခုက်ရင္ သမၼတသက္တမ္း ကုန္ဆုံးေတာ့မယ္ ဆိုေပမယ့္ အာဏာကို ဆက္လက္ထိန္းခ်ဳပ္ဖုိ႔ ျပင္ဆင္ေနတယ္ဆိုတဲ့ ေဝဖန္မႈေတြအေပၚ ႐ုရွားသမၼတ Vladimir Putin က ျငင္းဆုိလုိက္ပါတယ္။

ဖြဲ႔စည္းပုံကို သိသာတဲ့ အေျပာင္းအလဲေတြ လုပ္သြားဖို႔ ဗုဒၶဟူးေန႔ မိန္႔ခြန္းထဲမွာ သူေျပာဆိုခဲ့တာေၾကာင့္ အာဏာကို ဆက္လက္ထိန္းခ်ဳပ္ဖုိ႔ ႀကဳိးစားေနတယ္ဆိုတဲ့ လူေတြရဲ႕ စြပ္စြဲခ်က္အေပၚ ႐ုရွားႏိုင္ငံကို ႏွစ္ ၂၀ ေလာက္ အုပ္ခ်ဳပ္လာတဲ့ အသက္ ၆၇ ႏွစ္အရြယ္ သမၼတ Putin က ပယ္ခ်လိုက္တာပါ။

ဗုဒၶဟူးေန႔ကေျပာတဲ့ ဖြ႔ဲစည္းပုံျပင္ဆင္ေရး အဆုိျပဳခ်က္ထဲမွာ သမၼတသက္တမ္း ကုန္ဆုံးၿပီးေနာက္ သူဟာ ဝန္ႀကီးခ်ဳပ္ ဒါမွမဟုတ္ ပါလီမန္ဥကၠ႒လို ရာထူးတခုခုနဲ႔ တုိင္းျပည္ရဲ႕ ေခါင္းေဆာင္အျဖစ္ အာဏာကို ဆက္လက္ထိန္းခ်ဳပ္သြားမလား ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ျပည္သူေတြ သတိေပးေျပာဆိုေနတာ သူနားလည္ေပမယ့္ ဆုိဗီယက္ေခတ္တုန္းကလို ေခါင္းေဆာင္ေတြက ေနာက္ထပ္ ဆက္ခံမယ့္ အစီအစဥ္မရွိဘဲ အုပ္ခ်ဳပ္ခဲ့တဲ့ ပုံစံမ်ဳိးကို သူ ျပန္မသြားလိုဘူးလို႔ သမၼတ Putin က သူ႔ဇာတိေျမ St. Petersburg ၿမဳိ႕ကို သြားေရာက္လည္ပတ္စဥ္ စေနေန႔မွာ ေျပာဆိုပါတယ္။

သမၼတ Putin က ဒီလုိ အာမခံ ေျပာဆိုေနေပမယ့္ ႏိုင္ငံေရး အကဲခတ္ေတြကေတာ့ သူ႔ေျပာစကားအေပၚ အယုံအၾကည္ မရွိၾကပါဘူး။

သမၼတ Putin ဟာ မဲအားလုံးရဲ႕ ၇၆ ရာခုိင္ႏႈန္းနဲ႔ ၂၀၁၈ မတ္လ ေရြးေကာက္ပြဲမွာ အႏိုင္ရခဲ့ၿပီး ၆ ႏွစ္ၾကာ အုပ္ခ်ဳပ္ခြင့္ရတာေၾကာင့္ ၂၀၂၄ မွာ သက္တမ္းကုန္ဆုံးမွာ ျဖစ္ပါတယ္။

------------------------------

(Unicode)

အာဏာဆက်လက်ထိန်းချုပ်ရေး စွပ်စွဲချက် သမ္မတ Putin ပယ်ချ

၂၀၂၄ ခုကျရင် သမ္မတသက်တမ်း ကုန်ဆုံးတော့မယ် ဆိုပေမယ့် အာဏာကို ဆက်လက်ထိန်းချုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ် ရုရှားသမ္မတ Vladimir Putin က ငြင်းဆိုလိုက်ပါတယ်။

ဖွဲ့စည်းပုံကို သိသာတဲ့ အပြောင်းအလဲတွေ လုပ်သွားဖို့ ဗုဒ္ဓဟူးနေ့ မိန့်ခွန်းထဲမှာ သူပြောဆိုခဲ့တာကြောင့် အာဏာကို ဆက်လက်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ လူတွေရဲ့ စွပ်စွဲချက်အပေါ် ရုရှားနိုင်ငံကို နှစ် ၂၀ လောက် အုပ်ချုပ်လာတဲ့ အသက် ၆၇ နှစ်အရွယ် သမ္မတ Putin က ပယ်ချလိုက်တာပါ။

ဗုဒ္ဓဟူးနေ့ကပြောတဲ့ ဖွ့ဲစည်းပုံပြင်ဆင်ရေး အဆိုပြုချက်ထဲမှာ သမ္မတသက်တမ်း ကုန်ဆုံးပြီးနောက် သူဟာ ဝန်ကြီးချုပ် ဒါမှမဟုတ် ပါလီမန်ဥက္ကဋ္ဌလို ရာထူးတခုခုနဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင်အဖြစ် အာဏာကို ဆက်လက်ထိန်းချုပ်သွားမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြည်သူတွေ သတိပေးပြောဆိုနေတာ သူနားလည်ပေမယ့် ဆိုဗီယက်ခေတ်တုန်းကလို ခေါင်းဆောင်တွေက နောက်ထပ် ဆက်ခံမယ့် အစီအစဉ်မရှိဘဲ အုပ်ချုပ်ခဲ့တဲ့ ပုံစံမျိုးကို သူ ပြန်မသွားလိုဘူးလို့ သမ္မတ Putin က သူ့ဇာတိမြေ St. Petersburg မြို့ကို သွားရောက်လည်ပတ်စဉ် စနေနေ့မှာ ပြောဆိုပါတယ်။

သမ္မတ Putin က ဒီလို အာမခံ ပြောဆိုနေပေမယ့် နိုင်ငံရေး အကဲခတ်တွေကတော့ သူ့ပြောစကားအပေါ် အယုံအကြည် မရှိကြပါဘူး။

သမ္မတ Putin ဟာ မဲအားလုံးရဲ့ ၇၆ ရာခိုင်နှုန်းနဲ့ ၂၀၁၈ မတ်လ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ၆ နှစ်ကြာ အုပ်ချုပ်ခွင့်ရတာကြောင့် ၂၀၂၄ မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG