Zawgyi/Unicode
COVID-19 ကပ္ေရာဂါေၾကာင့္ မတ္လကစၿပီး နိုင္ငံအသီးသီးမွာ အသြားအလာေတြ ကန္႔သတ္ ထားတာေၾကာင့္ ဧၿပီအေစာပိုင္းထိ ေန႔စဥ္အတိုင္းအတာနဲ႔ ဖန္လုံအိမ္ဓါတ္ေငြ႕ထုတ္လႊတ္မႈ ၁၇ ရာခိုင္ႏႈန္းက်ဆင္းသြားခဲ့တယ္လို႔ သိပၸံေလ့လာခ်က္စာတမ္း တစ္ေစာင္က အစီရင္ခံထားပါတယ္။
ဒါေပမဲ့ အသြားအလာေတြနဲ႔ စီးပြါးေရးလုပ္ငန္းေတြ ျပန္ဖြင့္ဖို႔ ျပင္ဆင္ေနၾကၿပီျဖစ္လို႔ ဒါဟာ ယာယီအခိုက္ အတန္႔သာ ျဖစ္လိမ့္မယ္လို႔ အဂၤါေန႔ထုတ္ NATURE CLIMATE CHANGE သိပၸံဂ်ာနယ္ မဂၢဇင္းမွာ ေဖာ္ျပထားတဲ့ အဲဒီစာတမ္းကို ေရးသားသူေတြက ေျပာပါတယ္။
COVID-19 ကပ္ေရာဂါ မတိုင္ခင္ႏွစ္ေတြတုန္းက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ CO2 ဓါတ္ေငြ႕ထုတ္လႊတ္မႈ ႏွစ္စဥ္ ၁ ရာခိုင္ႏႈန္းေလာက္ ျမင့္တက္ေနတာျဖစ္ေၾကာင္း ဒီေလ့လာဆန္းစစ္ခ်က္မွာ ေဖာ္ျပပါတယ္။
ကပ္ေရာဂါေၾကာင့္အသြားအလာကန္႔သတ္တားျမစ္မႈေတြက စက္႐ုံ၊အလုပ္႐ုံေတြနဲ႔ ယာဥ္အသြားအလာေတြကို ေလၽွာ့ခ်လိုက္သလို လၽွပ္စစ္ဓါတ္အား အသုံးျပဳမႈေတြလည္း ေလ်ာ့က်သြားတယ္လို႔ သုေတသနပညာရွင္ေတြက ေျပာပါတယ္။ စက္႐ုံ၊အလုပ္႐ုံေတြနဲ႔ လမ္းပန္းဆက္သြယ္ေရး က႑ေတြက ေန႔စဥ္ CO2 ထုတ္လႊတ္တဲ့ ပမာဏ ၈၆ ရာခိုင္ႏႈန္းေလာက္ ရွိေနတာပါ။
ကမၻာတလႊား စီးပြါးေရးလုပ္ငန္းေတြ ပုံမွန္ျပန္လည္ပတ္ရင္ေတာင္ အရင္ႏွစ္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ ၂၀၂၀ ျပည့္ႏွစ္ ဖန္လုံအိမ္ဓါတ္ေငြ႔ထုတ္လႊတ္မႈ ၄ရာခိုင္ႏႈန္းကေန ၇ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားဖို႔ အလားအလာ ရွိတယ္လို႔ ေလ့လာခ်က္စာတမ္းက ေျပာပါတယ္။ ဒါဟာလည္း COVID-19 အလြန္ လူေတြ ေန႔စဥ္ပုံမွန္ဘဝေတြကို ဘယ္ေလာက္အခ်ိန္ အတိုင္းအတာနဲ႔ ျမန္ျမန္ျပန္စမလဲဆိုတာ အေပၚ မူတည္ေနတယ္လို႔လည္း ေလ့လာခ်က္စာတမ္းမွာ ေဖာ္ျပထားပါတယ္။
ကပ္ေရာဂါအၿပီး ခ်မွတ္မယ့္ အစိုးရေတြရဲ့ မူဝါဒေတြကလည္း ေနာက္ဆယ္စုႏွစ္အတြင္း ကာဗြန္ဒိုင္ေအာက္ဆိုင္ ဓါတ္ေငြ႔ထုတ္လႊတ္မႈ ပမာဏ အတိုင္းအတာအေပၚ ဩဇာ သက္ေရာက္မႈ ရွိလိမ့္မယ္လို႔လည္း သိပၸံပညာရွင္ေတြက ေျပာပါတယ္။
[Unicode]
COVID-19 ကပ်ရောဂါကြောင့် မတ်လကစပြီး နိုင်ငံအသီးသီးမှာ အသွားအလာတွေ ကန့်သတ် ထားတာကြောင့် ဧပြီအစောပိုင်းထိ နေ့စဉ်အတိုင်းအတာနဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု ၁၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့တယ်လို့ သိပ္ပံလေ့လာချက်စာတမ်း တစ်စောင်က အစီရင်ခံထားပါတယ်။
ဒါပေမဲ့ အသွားအလာတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ ပြင်ဆင်နေကြပြီဖြစ်လို့ ဒါဟာ ယာယီအခိုက် အတန့်သာ ဖြစ်လိမ့်မယ်လို့ အင်္ဂါနေ့ထုတ် NATURE CLIMATE CHANGE သိပ္ပံဂျာနယ် မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ အဲဒီစာတမ်းကို ရေးသားသူတွေက ပြောပါတယ်။
COVID-19 ကပ်ရောဂါ မတိုင်ခင်နှစ်တွေတုန်းက ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ဓါတ်ငွေ့ထုတ်လွှတ်မှု နှစ်စဉ် ၁ ရာခိုင်နှုန်းလောက် မြင့်တက်နေတာဖြစ်ကြောင်း ဒီလေ့လာဆန်းစစ်ချက်မှာ ဖော်ပြပါတယ်။
ကပ်ရောဂါကြောင့်အသွားအလာကန့်သတ်တားမြစ်မှုတွေက စက်ရုံ၊အလုပ်ရုံတွေနဲ့ ယာဉ်အသွားအလာတွေကို လျှော့ချလိုက်သလို လျှပ်စစ်ဓါတ်အား အသုံးပြုမှုတွေလည်း လျော့ကျသွားတယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။ စက်ရုံ၊အလုပ်ရုံတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွေက နေ့စဉ် CO2 ထုတ်လွှတ်တဲ့ ပမာဏ ၈၆ ရာခိုင်နှုန်းလောက် ရှိနေတာပါ။
ကမ္ဘာတလွှား စီးပွါးရေးလုပ်ငန်းတွေ ပုံမှန်ပြန်လည်ပတ်ရင်တောင် အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ၂၀၂၀ ပြည့်နှစ် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု ၄ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖို့ အလားအလာ ရှိတယ်လို့ လေ့လာချက်စာတမ်းက ပြောပါတယ်။ ဒါဟာလည်း COVID-19 အလွန် လူတွေ နေ့စဉ်ပုံမှန်ဘဝတွေကို ဘယ်လောက်အချိန် အတိုင်းအတာနဲ့ မြန်မြန်ပြန်စမလဲဆိုတာ အပေါ် မူတည်နေတယ်လို့လည်း လေ့လာချက်စာတမ်းမှာ ဖော်ပြထားပါတယ်။
ကပ်ရောဂါအပြီး ချမှတ်မယ့် အစိုးရတွေရဲ့ မူဝါဒတွေကလည်း နောက်ဆယ်စုနှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုင် ဓါတ်ငွေ့ထုတ်လွှတ်မှု ပမာဏ အတိုင်းအတာအပေါ် ဩဇာ သက်ရောက်မှု ရှိလိမ့်မယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။