သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ လေထုအညစ်ညမ်းဆုံးမြို့ ၃၀ အနက် အိန္ဒိယ ၂၂ မြို့ပါဝင်


အိန္ဒိယ နိုင်ငံ New Delhi အတွင်း လေထုညစ်ညမ်းနေစဉ်
အိန္ဒိယ နိုင်ငံ New Delhi အတွင်း လေထုညစ်ညမ်းနေစဉ်

ကမ္ဘာပေါ်က လေထု ညစ်ညမ်းမှု အဆိုးရွားဆုံး မြို့ ၃၀ ထဲက ၂၂ မြို့က အိန္ဒိယ နိုင်ငံက ဖြစ်တယ်လို့ နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့ ၂ ခုက ပြောဆိုလိုက်ပါတယ်။

၂၀၁၈ ခုနှစ် အတွင်း ကမ္ဘာပေါ်မှာ လေထု အညစ်ညမ်းဆုံး မြို့တော်တွေထဲမှာ အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့တော်က ထိပ်ဆုံးမှာ ရှိတယ်လို့လည်း Greenpeace နဲ့ ဆွစ်အခြေစိုက် IQ AirVisual တို့ရဲ့ လေ့လာချက်က ဖော်ပြပါတယ်။ မြို့ပေါင်း ၃ ထောင်ရဲ့ လေထုညစ်ညမ်းမှုကို တိုင်းတာခဲ့တဲ့ AirVisual ရဲ့ အစီရင်ခံစာထဲမှာတော့ လေထုညစ်ညမ်းမှုကြောင့် နောက်နှစ် အတွင်း ကမ္ဘာတလွှား လူပေါင်း ၇ သန်းတို့ဟာ အရွယ်မတိုင်မီ သေဆုံးစေနိုင်ပြီး စီးပွားရေး အပေါ်မှာလည်း ရိုက်ခတ်မှုကြီး ရှိလာမယ်လို့ ဖော်ပြထားပါတယ်။

တောင်အာရှနဲ့ တရုတ်တို့မှာ အဆိုးရွားဆုံး ရိုက်ခတ်ခံရတယ် ဆိုပေမယ့် လေထုညစ်ညမ်းမှုက ကမ္ဘာတလွှားနဲ့ သက်ဆိုင်တဲ့ ပြဿနာ တရပ် ဖြစ်တယ်လို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။ လေထု ညစ်ညမ်းမှု အဆိုးဆုံး မြို့ ၁၀၀ကို အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အထဲမှာတော့ အိန္ဒိယ နိုင်ငံ Gurugram က အဆိုးရွားဆုံး နံပတ် ၁ ရထားပါတယ်။

အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ့်၊ အာဖဂန်နစ္စတန်၊ မွန်ဂိုလီးယား၊ ကူဝိတ်၊ ဘော့စနီးယား ဟာဇီဂိုဘီးနား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ နီပေါလ်တို့က မြို့တချို့ကို လေထု အညစ်ညမ်းဆုံး အဖြစ် ဖော်ပြထားပါတယ်။ အိန္ဒိယ နိုင်ငံ မြို့တော် နယူးဒေလီမှာ ပျမ်းမျှ လေထု ညစ်ညမ်းမှု အညွန်းကိန်း ၂ ဒသမ ၅ လောက် ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ နှစ် အတွင်း လေထုညစ်ညမ်းမှု အညွှန်းကိန်း ၁၁၃ ဒသမ ၅ အထိ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းထက် ၂ ဆကျော် မြင့်နေတာ ဖြစ်တယ်လို့ Greenpeace နဲ့ AirVisual တို့ရဲ့ လေ့လာချက်မှာ တွေ့ရှိထားပါတယ်။

နယူးဒေလီမြို့တော်မှာ လေထု ညဏ်ညမ်းရတာက စက်တပ်ယာဉ်တွေ၊ စက်ရုံတွေက ဓာတ်ငွေ့ထုတ်လွှတ်မှု၊ အမှိုက်တွေ နောက် တောင်ယာမီးရှို့မှုတွေက မီးခိုးတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေက အမှုန်တွေကြောင့် ဖြစ်ရတာလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG