သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Memorial Day အားလပ္ရက္ COVID-19 အႏၲရာယ္ သတိေပးထား


နယူးေယာက္ရွိ Domino ပန္းၿခံအတြင္း အနားယူေနသူမ်ားအား ေစာင့္ၾကည့္ေနသည့္ ရဲတပ္ဖြဲ႔ဝင္တဦး။ (ေမ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ အခု တနလၤာေန႔ ေမလ ၂၅ ရက္ေန႔မွာ က်ေရာက္မယ့့္ Memorial Day ေအာင္ေမ့ဖြယ္ေန႔နဲ႔ ေပါင္းၿပီး ဒီသီတင္းပတ္ကုန္ရက္ေတြမွာ လူေတြ သန္းနဲ႔ခ်ီ အျပင္သြားၾကမယ္လို႔ ခန္႔မွန္းရတာေၾကာင့္ ကုိ႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ျပန္ျမင့္လာမွာကို က်န္းမာေရးအရာရွိေတြ စိုးရိမ္ေနၾကပါတယ္။

ပံုမွန္ဆို ေအာက္ေမ့ဖြယ္ေန႔က ေႏြရာသီရဲ႕အစလို႔ သတ္မွတ္ၿပီး ပင္လယ္ကမ္းေျခကို သြားၾကတာ၊ အေပါင္းအသင္းေတြနဲ႔ ၿခံထဲမွာ အသားကင္စားၾကတာ၊ မိသားစုေတြ ေပ်ာ္ပြဲစားထြက္ၾကတာေတြ လုပ္ၾကတာပါ။

ဒီလို လူေတြစုၿပီး သြားလာတတ္ၾကတဲ့ အားလပ္ရက္ျဖစ္ေပမယ့္ ဗိုင္းရပ္စ္ပိုးက အနားယူမွာ မဟုတ္ဘူးလို႔ တာဝန္ရွိသူေတြ သတိေပးပါတယ္။

ဒါေၾကာင့္ လူေတြ အိမ္မွာပဲေနၾကဖို႔၊ လူမ်ားမ်ားရွိမယ့္ေနရာကို ေရွာင္ဖို႔၊ မိသားစု မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ ဖုန္းတို႔၊ အြန္လုိင္းဗီြဒီယိုတို႔ကေနၿပီးပဲ အဆက္အသြယ္လုပ္ဖို႔ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန (CDC) က သတိေပးပါတယ္။

တကယ္လို႔ အျပင္သြားၾကမယ္ဆိုရင္လည္း လူတဦးနဲ႔တဦး ခြာၿပီးေနဖို႔၊ ႏွာေခါင္းစည္းေတြ လက္အိတ္ေတြ ဝတ္ၾကဖို႔နဲ႔ အစားအစာနဲ႔ အရည္တို႔ကို တပန္းကန္တည္း တခြက္တည္းကေန ယူမစားၾကဖို႔ ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ေရာဂါ ျဖစ္ပြားမႈက က်ဆင္းေနတယ္ဆိုေပမယ့္ ေနေကာင္းေနတယ္လို႔ ထင္ရတဲ့သူေတြ အမ်ားအျပားမွာ ေရာဂါပိုး ရွိေနတာေၾကာင့္ ေရာဂါမကူးစက္ေအာင္ ကာကြယ္မႈက အေရးႀကီးေၾကာင္း အိမ္ျဖဴေတာ္ရဲ႕ ကို္႐ုိနာပိုး တုံ႔ျပန္ကိုင္တြယ္ေရးအဖြဲ႔က Dr. Deborah Birx က ေျပာပါတယ္။

Memorial Day အားလပ္ရက္ COVID-19 အႏၲရာယ္ သတိေပးထား
please wait

No media source currently available

0:00 0:01:22 0:00
တိုက္႐ိုက္ လင့္ခ္

------------------------------------

(Unicode)

Memorial Day အားလပ်ရက် COVID-19 အန္တရာယ် သတိပေးထား

အမေရိကန်ပြည်ထောင်စုမှာ အခု တနင်္လာနေ့ မေလ ၂၅ ရက်နေ့မှာ ကျရောက်မယ့် Memorial Day အောင်မေ့ဖွယ်နေ့နဲ့ ပေါင်းပြီး ဒီသီတင်းပတ်ကုန်ရက်တွေမှာ လူတွေ သန်းနဲ့ချီ အပြင်သွားကြမယ်လို့ ခန့်မှန်းရတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်မြင့်လာမှာကို ကျန်းမာရေးအရာရှိတွေ စိုးရိမ်နေကြပါတယ်။

ပုံမှန်ဆို အောက်မေ့ဖွယ်နေ့က နွေရာသီရဲ့အစလို့ သတ်မှတ်ပြီး ပင်လယ်ကမ်းခြေကို သွားကြတာ၊ အပေါင်းအသင်းတွေနဲ့ ခြံထဲမှာ အသားကင်စားကြတာ၊ မိသားစုတွေ ပျော်ပွဲစားထွက်ကြတာတွေ လုပ်ကြတာပါ။

ဒီလို လူတွေစုပြီး သွားလာတတ်ကြတဲ့ အားလပ်ရက်ဖြစ်ပေမယ့် ဗိုင်းရပ်စ်ပိုးက အနားယူမှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေ သတိပေးပါတယ်။

ဒါကြောင့် လူတွေ အိမ်မှာပဲနေကြဖို့၊ လူများများရှိမယ့်နေရာကို ရှောင်ဖို့၊ မိသားစု မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဖုန်းတို့၊ အွန်လိုင်းဗွီဒီယိုတို့ကနေပြီးပဲ အဆက်အသွယ်လုပ်ဖို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) က သတိပေးပါတယ်။

တကယ်လို့ အပြင်သွားကြမယ်ဆိုရင်လည်း လူတဦးနဲ့တဦး ခွာပြီးနေဖို့၊ နှာခေါင်းစည်းတွေ လက်အိတ်တွေ ဝတ်ကြဖို့နဲ့ အစားအစာနဲ့ အရည်တို့ကို တပန်းကန်တည်း တခွက်တည်းကနေ ယူမစားကြဖို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုက ကျဆင်းနေတယ်ဆိုပေမယ့် နေကောင်းနေတယ်လို့ ထင်ရတဲ့သူတွေ အများအပြားမှာ ရောဂါပိုး ရှိနေတာကြောင့် ရောဂါမကူးစက်အောင် ကာကွယ်မှုက အရေးကြီးကြောင်း အိမ်ဖြူတော်ရဲ့ ကိုရိုနာပိုး တုံ့ပြန်ကိုင်တွယ်ရေးအဖွဲ့က Dr. Deborah Birx က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG