သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားေပၚ ဒဏ္ခတ္အေရးယူမႈေလွ်ာ့ခ်ေရး တ႐ုတ္-႐ုရွား ပူးတြဲႀကိဳးပမ္း


ကုလသမဂၢဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Zhang Jun

(Zawgyi / Unicode)

ေျမာက္ကိုရီးယားအေပၚ ႏုိင္ငံတကာကခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈေတြ ေလ်ာ့ပါးသက္သာေစဖို႔ရည္ရြယ္ၿပီး ကုလသမဂၢ လံုျခံဳေရးေကာင္စီမွာ တ႐ုတ္-႐ုရွား ပူးတြဲတင္သြင္းတဲ့ ဆံုးျဖတ္ခ်က္မူၾကမ္းဟာ မွန္ကန္တဲ့လမ္းေၾကာင္းမွာ အခ်ိန္အခါနဲ႔ကိုက္ညီ တဲ့ လုပ္ရပ္တခုျဖစ္တယ္လုိ႔ ကုလသမဂၢဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Zhang Jun က ေသာၾကာေန႔မွာေျပာပါတယ္။

ႏ်ဴကလီးယားနဲ႔ တာေဝးပစ္ဒံုးက်ည္ စမ္းသပ္တာေတြကို ရပ္ထားခဲ့ေပမယ့္ ဒဏ္ခတ္အေရးယူမႈေတြ ဆက္ရွိေနေသးတဲ့အေပၚ မေက်မနပ္ျဖစ္ေနတဲ့ ေျမာက္ကိုရီးယားက အဲဒီစမ္းသပ္မႈေတြ ရပ္ထားတာကို ဆက္လုိက္နာဖို႔လိုတယ္လို႔ မထင္ေတာ့တဲ့ အေၾကာင္း ေၾကညာအၿပီး ရက္ပို္င္းေတြအတြင္းမွာပဲ တ႐ုတ္သံအမတ္ႀကီး အခုလိုေျပာတာပါ။

တ႐ုတ္-႐ုရွား ပူးတြဲတင္သြင္းတဲ့ ဆံုးျဖတ္ခ်က္မူၾကမ္းနဲ႔ပတ္သက္ၿပီး အရင္ကလုပ္ခဲ့တဲ့ လံုျခံဳေရးေကာင္စီအစည္းအေဝး ႏွစ္ႀကိမ္ မွာေတာ့ သေဘာတူညီခ်က္ မရခဲ့ၾကပါဘူး။ ဒါေပမယ့္ သေဘာတူညီခ်က္ ပိုရလာေအာင္ လုပ္ႏုိင္မယ္လုိ႔ ေမွ်ာ္လင့္တဲ့အေၾကာင္း သံအမတ္ႀကီး Zhang ကေျပာပါတယ္။

ဆံုးျဖတ္ခ်က္မူၾကမ္းကို မဲခြဲဆံုးျဖတ္ဖို႔ လံုျခံဳေရးေကာင္စီအစည္းအေဝး ဘယ္ေတာ့လုပ္မလဲဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ သံအမတ္ႀကီး Zhang က ဆက္ၿပီး ညႇိႏိႈင္းေနဆဲလို႔ပဲ ေျပာသြားပါတယ္။

လံုၿခံဳေရးေကာင္စီအဖြဲ႔ဝင္ႏုိင္ငံေတြကို ဒီဇင္ဘာလ ၁၇ ရက္ေန႔က ျဖန္႔ေဝထားတဲ့ တ႐ုတ္-႐ုရွား ပူးတြဲတင္သြင္းတဲ့ ဆံုးျဖတ္ခ်က္ မူၾကမ္းမွာ ၂၀၁၇ ခုႏွစ္က သေဘာတူခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈ အမ်ားအျပားကို ႐ုပ္သိမ္းဖုိ႔ ပါရွိပါတယ။္ အဲဒီထဲမွာ ေျမာက္ကိုရီးယားထုတ္ အဝတ္အထည္နဲ႔ ပင္လယ္စာ ထုတ္ကုန္ေတြကို ပိတ္ပင္ထားတာ ႐ုပ္သိမ္းေပးဖို႔လည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မြောက်ကိုရီးယားပေါ် ဒဏ်ခတ်အရေးယူမှုလျှော့ချရေး တရုတ်-ရုရှား ပူးတွဲကြိုးပမ်း
(Unicode)

မြောက်ကိုရီးယားအပေါ် နိုင်ငံတကာကချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျော့ပါးသက်သာစေဖို့ရည်ရွယ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်-ရုရှား ပူးတွဲတင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းဟာ မှန်ကန်တဲ့လမ်းကြောင်းမှာ အချိန်အခါနဲ့ကိုက်ညီ တဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun က သောကြာနေ့မှာပြောပါတယ်။

နျူကလီးယားနဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်တာတွေကို ရပ်ထားခဲ့ပေမယ့် ဒဏ်ခတ်အရေးယူမှုတွေ ဆက်ရှိနေသေးတဲ့အပေါ် မကျေမနပ်ဖြစ်နေတဲ့ မြောက်ကိုရီးယားက အဲဒီစမ်းသပ်မှုတွေ ရပ်ထားတာကို ဆက်လိုက်နာဖို့လိုတယ်လို့ မထင်တော့တဲ့ အကြောင်း ကြေညာအပြီး ရက်ပိုင်းတွေအတွင်းမှာပဲ တရုတ်သံအမတ်ကြီး အခုလိုပြောတာပါ။

တရုတ်-ရုရှား ပူးတွဲတင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းနဲ့ပတ်သက်ပြီး အရင်ကလုပ်ခဲ့တဲ့ လုံခြုံရေးကောင်စီအစည်းအဝေး နှစ်ကြိမ် မှာတော့ သဘောတူညီချက် မရခဲ့ကြပါဘူး။ ဒါပေမယ့် သဘောတူညီချက် ပိုရလာအောင် လုပ်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း သံအမတ်ကြီး Zhang ကပြောပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ဖို့ လုံခြုံရေးကောင်စီအစည်းအဝေး ဘယ်တော့လုပ်မလဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ သံအမတ်ကြီး Zhang က ဆက်ပြီး ညှိနှိုင်းနေဆဲလို့ပဲ ပြောသွားပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ဖြန့်ဝေထားတဲ့ တရုတ်-ရုရှား ပူးတွဲတင်သွင်းတဲ့ ဆုံးဖြတ်ချက် မူကြမ်းမှာ ၂၀၁၇ ခုနှစ်က သဘောတူချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှု အများအပြားကို ရုပ်သိမ်းဖို့ ပါရှိပါတယ။် အဲဒီထဲမှာ မြောက်ကိုရီးယားထုတ် အဝတ်အထည်နဲ့ ပင်လယ်စာ ထုတ်ကုန်တွေကို ပိတ်ပင်ထားတာ ရုပ်သိမ်းပေးဖို့လည်း ပါဝင်ပါတယ်။

XS
SM
MD
LG