သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ၾကားက မြတ္ဆလင္ေတြရဲ႕ Ramadan ဥပုဒ္လ


(Zawgyi/Unicode)

မြတ္စလင္ေတြရဲ႕ တလၾကာ Ramadan ဥပုသ္ကာလဟာ မတ္လ ၂၃ ရက္ စေနေန႔မွာ ကုန္ဆံုးေတာ့မွာ ျဖစ္ၿပီး ကိုရုိနာဗုိင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ၂ လနီးပါး အသြားအလာ ကန္႔သတ္ထားရာကေန ျပန္ဖြင့္ေပးလိုက္တဲ့ ပါကစၥတန္ ႏုိင္ငံမွာေတာ့ ဥပုသ္ထြက္တဲ့ Eid al-Fitr အစ္ေန႔ မတိုင္ခင္ ေစ်းဝယ္ထြက္သူေတြနဲ႔ စည္ကားေနပါတယ္။

ဒါေပမဲ့ ကပ္ေရာဂါ မျပန္႔ပြားေအာင္ မ်က္ႏွာဖံုးတပ္တာ၊ ခပ္ခြာခြာေနတာနဲ႔ ကိုယ့္ကိုယ္ကို ကာကြယ္ၾကဖို႔ သတိေပးထားတာေတြကိုေတာ့ ေနရာ အေတာ္မ်ားမ်ားမွာ မလိုက္နာၾကပါဘူး။

ကိုရိုနာဗိုင္းရပ္စပ္ ကပ္ေရာဂါကူးစက္မႈကို စိုးရိမ္ေနၾကရတဲ့ ဒီႏွစ္ မြတ္စလင္ေတြရဲ့ အားလပ္ရက္ အစ္ပြဲေတာ္ဟာ မိသားစု ေဆြမ်ိဳးမိတ္သဂၤဟ ေတြနဲ႔ စားၾကေသာက္ၾက ေပ်ာ္ေပ်ာ္ပါးပါးႀကီး ဆင္ႏြဲေလ့ရွိၾကတဲ့ ခါတိုင္းႏွစ္ေတြနဲ႔ မတူပါဘူး။

ပါကစၥတန္မွာ ေစ်းေတြ ဆိုင္တန္းေတြနဲ႔ အခုလို စည္ကားေနေပမယ့္ တျခားမြတ္စလင္ အမ်ားစုရွိတဲ့ ႏုိင္ငံေတြမွာေတာ့ အခုခ်ိန္အထိ ေစ်းဆိုင္ေတြ ပိတ္ထားဆဲပါ။

အီဂ်စ္မွာ ေစ်းဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြ၊ ပန္းၿခံေတြနဲ႔ အပမ္းေျဖ ကမ္းေျခေတြ ပိတ္ထားဆဲ ျဖစ္ၿပီး အင္ဒိုနီးရွားနဲ႔ မြတ္စလင္ အမ်ားစု ေနထုိင္ရာ တျခား ႏိုင္ငံေတြမွာလည္း အစ္ေန႔အတြက္ အထူးစုေဝး ဆုေတာင္းမႈေတြ ကိုေတာ့ ပိတ္ပင္ထားဆဲျဖစ္ပါတယ္။

ဒါေပမဲ့ အင္ဒိုနီးရွား ႏုိင္ငံ Aceh ျပည္နယ္မွာေတာ့ လူစုလူေဝးနဲ႔ အစ္ေန႔ ဆုေတာင္းပြဲေတြကို ဗလီဝတ္ေက်ာင္းထဲမွာေရာ အျပင္ဘက္မွာပါ လူခ်င္း ခပ္ခြာခြာေနၿပီး က်င္းပေနၾကပါတယ္။

အစၥလာမ္ဘာသာ စတင္ရာ ေဆာ္ဒီအာေရဗ် ႏိုင္ငံမွာေတာ့ အိမ္မွာပဲ ဝတ္ျပဳ ဆုေတာင္းၾကဖို႔ အစိုးရကေရာ တရားေဟာဆရာေတြကပါ တိုက္တြန္းေနတာပါ။ ဒါ့အျပင္ အစ္ေန႔စတင္တဲ့ စေနေန႔ကေန ဗုဒၶဟူးေန႔ အထိ တေန႔ကို ၂၄ နာရီလံုး အျပင္မထြက္ရ ကာဖ်ဴး ထုတ္ျပန္ထားပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ ျပန္႔ပြားမႈ မ်ားတဲ့ အီရန္နဲ႔ တခ်ိဳ႕ ႏိုင္ငံေတြမွာေတာ့ အစ္ေန႔ ဆုေတာင္းသူေတြကို ခြင့္ျပဳေပမယ့္ လူခ်င္းခပ္ခြာခြာေနရမယ့္ စည္းကမ္းကိုေတာ့ သတ္မွတ္ ထားတာပါ။

ကုိဗစ္ၾကားက မြတ္ဆလင္ေတြရဲ႕ Ramadan ဥပုဒ္လ
please wait

No media source currently available

0:00 0:01:14 0:00
တိုက္႐ိုက္ လင့္ခ္


ကိုဗစ်ကြားက မွတ်ဆလင်တွေရဲ့ Ramadan ဥပုဒ်လ
(Unicode)

မွတ်စလင်တွေရဲ့ တလကြာ Ramadan ဥပုသ်လဟာ မတ်လ ၂၃ ရက် စနေနေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂ လနီးပါး အသွားအလာ ကန့်သတ်ထားရာကနေ ပြန်ဖွင့်ပေးလိုက်တဲ့ ပါကစ္စတန် နိုင်ငံမှာတော့ ဥပုသ်ထွက်တဲ့ Eid al-Fitr အစ်နေ့ မတိုင်ခင် ဈေးဝယ်ထွက်သူတွေနဲ့ စည်ကားနေပါတယ်။

ဒါပေမဲ့ ကပ်ရောဂါ မပြန့်ပွားအောင် မျက်နှာဖုံးတပ်တာ၊ ခပ်ခွာခွာနေတာနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ကြဖို့ သတိပေးထားတာတွေကိုတော့ နေရာ အတော်များများမှာ မလိုက်နာကြပါဘူး။

ကိုရိုနာဗိုင်းရပ်စပ် ကပ်ရောဂါကူးစက်မှုကို စိုးရိမ်နေကြရတဲ့ ဒီနှစ် မွတ်စလင်တွေရဲ့ အားလပ်ရက် အစ်ပွဲတော်ဟာ မိသားစု ဆွေမျိုးမိတ်သင်္ဂဟ တွေနဲ့ စားကြသောက်ကြ ပျော်ပျော်ပါးပါးကြီး ဆင်နွဲလေ့ရှိကြတဲ့ ခါတိုင်းနှစ်တွေနဲ့ မတူပါဘူး။

ပါကစ္စတန်မှာ ဈေးတွေ ဆိုင်တန်းတွေနဲ့ အခုလို စည်ကားနေပေမယ့် တခြားမွတ်စလင် အများစုရှိတဲ့ နိုင်ငံတွေမှာတော့ အခုချိန်အထိ ဈေးဆိုင်တွေ ပိတ်ထားဆဲပါ။

အီဂျစ်မှာ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ပန်းခြံတွေနဲ့ အပမ်းဖြေ ကမ်းခြေတွေ ပိတ်ထားဆဲ ဖြစ်ပြီး အင်ဒိုနီးရှားနဲ့ မွတ်စလင် အများစု နေထိုင်ရာ တခြား နိုင်ငံတွေမှာလည်း အစ်နေ့အတွက် အထူးစုဝေး ဆုတောင်းမှုတွေ ကိုတော့ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

ဒါပေမဲ့ အင်ဒိုနီးရှား နိုင်ငံ . Aceh ပြည်နယ်မှာတော့ လူစုလူဝေးနဲ့ အစ်နေ့ ဆုတောင်းပွဲတွေကို ဗလီဝတ်ကျောင်းထဲမှာရော အပြင်ဘက်မှာပါ လူချင်း ခပ်ခွာခွာနေပြီး ကျင်းပနေကြပါတယ်။

အစ္စလာမ်ဘာသာ စတင်ရာ ဆော်ဒီအာရေဗျ နိုင်ငံမှာတော့ အိမ်မှာပဲ ဝတ်ပြု ဆုတောင်းကြဖို့ အစိုးရကရော တရားဟောဆရာတွေကပါ တိုက်တွန်းနေတာပါ။ ဒါ့အပြင် အစ်နေ့စတင်တဲ့ စနေနေ့ကနေ ဗုဒ္ဓဟူးနေ့ အထိ တနေ့ကို ၂၄ နာရီလုံး အပြင်မထွက်ရ ကာဖျူး ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပြန့်ပွားမှု များတဲ့ အီရန်နဲ့ တချို့ နိုင်ငံတွေမှာတော့ အစ်နေ့ ဆုတောင်းသူတွေကို ခွင့်ပြုပေမယ့် လူချင်းခပ်ခွာခွာနေရမယ့် စည်းကမ်းကိုတော့ သတ်မှတ် ထားတာပါ။

XS
SM
MD
LG