သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှမှာ အင်ဒိုနီးရှား COVID-19 ကူးစက်မှု အများဆုံးဖြစ်လာ


(Zawgyi/Unicode)

အင်ဒိုနီးရှားနိုင်ငံမှာ သောကြာနေ့တရက်ထဲမှာပဲ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူအသစ်၄၀၇ ဦးရှိတဲ့ အတွက် ရောဂါကူးစက် ခံရသူ ပေါင်း ၅၉၀၀ ကျော်အထိ ရှိသွားခဲ့ပါပြီ။ ဒါဟာ အရှေ့တောင်အာရှ ဒေသမှာ ရောဂါကူးစက်ခံရမှု အများဆုံး ဖြစ်နေတဲ့ ဖိလစ် ပိုင်နိုင်ငံထက် အရေအတွက် ကျော်လွန်သွားခဲ့တာပါ။

ဇူလိုင်လအထိ လူပေါင်း ၁ သိန်း ၆ထောင် လောက်ကို ကူးစက်နိုင်တယ် လို့ အင်ဒိုနီးရှား တာဝန်ရှိသူတစ်ယောက်က သတိပေးကြေညာချက်ထုတ်ပြန်ပြီး နောက်တရက်မှာပဲ ရောဂါ ကူးစက်ခံရသူ အရေအတွက် အခုလို ထပ်တိုးလာတာပါ။ အခုလို ရောဂါ ကူးစက်ပျံ့နှံ့ရတာဟာ ရောဂါပိုးရှိ မရှိစစ်ဆေးနိုင်တဲ့ အခြေအနေ နည်းပါးတာကြောင့်လို့ ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ Achmad Yurianto ကတော့ ပိုးရှိ မရှိ စစ်ဆေးမှုတွေ ထပ်တိုးလုပ်ဆောင်သွားမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ပတ်တွင်း လူ ၄၂, ၀၀၀ ကို စစ်ဆေး ပေးခဲ့တယ်လို့ သောကြာနေ့က ပြောပါတယ်။ နိုင်ငံတွင်း ကူးစက်မှုတွေ ဆက်လက် ဖြစ်ပွားနေသလို သေဆုံးသူ ၅၂၀ လောက် ရှိလာတဲ့အတွက် ဒါဟာ အရှေ့ အာရှမှာ တရုတ်နိုင်ငံပြီးရင် အများဆုံးဖြစ်နေတယ် လို့ Yurianto က ပြောပါတယ်။

လာမယ့် Ramadan ဥပုသ်ကာလ အပြီး မိဘနေရပ်ပြန် အင်ဒိုနီးရှားပြည်သူတွေ အသွားအလာ များလာမှာ ကြောင့် ရောဂါကူးစက် ခံရသူ အရေအတွက် ပိုများလာနိုင်တယ်လို့ ကျန်းမာရေး သုတေသီတွေက ပြောပါတယ်။

သမ္မတ Joko Widodo ကတော့ အဲဒီကာလ အသွားအလာ လုံးဝ ပိတ်ပင်ရေးကို ငြင်းဆိုနေဆဲ ဖြစ်ပါတယ်၊ ဇူလိုင်လရောက်ရင် လူနေထူထပ်တဲ့ဂျာဗားကျွန်းမှာ ကူးစက်သူ ၁ သန်းလောက်ရှိလာနိုင်ကြောင်း အင်ဒိုနီးရှား တက္ကသိုလ် က သုတေသနပညာရှင်တွေက ခန့်မှန်းနေကြတယ် လို့လည်း ရိုက်တာ သတင်းဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

.................


(Unicode)






XS
SM
MD
LG