သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေထုညစ်နွမ်းမှုကြောင့် နှစ်စဉ် အိန္ဒိယ ကလေးငယ် ၁ သိန်းသေဆုံး


အိန္ဒိယ နိုင်ငံမှာ လေထုညစ်ညမ်းမူကြောင့် နှစ်စဉ် (၅) နှစ်အောက် ကလေးပါင်း (၁) သိန်း သေဆုံးနေရတယ်လို့ လေ့လာမူ တစ်ခုမှာ တွေ့ရှိလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အတွက် မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီးအိန္ဒိယ အနေနဲ့ ပတ်ဝန်းကျင် ပျက်စီးမူတွေ အတွက် ဖြေရှင်းပေးဖို့ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ်လို့ ထောက်ပြလိုက်ပါတယ်။

မနှစ်တုန်း ကလည်း ကုလသမဂ္ဂ အစီရင်ခံစာ တစ်ခုထဲမှာ ကမ္ဘာပေါ်က လေထုအညစ်ညမ်းဆုံး မြို.ကြီး (၁၅) မြို.ထဲမှာ အန္ဒိယက (၁၄) မြို့ ပါဝင်နေတယ်လို့ တွေ့ရှိခဲ့ပါသေးတယ်။

ကမ္ဘာတစ်ခုလုံးမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေအတွက် အရေးယူ လုပ်ဆောင်ပေးဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေချိန်မှာ ပြီးခဲ့ အိန္ဒိယ ရွေးကောက်ပွဲ အတွင်းမှာတော့ နိုင်ငံရေးသမားတွေ အနေနဲ့ ဒီပြဿနာကို ဘေးချိတ်ထားခဲ့ကြပါတယ်။

အိန္ဒိယ အစိုးရရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အစီရင်ခံစာထဲမှာလည်း တနိုင်ငံလုံးသေဆုံးရမှုရဲ့ ၁၂ ဒသမ ၃ ရာခိုင်နှုန်းက လေထူညစ်ညမ်းမှုကြောင့် ဖြစ်တယ်လို့ ဖော်ပြထားတာကြောင့် အစိုးရ အဆက်ဆက် အနေနဲ့ အလေးထား မဖြေရှင်းတာကို ပြသနေပါတယ်။ CSE လို့ အတိုကောက် ခေါ်တဲ့ အိန္ဒိယ သိပ္ပံနဲ့ ပတ်ဝန်းကျင် ဆိုင်ရာဌာနက ပြုစုတဲ့ အခု နောက်ဆုံး အစီရင်ခံစာအရ အိန္ဒိယ ရေထုရဲ့ ၈၆ ရာခိုင်နှုန်း ဟာလည်း ဆိုးဆိုးဝါးဝါးကို ညစ်ညမ်းနေတယ်လို့ တွေ့ရှိထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG